• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • တရုတ်ပြည်မှ ဘက်ထရီထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုက EV လောကကို ပြောင်းလဲစေမည့် အားတစ်ခါ သွင်းထားလျှင် မိုင် ၁၃၀၀ မောင်းနှင်နိုင်သော ဘက်ထရီနည်းပညာကို ထုတ်ပြလာ

တရုတ်ပြည်မှ ဘက်ထရီထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုက EV လောကကို ပြောင်းလဲစေမည့် အားတစ်ခါ သွင်းထားလျှင် မိုင် ၁၃၀၀ မောင်းနှင်နိုင်သော ဘက်ထရီနည်းပညာကို ထုတ်ပြလာ

  • 430 views

အားတစ်ခါသွင်းထားလျှင် ခရီးမိုင် မည်မျှ မောင်းနိုင်မည်ကို စိုးရိမ်ပူပန်ကြသော လျှပ်စစ်ကား ပိုင်ရှင်များ အတွက် မိုင် ၁၃၀၀ မောင်းနိုင်သည့် ဘက်ထရီမှာ သောကများကို ဖြေရှင်းပေးနိုင်မည် ဖြစ်သည်။

သာမန် EV များတွင် ခရီးမိုင် များစွာ မမောင်းနိုင်ချေ။

ထိုအချက်ကို ယခုအခါ ပြောင်းလဲနိုင်တော့မည် ဖြစ်သည်။

ပေကျင်းမြို့အခြေစိုက် Tailan New Energy ဘက်ထရီကုမ္ပဏီက ၎င်းတို့၏ ဘက်ထရီ နည်းပညာသည် အံ့ဖွယ်ခရီးအကွာအဝေး မောင်းနှင်နိုင်စွမ်း ရှိမည်ဖြစ်ကြောင်း ကြေညာထားသည်။

ဈေးကွက်အတွင်း ရှိနေသော အခြားကုမ္ပဏီတို့၏ မိုင် ၆၂၀ မောင်းနိုင်သော ဘက်ထရီထက် စွမ်းအင် သိပ်သည်းမှု ၂ ဆကျော်ရှိကြောင်း Electrek က ဖော်ပြသည်။

Tailan ကုမ္ပဏီသည် ၎င်းတို့ထုတ်လုပ်သော ဘက်ထရီ၏ အစိတ်အပိုင်းတိုင်းကို တိုးတက်အောင် လုပ်ဆောင် နိုင်ခဲ့ဟန် ရသည်။

အဆိုပါဘက်ထရီ၏ ထူးခြားချက်မှာ စွမ်းအင်သိပ်သည်းမှု ဖြစ်သည်။

ဘက်ထရီနည်းပညာအရ Anode နှင့် Cathode အကြား electrolyte ဟုခေါ်သော ပစ္စည်းကို ဖြတ်သန်းကာ လီသီယမ် အိုင်းရွန်းက ရွေ့လျားသည်။
အခဲ(သို့မဟုတ်)အရည် အခြေအနေ အမျိုးမျိုးဖြစ်နိုင်သည်။

အခဲပုံစံမှာ ယေဘုယျအားဖြင့် ပိုမိုဘေးကင်းပြီး ပိုမိုကောင်းမွန်သော နည်းပညာဖြစ်သည်။

ထို့ကြောင့် မကြာသေးမီနှစ်များအတွင်း တီထွင်ခဲ့မှုများမှာ အခဲဘက်ထရီများ ဖြစ်ကြသည်။

Tailan ၏ နည်းပညာတွင် Cathode တွင် Lithium ကြွယ်ဝသော မန်ဂနိအခြေပြု ပစ္စည်း ပါဝင်ပြီး Anode တွင် Lithium Composite ရှိသည်။

“ဒီနည်းပညာဟာ ဘက်ထရီရဲ့ စွမ်းဆောင်ရည်ကို ကြီးမားစွာမြှင့်တင်ပေးနိုင်ခဲ့ပြီး ဘက်ထရီအသုံးခံမှုပြဿနာနဲ့ လီသီယံအိုင်းယွန်းဘက်ထရီတွေရဲ့ ဘေးအန္တရာယ်ပြဿနာတွေကို အခြေခံကျကျ ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။” ဟု Tailan ကုမ္ပဏီ၏ press release တွင် ဖော်ပြသည်။

Tailan ကုမ္ပဏီကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
Tailan ၏ သုတေသနပညာရှင်များအနေဖြင့် မိုင် ၁၀၀၀ ကျော် မောင်းနိုင်မည့် ဘက်ထရီကို ယုံကြည်စိတ်ချ ဖွယ်ရာ အခြေအနေမျိုး ထုတ်လုပ်နိုင်မည်ဆိုပါက လူအများအနေဖြင့် လျှပ်စစ်ကား ဝယ်ယူရန် လက်တွန့်နေရ သည့် အဓိကအကြောင်းရင်းဖြစ်သော မောင်းနှင်နိုင်သည့် ခရီးအကွာအဝေး စိုးရိမ်မှုကို ဖြေရှင်းပေးနိုင်မည် ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Chinese battery developer unveils new tech with 1,300-mile range that could revolutionize EVs: 'An important piece of the puzzle' (thecooldown)

 Photo Credit:  Tailan New Energy