- ပင်မစာမျက်နှာ
- ကားသတင်းများ
- ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း တပတ်ရစ်ကား ဈေးကွက်မှ ဈေးအကြီးဆုံးကားများ
၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း တပတ်ရစ်ကား ဈေးကွက်မှ ဈေးအကြီးဆုံးကားများ
- 628 views
၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း တပတ်ရစ်ကား ဈေးကွက်မှ ဈေးအကြီးဆုံးကားများစာရင်း ထွက်ပေါ်လာရာ ဗြိတိန်မှ အထင်ကရ ကားအမှတ်တံဆိပ် ၃ ခုပါဝင်သည်ကို တွေ့ရသည်။
ဗြိတိန်အခြေစိုက် အွန်လိုင်း ကားအရောင်းအဝယ် ဝက်ဘ်ဆိုက်ဖြစ်သော Carwow က ၂၀၂၄ ခုနှစ်၊ ပထမ ၃ လပတ်အတွင်း တပတ်ရစ်ကား ဈေးကွက်မှ ဈေးအကြီးဆုံး ကားများစာရင်းကို Sun Motors သတင်းဌာနသို့ ပေးပို့ခဲ့သည်။
(၂၀၂၄ ခုနှစ် ဈေးအကြီးဆုံး တပတ်ရစ်ကားများအနက် Ferrari 458 Italia မှာ ထိပ်ဆုံးနေရာတွင် ရပ်တည် နေသည်။ ဓာတ်ပုံ-Handout)
(Lamborghini Huracan မှာ ဒုတိယနေရာတွင် ရပ်တည်နေသည်။ ဓာတ်ပုံ-Alamy)
(ဗြိတိန်ထုတ် ကားများဖြစ်သော Aston Martin, Bentley နှင့် Rolls-Royce တို့မှာ ထိပ်ဆုံး ၁၀ စင်း စာရင်းတွင် ပါဝင်နေသည်။ ဓာတ်ပုံ- Getty)
ထိပ်ဆုံးကား ၁၀ စင်း၏ စုစုပေါင်းတန်ဖိုးမှာ ပေါင် ၁ ဒသမ ၆ သန်းရှိသည်။
အဆိုပါ စာရင်းတွင် Luxury ကားများသာ လွှမ်းမိုးထားသည်။
Ferrari မှာ ထိပ်ဆုံးတွင် ရပ်တည်နေပြီး 458 Italia ၏ ဈေးနှုန်းမှာ ပေါင် ၂၆၀,၀၀၀ ခန့် ရှိသည်။
ပေါင် ၁၆၅,၀၀၀ တန်ကြေးရှိ Lamborghini Huracan မှာ ဒုတိယနေရာတွင် ရပ်တည်နေသည်။
Rolls-Royce Ghost မှာ ဈေးနှုန်း ပေါင် ၁၅၈,၀၀၀ ဖြင့် စတုတ္ထနေရာတွင် ရပ်တည်နေသည်။
ယင်းနောက် Bentley Continental GT မှာ ဈေးနှုန်း ပေါင် ၁၅၅,၀၀၀ ဖြင့်လည်းကောင်း၊ Aston Martin DBX မှာ ပေါင် ၁၄၄,၀၀၀ ဖြင့်လည်းကောင်း အသီးသီး ရပ်တည်နေသည်။
အဆိုပါ စာရင်းတွင် Porsche မှာ ၃ နေရာထိ ပါဝင်နေပြီး Bentley နှင့် Ferrari မှာ ၂ နေရာစီ ပါဝင်နေသည်။
ဂျာမန်ထုတ် Porsche မှာ ပေါင် ၁၆၀,၀၂၈ ၊ ပေါင် ၁၄၃,၁၁၁ နှင့် ပေါင် ၁၃၅,၅၅၁ အသီးသီးဖြင့် ၃ နေရာ ပါဝင်နေသည်။
((၂၀၂၄ ခုနှစ် ဈေးအကြီးဆုံး တပတ်ရစ်ကားများ))
၁။ Ferrari 458-Italia - ပေါင် ၂၆၀,၀၀၀
၂။ Lamborghini Huracan - ပေါင် ၁၆၅,၀၀၀
၃။ Porsche 911 - ပေါင် ၁၆၀,၀၂၈
၄။ Rolls-Royce Ghost - ပေါင် ၁၅၈,၀၀၀
၅။ Bentley Continental GT - ပေါင် ၁၅၅,၀၀၀
၆။ Aston-Martin DBX - ပေါင် ၁၄၄,၈၀၁
၇။ Porsche 911 - ပေါင် ၁၄၃,၁၁၁
၈။ Bentley Continental GT -ပေါင် ၁၄၁,၁၅၁
၉။ Ferrari 488 Convertible - ပေါင် ၁၄၀,၀၀၀
၁၀။ Porsche 911 - ပေါင် ၁၃၅,၅၅၁
( Porsche 911 မှာ အဆိုပါ စာရင်းတွင် ၃ ကြိမ် ပါဝင်နေသည်။ ဓာတ်ပုံ- Getty)
(ထိပ်တန်းစာရင်းဝင် ကား ၁၀ စင်း၏ စုစုပေါင်း တန်ကြေးမှာ ပေါင် ၁ ဒသမ ၆ သန်းကျော် ရှိသည်။ ဓာတ်ပုံ-AFP)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: The most expensive used cars of 2024 revealed – including models from three iconic British brands (thesun)
Photo Credit: Getty, AFP, Alamy, Handout,