- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဒုတိယမြောက် BYD Prime ကားအရောင်းပြခန်းသစ်ကို ဖွင့်လှစ်
ဒုတိယမြောက် BYD Prime ကားအရောင်းပြခန်းသစ်ကို ဖွင့်လှစ်
- 607 views
ရန်ကုန်မြို့တွင် ဒုတိယမြောက် BYD EV ကားအရောင်းပြခန်းသစ်ကို ရန်ကင်းမြို့နယ်ရှိ စင်ထရယ်တာဝါ တွင် ဖွင့်လှစ်ရောင်းချနေပြီဖြစ်ကြောင်း Prime Automotive Myanmar ကုမ္ပဏီ၏ CEO ကိုသူရကျော်စွာက ပြောသည်။
BYD EV ကားများကို မြန်မာပြည်ဆိုင်ရာ တရားဝင်ကိုယ်စားလှယ် အဖြစ် Prime Automotive Myanmar က တင်သွင်းရောင်းချနေခြင်းဖြစ်ပြီး ပြည်လမ်းရှိ ကားအရောင်းပြခန်းနှင့် ရန်ကုန်မြို့၏အချက်အချာကျသော The Central ၌ ထပ်မံ အရောင်းပြခန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။
“ Prime Automotive Myanmar က BYD EV ကားတွေရဲ့တရားဝင်ကိုယ်စားလှယ်ဖြစ်တာကြောင့် ကားဝယ်ယူပြီးနောက်ပိုင်း ဝန်ဆောင်မှုတွေ အပြင် BYD EV ကားတွေရဲ့တရားဝင်အာမခံကိုလည်း ပေးအပ်သွားမှာပါ။ ဈေးကွက်ထဲမှာ BYD EV ကို တခြား ကုမ္ပဏီတွေကတင်သွင်းရောင်းချတာတွေရှိနေပေမယ့် Prime Automotive Myanmar က မြန်မာပြည်ရဲ့ တရားဝင်ကိုယ်စားလှယ်ဖြစ်ပါတယ် ” ဟု Prime Automotive Myanmar ကုမ္ပဏီ၏ CEO ကိုသူရကျော်စွာက ပြောသည်။
Prime Automotive Myanmar က BYD EV ကားသီးသန့်ကိုသာ တင်သွင်းရောင်းချနေပြီး အခြားမည်သည့် EV ကား အမှတ်တံဆိပ်ကိုမှ ရောင်းချခြင်းမရှိကြောင်း ကမ္ဘာရောင်းအားအမြင့်ဆုံး BYD EV ကား ၏ မြန်မာပြည်ဆိုင်ရာအရောင်းပြခန်းဖြစ်ကြောင်း သိရသည်။
“ BYD EV ကားတွေဟာ နိုင်ငံတကာမှာလည်း နာမည်ကြီးသလို အခုမြန်မာပြည်မှာလည်း နာမည်ကောင်းရတဲ့ကားတွေပါ။ ဆီကားတွေလို အပူစွမ်းအင်ထုတ်လုပ်မှုမရှိတာကြောင့် အသံငြိမ်သလို အပူချိန်ကိုလဲလျော့ချပေးတယ်လေ။ EV ကားဆို BYD ၊ BYD ဆိုရင် Prime ဆိုတဲ့ဆောင်ပုဒ်အတိုင်း ဝန်ဆောင်မှုတွေလဲကောင်းပါတယ် ” ဟု နာမည်ကျော်အနုပညာရှင် ပန်းရောင်ခြယ်က ပြောသည်။
ယနေ့ မေလ (၂) ရက်နေ့တွင် Prime Automotive Myanmar သည် BYD EV ကား အရောင်းပြခန်းဖွင့်လှစ်ပွဲအပြင် ကားဝယ်ယူထားသူများအား ကားသစ်အပ်နှံခြင်းအဖြစ် BYD Tang အမျိုးအစား EV ကား (၁၇) စီးကို ပေးအပ်ခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com