ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပေဒများ (၁၄)

  • 113 views

 

၁၀။ မော်တော်ယာဉ်၏ မှတ်ပုံတင်သက်တမ်းကာလသည် ဦးစီးဌာနက သတ်မှတ်သည့်အတိုင်းဖြစ်သည်။ သက်တမ်းကာလ ကုန်ဆုံးရက်သည် ကုန်ဆုံးသည့်လ၏ နောက်ဆုံးရက်ဖြစ်သည်။

၁၁။ မော်တော်ယာဉ်ပိုင်ရှင်သည် မော်တော်ယာဉ် မှတ်ပုံတင်သက်တမ်း ကုန်ဆုံးသည့်ရက်မတိုင်မီ သုံးလ အတွင်း သက်တမ်းတိုး မှတ်ပုံတင်ပေးရန် သက်ဆိုင်သည့် ဒေသဆိုင်ရာမှတ်ပုံတင်အရာရှိထံ လျှောက်ထား ဆောင်ရွက်နိုင်သည်။

၁၂။ မော်တော်ယာဉ် သက်တမ်းတိုးမှတ်ပုံတင်ခြင်းကို ပျက်ကွက်သည့်ကာလသည်တစ်ဆက်တည်း ငါးနှစ် ပြည့်မြောက်ပြီးဖြစ်လျှင် အဆိုပါမော်တော်ယာဉ်၏ မှတ်ပုံတင်ခြင်းသည် အလိုအလျောက် ဖျက်သိမ်းပြီး ဖြစ်သည်။

 


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com