• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အဲလစ်ဇဘက် ဘုရင်မကြီးစီးခဲ့ဖူးပြီး ဂျိမ်းဘွန်းဇာတ်ကားများတွင် တွေ့ရလေ့ရှိသည့် လျှို့ဝှက် ထိန်းချုပ်ခလုတ် များ ပါဝင်သော Jaguar Daimler ကား အရောင်းဈေးကွက်ဝင်လာ

အဲလစ်ဇဘက် ဘုရင်မကြီးစီးခဲ့ဖူးပြီး ဂျိမ်းဘွန်းဇာတ်ကားများတွင် တွေ့ရလေ့ရှိသည့် လျှို့ဝှက် ထိန်းချုပ်ခလုတ် များ ပါဝင်သော Jaguar Daimler ကား အရောင်းဈေးကွက်ဝင်လာ

  • 319 views

အဲလစ်ဇဘက် ဘုရင်မကြီး II တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အံ့ဖွယ် Jaguar Daimler မော်တော်ကား အရောင်းဈေးကွက်ဝင်လာသည်။

ကားဘီးများမှာ ဗြိတိန်ပြိုင်ကားများကဲ့သို့ အစိမ်းရောင်ဖြစ်ပြီး ဂျိမ်းဘွန်းဇာတ်ကားများတွင် တွေ့ရသည့် လျှို့ဝှက် ထိန်းချုပ်ခလုတ်များစွာလည်း ပါဝင်သည်။

 

(ဤ luxury ကားကို တချိန်က အဲလစ်ဇဘက်ဘုရင်မကြီး II ပိုင်ဆိုင်ခဲ့ဖူးသည်။ ဓာတ်ပုံ-Bonhams)

 

(ဘုရင်မကြီး၏ စိတ်ကြိုက်မွမ်းမံဖြည့်စွက်မှု များစွာ ပြုလုပ်ထားသည်။ ဓာတ်ပုံ-Bonhams)

 

(ဂျိမ်းစ်ဘွန်းဇာတ်ကားများတွင် တွေ့ရလေ့ရှိသည့် လျှို့ဝှက်ခလုတ်များစွာ ပါဝင်သည်။ ဓာတ်ပုံ-Bonhams)

 

Bonhams Cars လေလံကုမ္ပဏီမှတဆင့် အရောင်းဈေးကွက်တင်လာခြင်းဖြစ်သည်။

အရောင်းဈေးကွက် တင်လာသည့် ကားမှာ ၂၀၀၁ ခုနှစ်ထုတ် Daimler Majestic ဖြစ်ပြီး ၁၆,၂၀၀ မိုင်သာ စီးရသေးသည်။

အပြင်ပိုင်းမှာ British Racing Green အရောင်ဖြင့် တွေ့ရပြီး အတွင်းပိုင်းတွင် နို့နှစ်ရောင် လည်သာများ အသုံးပြုထားသည်။

ဂျိမ်းစ်ဘွန်းဇာတ်ကားများတွင် တွေ့ရလေ့ရှိသော ခလုတ်များဖြင့် ယာဉ်တန်းမီးကို ထိန်းချုပ်သည့်စနစ် ပါဝင်သည်။

ပျော်ပွဲစားထွက်ရာတွင် သုံးသည့် ခေါက်စားပွဲများ၊ အစိမ်းရောင်ကြမ်းခင်းများနှင့် လိုက်ဖက်ညီစေမည့် ကူရှင် အစိမ်းရောင်ချုပ်ရိုးများကို တွေ့ရသည်။

V8 အင်ဂျင်တပ်ဆင်ထားပြီး ၁ နာရီလျှင် ၁၄၉ မိုင်အထိ မောင်းနှင်နိုင်သည်။

ဤကားကို အဲလစ်ဇဘက်ဘုရင်မကြီး၏ ကြင်ယာတော် ဖီးလစ်မင်းသားကြီးလည်း စီးနင်းခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် Jaguar Daimler ရှေးဟောင်းအမွေအနှစ် အဖွဲ့ထံ ရောက်ရှိခဲ့သည်။

ထိုအဖွဲ့က ၂၀၁၃ ခုနှစ်တွင် ပုဂ္ဂလိက ကားစုဆောင်းသူတစ်ဦးထံ ရောင်းချခဲ့သည်။

ထိုသူက ဤကားကို အပူပေးစနစ်ပါ ဂိုဒေါင်အတွင်း ကောင်းမွန်စွာ ထိန်းသိမ်းထားရှိခဲ့သည်။

Bonhams ကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင် David Hayhow က “ဘုရင်မကြီး ကိုယ်တိုင်မောင်းနှင်ခဲ့တဲ့ ကားတစ်စင်းကို ပိုင်ဆိုင်ခွင့်ရမယ့် အလွန်ရှားပါးတဲ့ အခွင့်အလမ်းတစ်ခုပါ” ဟု ပြောသည်။

“၂၀၀၇ ကနေ ၂၀၁၃ ခုနှစ်အကြား ဒီကားဟာ Jaguar Daimler Heritage Trust ရဲ့ ထိန်းသိမ်းမှုအောက်မှာ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၁ နှစ်တာ ကာလအတွင်းမှာတော့ ပုဂ္ဂလိက စုဆောင်းသူတစ်ဦးလက်မှာ ရှိခဲ့တယ်”

“ကြမ်းခင်းဈေးမရှိဘဲ လေလံတင်မှာဖြစ်ပြီး လေလံဆွဲသူ တစ်ဦးတည်းရှိရင်လည်း ရောင်းချသွားမှာ ဖြစ်ပါ တယ်။”

အဲလစ်ဇဘက်ဘုရင်မကြီးသည် မော်တော်ကားများ နှစ်သက်သူတစ်ဦးအဖြစ် လူသိများပြီး Land Rover များစွာ ပိုင်ဆိုင်ထားသည်။

၂၀၀၈ ခုနှစ်ထုတ် Defender တစ်စင်းလည်း ရှိခဲ့ပြီး အဆိုပါကားကို ဆန်ဒရင်းဟန်အိမ်တော်တွင် ထားရှိသည်။

 

(ဤကားကို ဘုရင်မကြီးနှင့် ကြင်ယာတော် ဖိလစ်မင်းသားကြီးတို့ ၂ ဦးလုံး စီးခဲ့ကြသည်။ ဓာတ်ပုံ-Rex Features)

 

(တော်ဝင် မိသားစုက ၂၀၀၁ မှ ၂၀၀၆ ခုနှစ်အထိ ပိုင်ဆိုင်ခဲ့သည်။ ဓာတ်ပုံ-Bonhams)


ဧပြီလ ၂၉ ရက်တွင် လေလံပိတ်သိမ်းမည်ဖြစ်ပြီး ယခုသတင်းရေးသားနေချိန်အထိ အမြင့်ဆုံး ပေးထားသည့် ဈေးနှုန်းမှာ ပေါင် ၄၀၂၅၀ ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref: Late Queen’s stunning Jaguar with bizarre feature for her handbag & James Bond-style controls up for sale (thesun)

Photo Credit:  Rex Features, Bonhams