တစ်ဆင့်ခံ ရောင်းချမှုများကြောင့် EV ကားဈေးများမြင့်တက်နေဆဲ

  • 203 views


ကြိုပွိုင့်နှင့်တစ်ဆင့်ခံ လက်လွှဲရောင်းချမှုများ ရှိနေခြင်းကြောင့် မြို့တွင်းသုံးစွဲရန် EV ကားရှာဖွေ ဝယ်ယူမှုများ မှာ ဈေးကြီးမြင့်မှုများနှင့် ကြုံတွေနေရကြောင်း EV ကား ဈေးကွက်အတွင်းမှ သိရသည်။

သက်ဆိုင်ရာမှ EV ကား ကြိုပွိုင့်နှင့် အမြတ် ၂၀ ရာခိုင်နှုန်းထက် ပိုမ‌ရောင်းရန် သတ်မှတ်ထားသော်လည်း EV ကား ဝယ်ယူလိုသူများအနေဖြင့် တိုက်ရိုက်ရောင်းချသော ကုမ္ပဏီများတွင် ဝယ်မရခြင်းကြောင့် တစ်ဆင့်ပြန်လည်ရောင်းချသော ဝယ်ရောင်းလုပ်ငန်းများတွင်သာ ရှာဖွေဝယ်ယူနေရခြင်းဖြစ်သည်။

“ ကုမ္ပဏီတွေ Show Room တွေကိုသွားကြည့်ရင် စမ်းသပ်မောင်းကြည့်လို့ရတယ်။ လောလောဆယ် ရောင်းဖို့လက်ကျန်ကားမရှိဘူးဆိုပြီး တော်တော်များများမှာ ဝယ်မရဘူး။ အပြင်မှာတစ်ဆင့်ပြန်ရောင်းတာ တွေတော့ ဝယ်လိုရတယ် ပိုင်ရှင်တိုက်ရိုက်ကားတွေ။ ဈေးကတော့ ကုမ္ပဏီပေါက်ဈေးထက် ငါးဆယ်လောက်များတယ်” ဟု EV ကား ဝယ်ယူရန် ရှာဖွေနေသူတစ်ဦးက ပြောသည်။

လက်တလော ဈေးကွက်အတွင်း ကုမ္ပဏီမှ တိုက်ရိုက်ရောင်းချသော သိန်းတစ်ထောင်တန်ကားသည် တစ်ဆင့်ပြန်လည်ရောင်းချသည့် ဈေးကွက်တွင် သိန်း (၁၂၀၀) မှ သိန်း (၁၅၀၀) အထိ ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

သက်ဆိုင်ရာမှ EV ကား တင်သွင်းရောင်းချရန် ကုမ္ပဏီ (၈၀) ဝန်းကျင်ခန့် ခွင့်ပြုထားသော်လည်း လက်ရှိအချိန်အထိ EV ကား (၂၀၀၀) ဝန်းကျင်သာ ပြည်တွင်း၌ သုံးစွဲနေသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com