ဗြိတိန်တွင် အမြန်ဆုံးရောင်းထွက်သော တပတ်ရစ်ကားများနှင့် ရောင်းထွက်ရန် အကြာဆုံး တပတ်ရစ်ကားများ

  • 242 views

ဗြိတိန်တွင် အမြန်ဆုံးရောင်းထွက်သော တပတ်ရစ်ကားများတွင် ပြင်သစ်ထုတ် Hybrid ကားက ထိပ်ဆုံးက ဦးဆောင်နေသည်။

Auto Trader မှ ပြုလုပ်ခဲ့သော သုတေသနတွင် ရောင်းထွက်ရန် အမြန်ဆုံး တပတ်ရစ်ကားများ စာရင်းကို ဖော်ပြထားသည်။

 

(အမြန်ဆုံးရောင်းထွက်သော တပတ်ရစ်ကားများအနက် ပြင်သစ်ထုတ် Peugeot 3008 petrol hybrid မှာ ထိပ်ဆုံးတွင် ရပ်တည်နေသည်။ ဓာတ်ပုံ-Supplied)

 

( Mercedes GLC မှာလည်း အမြန်ဆုံးရောင်းထွက်သော တပတ်ရစ်ကားများတွင် ပါဝင်သည်။ ဓာတ်ပုံ-Dean Smith)

 

(Cupra Formentor မှာလည်း အရောင်းသွက်သော တပတ်ရစ်ကားများတွင် ပါဝင်သည်။ ဓာတ်ပုံ-Supplied)

 

(Mercedes CLA မှာ ထိပ်ဆုံး ၅ နေရာတွင် ရပ်တည်နေသည်။ ဓာတ်ပုံ-Supplied)

 


 Peugeot 3008  မှာ လက်ရှိအားဖြင့် ဗြိတိန်၏ အမြန်ဆုံးရောင်းထွက်သော ကားများတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည်။

အဆိုပါ အချက်အလက်များမှာ Auto Trader က မတ်လ ၁၄ ရက်မှ ဧပြီလ ၁၁ ရက်အထိ အချက်အလက်များ အပေါ် အခြေခံကာ သုတေသန ပြုလုပ်ထားခြင်း ဖြစ်သည်။

 ကားဝယ်သူတို့သည်  သက်တမ်း  တစ်နှစ်ကျော်ရှိသော crossover petrol-hybrid  SUV  များကို သဘောကျ ကြပြီး ထိုကားမျိုးမှာ ရောင်းထွက်ရန် ပျမ်းမျှအားဖြင့် ၁၂ ရက်တာ ကြာမြင့်လေ့ရှိသည်။ 

Mercedes GLC coupe မှာ ဒုတိယနေရာတွင် ရပ်တည်နေပြီး စပိန်ထုတ် Cupra Formentor မှာ တတိယ နေရာတွင် ရပ်တည်နေသည်။

 Mercedes-Benz CLA Saloon နှင့် Seat Leon PHEV တို့မှာ စတုတ္ထနေရာကို ပူးတွဲရရှိထားသည်။

Ford Gran Tourneo Connect နှင့် Seat Leon Estate PHEV တို့မှာ ဆဌမနေရာတွင် ပူးတွဲ ရပ်တည် နေကြသည်။ 

Ford Focus Estate diesel နှင့် Volvo XC60 diesel တို့မှာ အဌမနေရာတွင် ပူးတွဲရပ်တည်နေကြပြီး Hyundai Tucson petrol hybrid မှာ နံပါတ် ၁၀ နေရာတွင် ရပ်တည်နေသည်။

သုတေသန အချက်အလက်များအရ Hybrid တို့မှာ အမြန်ဆုံးရောင်းထွက်ပြီး ရောင်းထွက်ရန် ပျမ်းမျှ ၂၄ ရက် သာ ကြာမြင့်သည်။

ဓာတ်ဆီကားများမှာ ရောင်းထွက်ရန် ပျမ်းမျှ ၂၅ ရက်၊ ဒီဇယ်မှာ ၂၈ ရက် လျှပ်စစ်ကားများမှာ ၂၉ ရက် ကြာမြင့်သည်။

 

((ဗြိတိန်တွင် အမြန်ဆုံးရောင်းထွက်သော တပတ်ရစ်ကားများ စာရင်း))

 

1. Peugeot 3008 petrol hybrid (up to 1 year old): ၁၂ ရက်
2. Mercedes-Benz GLC Class diesel hybrid (up to 1 year old): ၁၂ ဒသမ ၅ ရက်
3. Cupra Formentor petrol (3 to 5 years old): ၁၃ ဒသမ ၅ ရက်
=4. Mercedes-Benz CLA Saloon petrol hybrid (up to 1 year old): ၁၄ ရက်
=4.Seat Leon PHEV (3 to 5 years old): ၁၄ ရက်
=6. Ford Grand Tourneo Connect diesel (up to 1 year old): ၁၄ ဒသမ ၅ ရက်
=6. Seat Leon Estate PHEV (1 to 3 years old): ၁၄ ဒသမ ၅ ရက်
=8. Ford Focus Estate diesel (up to 1 year old): ၁၅ ရက်
=8. Volvo XC60 diesel (1 to 3 years old): ၁၅ ရက်
10. Hyundai Tucson petrol hybrid (3 to 5 years old): ၁၅ ဒသမ ၅ ရက်

 

 

 ( စတုတ္ထနေရာတွင် ရပ်တည်နေသော Seat Leon PHEV။ ဓာတ်ပုံ- SEAT)

 

( Ford Grand Tourneo Connect  မှာ ဆဌမနေရာတွင် ပူးတွဲ ရပ်တည်နေသည်။ ဓာတ်ပုံ-Ford)

 

 

(Seat Leon Estate PHEV မှာ ဆဌမနေရာတွင် ပူးတွဲ ရပ်တည်နေသည်။ ဓာတ်ပုံ- SEAT)

 

(Ford Focus Estate  မှာ အဌမနေရာကို ပူးတွဲ ရရှိထားသည်။  ဓာတ်ပုံ- Getty)

 

(Volvo XC60 မှာလည်း အဌမနေရာ ပူးတွဲ ရရှိထားသည်။  ဓာတ်ပုံ-Volvo Ireland)

 

 

(Hyundai Tucson  မှာ နံပါတ် ၁၀ တွင် ရပ်တည်နေသည်။  ဓာတ်ပုံ-PA)

 

 

((ဗြိတိန်တွင် ရောင်းထွက်ရန် အကြာဆုံး တပတ်ရစ်ကားများ))

 

1. Citroen C5 X PHEV (1 to 3 years old): ၁၃၉ ရက်
2. Alfa Romeo Spider petrol (10 to 15 years old): ၁၃၃ ရက်
3. DS9 PHEV (1 to 3 years old): ၁၃၂ ဒသမ ၅ ရက်
4. Alfa Romeo Brera petrol (10 to 15 years old): ၁၃၂ ရက်
5. Citroen C5 X PHEV (up to 1 year old): ၁၂၆ ရက်
6. Audi Q5 PHEV (up to 1 year old): ၁၁၇ ဒသမ ၅ ရက်
7. Audi A7 petrol (up to 1 year old): ၁၁၀ ဒသမ ၅ ရက်
8. Bentley Continental petrol (10 to 15 years old): ၁၀၈ ဒသမ ၅ ရက်
9. Lexus LS 600h petrol hybrid (10 to 15 years old): ၁၀၆ ရက်
10. Citroen e-Berlingo EV (1 to 3 years old): ၁၀၅ ရက်

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Britain’s fastest-selling used cars revealed with in-demand French hybrid cleaned out in days (thesun)

Photo Credit:  Supplied, Dean Smith, SEAT, Ford, Getty, PA, Volvo Ireland