- ပင်မစာမျက်နှာ
- ကားသတင်းများ
- YBS ယာဉ်လိုင်းအချို့ကို ယာဉ်စီးခ ၅၀ဝ ကျပ်အထိ ကောက်ခံရန် ခွင့်ပြုထား
YBS ယာဉ်လိုင်းအချို့ကို ယာဉ်စီးခ ၅၀ဝ ကျပ်အထိ ကောက်ခံရန် ခွင့်ပြုထား
- 210 views
ရန်ကုန်မြို့ပြင်ပဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ တိုက်ကြီး၊ ဥက္ကံဘက်သို့ ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းအချို့ကို ယာဉ်စီးခ ၅၀ဝ ကျပ်အထိ ကောက်ခံရန် ခွင့်ပြုထားကြောင်း YRTC မှ သိရသည်။
သို့သော် ရန်ကုန်မြို့တွင်းပြေးဆွဲပေးနေသည့် YBS ယာဉ်လိုင်းများကို ယာဉ်စီးခ (၄၀၀) ကျပ်သာ ကောက်ခံခွင့်ပြုထားပြီး ကတ်စနစ်ဖြင့် စီးပါက (၃၀၀) ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
" ယာဉ်စီးခ ငွေကျပ် (၅၀၀) သတ်မှတ်တာက တိုက်ကြီးကားတွေ၊ ကျောက်တန်းလိုင်းတွေ၊ ဥက္ကံဘက်လိုင်းတွေကိုပဲ ခွင့်ပြုထားတာ။ ကျန်တဲ့ မြို့တွင်းအများစုက ၄၀၀ ပါ။ ကတ်စနစ်နဲ့ QR code စနစ်က ၃၀၀"ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်ကပြောသည်။
သို့သော် ယာဉ်စီးခတိုးမြှင့်ကောက်ခံခြင်းကြောင့် အဆင်မပြေမှုများရှိနေပြီး ယခင်ထက် ကုန်ကျစရိတ်ပိုမိုများပြားကြောင်း YBS စီးခရီးသည်များ၏ ပြောပြချက်အရ သိရသည်။
ရန်ကုန်မြို့တွင်း၌ YBS ကုမ္ပဏီ (၂၁) ခုမှ ယာဉ်လိုင်း (၁၃၁) လိုင်း ယာဉ်စီးရေ (၃၈၀၀) ဖြင့် ခရီးသည် (၁၅) သိန်းကျော်ကို ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com