စက်သုံးဆီဈေးမြင့်တက်မှုကြောင့် အငှားယာဥ်မောင်းနှင့်ယာဥ်ပိုင်ရှင်များ အခက်တွေ့နေ

  • 137 views

ကမ္ဘာ့ဈေးကွက် အခြေအနေများကြောင့် ပြည်တွင်းစက်သုံးဆီဈေးတွင် ဓာတ်ဆီဈေးများ မြင့်တက်နေခြင်းကြောင့် မော်တော်ယာဉ်ပိုင်ရှင်များနှင့် အငှားယာဉ်မောင်းများ အခက်အခဲ ကြုံတွေ့နေရ‌ကြောင်း သိရသည်။

သက်ဆိုင်ရာက တရားဝင်ထုတ်ပြန်သည့် ဒေသအလိုက် စက်သုံးဆီပေါက်ဈေးများတွင် 92 ဓာတ်ဆီ တစ်လီတာလျှင် (၂၉၀၀) ကျပ် နှင့် 95 တစ်လီတာလျှင် (၃၀၀၀) ကျပ်ဝန်းကျင် ပေါက်ဈေးများဖြစ်ပေါ်နေသည်။

“အော်ဒါကနည်းတဲ့ကြားထဲ ဓါတ်ဆီဈေးတက်လာရင် ဘယ်လိုမှမကိုက်တော့ဘူး ဒီဈေးနဲ့ဆိုရင် ကားပြန်အပ်ဖို့ပဲရှိတယ်။ အုံနာကိုယ်တိုင်မောင်းနေတဲ့ ကားတွေတောင် မကိုက်လို့ နားနေရတယ်” ဟု တောင်ဒဂုံမြို့နယ်မှ တက္ကစီအငှားယဉ်မောင်း ကိုကျော်ကြီးက ပြောသည်။

ဓာတ်ဆီဈေးများတက်နေသော်လည်း ဒီဇယ်ဈေးမှာ တစ်လီတာလျှင် (၂၄၀၀) ကျပ်ဝန်းကျင် ပေါက်ဈေး ရှိနေသည်။

အစ္စရေးနှင့်အီရန် ပဋိပက္ခများကြောင့် ကမ္ဘာ့ စက်သုံးဆီဈေး မြင့်တက်နေခြင်းဖြစ်ပြီး အီရန်သည် ကမ္ဘာပေါ်တွင် စက်သုံးဆီထုတ်လုပ်မှု အဆင့် (၇) နေရာတွင် ရပ်တည်နေရာ ဈေးကွက်သက်ရောက်မှု မြင့်မားနေကြောင်း သိရသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com