လိုင်စင်မဲ့ကား သတင်းများ ဖြစ်နိုင်ချေ နည်းပါး

  • 2837 views

2015 မော်ဒယ် အထက် လိုင်စင်မဲ့ကားများကိုလိုင်စင်ထုတ်ပေးမည်ဟု ကောလဟာလ သတင်းများထွက်ပေါ်နေရာ အမှန်တကယ်ဖြစ်နိုင်ချေနည်းပါးကြောင်း ဝါရင့် ကားဝယ်ရောင်းလုပ်ငန်းရှင်များ ထံမှ သိရသည်။

SKD နှင့် Zero ကီလိုကားအသစ်များပင် ဈေးကွက်အတွင်း တင်သွင်းရောင်းချရန် ခက်ခဲနေရာလိုင်စင်မဲ့ကားများကို တရားဝင်လိုင်စင်ပြုလုပ်ပေးမည်မဟုတ်ကြောင်း ကားလုပ်ငန်းရှင်များကဆိုသည်။

“ဂျပန်တစ်ပါတ်ရစ်ကားတောင်ပေးမသွင်းတာ လိုင်စင်မဲ့တွေ ဆိုရင် ပိုတောင်ဆိုးဦးမယ်။ သက်ဆိုင်ရာက ကားတင်သွင်းရင် ဓါတ်ဆီပိုဝယ်နေရလို့ လျှပ်စစ်ကားတောင် သွင်းခိုင်းနေတာ ဒီသတင်းကမဖြစ်နိုင်ဘူး။ 2015 မော်ဒယ်အထက် ဆိုရင်လဲ ဂျပန် တစ်ပါတ်ရစ်တွေ ကိုရီးယားတစ်ပါတ်ရစ်တွေ ရှိနေတာဘဲ “ ဟု ဝါရင့်ကားဝယ်‌ရောင်းလုပ်ငန်းရှင်တစ်ဦးကဆိုသည်။

လိုင်စင်မဲ့ကားများသည် မြဝတီတိုက်ပွဲကြောင့် နယ်စပ်မှပြည်တွင်းသို့အများအပြား ဝင်ရောက်နေရာ ကညနမှ လိုင်စင်ထုတ်ပေးမည်ဟု ကောလဟာလ သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကညနမှ တရားဝင် လိုင်စင်ထုတ်ပေးထားသည့် လူစီးအိမ်စီးကား ခြောက်သိန်းနှစ်သောင်းခွဲကျော် ရှိပြီး လျှပ်စစ်သုံး EV ကား သုံးထောင်ဝန်းကျင်ခန့်ပါဝင်သည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com