- ပင်မစာမျက်နှာ
- ကားသတင်းများ
- မြန်မာ့ EV ကား ဈေးကွက်အတွင်း ထိပ်ဆုံးရောက်ရန် BYD ပစ်မှတ်ထားနေ
မြန်မာ့ EV ကား ဈေးကွက်အတွင်း ထိပ်ဆုံးရောက်ရန် BYD ပစ်မှတ်ထားနေ
- 864 views
မြန်မာနိုင်ငံ၏ EV ကား ဈေးကွက်အတွင်း ထိပ်တန်းရောင်းချသူအဖြစ် ရပ်တည်နိုင်ရန် BYD ကားကုမ္ပဏီက ပစ်မှတ်ထားဆောင်ရွက်နေကြောင်း BYD ၏ အာရှပစိဖိတ် ဈေးကွက် အထွေထွေမန်နေဂျာကပြောသည်။
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ Central Tower တွင် အသစ်ဖွင့်လှစ်လိုက်သည့် Prime Automotive Myanmar ၏ BYD EV ကား အရောင်းပြခန်း ဖွင့်ပွဲတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ မြန်မာနိုင်ငံရဲ့ ကားဈေးကွက်ဟာအခုနှစ်ပိုင်းမှာ တော်တော်ကျယ်ပြန့်လာပါတယ်။ နောင်လာမယ့် အနာဂတ်မှာလည်း ကားဝယ်ယူမှုဟာ တိုးတက်လာနိုင်ပါတယ်။ မြန်မာ့ဈေးကွက်မှာ BYD EV ကားတွေဟာ ထိပ်ဆုံးရောက်ဖို့ တရားဝင်အရောင်းကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီး ဈေးကွက်တိုးချဲ့ သွားမှာပါ ” ဟု BYD ၏ အာရှ၏ပစိဖိတ် ဈေးကွက် အထွေထွေမန်နေဂျာက ဆိုသည်။
လက်တလောတွင် BYD ကားကုမ္ပဏီက EV ကား အမျိုးအစားသုံးမျိုးကို တင်သွင်းရောင်းချနေပြီး သိန်း (၈၀၀) ကျော်တန်၊ သိန်း (၁၀၀၀) ကျော်တန်နှင့် သိန်း (၃၀၀၀) ကျော်တန် EV ကား အမျိုးအစားများ ဖြစ်ကြသည်။
“ BYD ကားကုမ္ပဏီက တရားဝင်အရောင်းကိုစားလှယ်တွေနဲ့ ရောင်းတာဆိုတော့ ဝယ်ပြီးနောက်ပိုင်း အာမခံတွေ၊ ပြင်ထိန်းစနစ်တွေလည်းရှိတော့ စီးရသူအတွက်အဆင်ပြေပါတယ်။ EV ကားတွေရဲ့အားသာချက်က အပူထုတ်လွတ်မှု မရှိဘူး။ အဲကွန်းသုံးလို့ ဘက်ထရီ ပိုကုန်တာမျိုးမရှိဘူး။ အဲဒါကြောင့် ဝယ်စီးဖြစ်တာပါ။ ” ဟု BYD ကား ဝယ်ယူထားသူ ဦးကျော်စွာက ဆိုသည်။
မြန်မာနိုင်ငံတွင် EV ကား ဝယ်ယူစီးနင်းမှုသည် တဖြည်းဖြည်းမြင့်တက်လျက်ရှိပြီး ကုန်လမ်းညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ တရားဝင်လိုင်စင်ဝင်ထားသည်း EV ကား အစီးရေ (၃၀၀၀) ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com