မမြင်ရသော စာတန်းများ

  • 122 views

ရှေ့ကကားမှာ လိပ်တစ်ကောင်ကဲ့သို့ မောင်းနေသည်။

အဆက်မပြတ် ဟွန်းတီးနေသော်လည်း လမ်းမပေး။

ဒေါသပေါက်ကွဲလုဆဲဆဲ ရှိချိန်တွင် ကားနောက်ပိုင်းမှ စတစ်ကာလေးတစ်ခုကို သတိပြုမိလိုက်သည်။

“ခန္ဓာကိုယ် မသန်စွမ်းပါ။ ကျေးဇူးပြုပြီး စိတ်ရှည်ပေးပါ။”ဟု ရေးသားထားခြင်း ဖြစ်သည်။

ထိုစတစ်ကာလေး တွေ့ပြီးနောက်ပိုင်း ကျွန်ုပ်၏ တင်းမာနေသော စိတ်များ ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။

ကျွန်ုပ်၏ ပူလောင်နေမှုများ ချက်ချင်း ငြိမ်သက်သွားခဲ့ပြီး ကားအရှိန်ကိုလည်း လျှော့ချလိုက်သည်။

ထိုကားနှင့် ယာဉ်မောင်းကို ကျွန်ုပ် လိုက်လံ အကာအကွယ်ပေးခဲ့ပါသည်။
အလုပ်သို့ မိနစ်အနည်းငယ်နောက်ကျပြီးမှ ရောက်၏။

သို့သော် အဆင်ပြေပါသည်။

ကျွန်ုပ်၏ စိတ်အာရုံတွင် ထိုဖြစ်ရပ်ကိုသာ တွေးနေမိသည်။

ကားနောက်ပိုင်းမှ စတစ်ကာ ကလေးကို မတွေ့လျှင် ကျွန်ုပ် စိတ်ရှည်သည်းခံပါမည်လော။

အခြားသူများအပေါ် စိတ်ရှည်သည်းခံမှုထားနိုင်ရန် အဘယ်ကြောင့် စတစ်ကာများ လိုအပ်နေရသနည်း။

ကျွန်ုပ်တို့နှင့် တွေ့ကြုံရသူတို့တွင် နဖူးနဲ့ စာတန်းများ ချိတ်ဆွဲထားမှ ကျွန်ုပ်တို့က အခြားသူတို့အပေါ် သည်းခံကာ အကြင်နာတရား ပြကြမည်လော။
ဥပမာအားဖြင့်………

“ကျွန်မ အခုဘဲ အလုပ်ပြုတ်လာပါတယ်”

“ကင်ဆာဝေဒနာရှင်ပါ”

“လက်ရှိအိမ်ထောင်နဲ့ ကွာရှင်းပြတ်စဲရဖို့ ဖြစ်နေပါတယ်။”

“စိတ်ဆင်းရဲအောင် အမျိုးမျိုးလုပ်တာ ခံနေရပါတယ်။”

“အချစ်ရဆုံးသူ လူ့လောကကြီးကနေ ထွက်ခွာသွားပါပြီ။”

“ကိုယ့်ဘဝကြီးဟာ တန်ဖိုးမရှိသလို ခံစားနေရပါတယ်။”

“ရှိသမျှ တက်တက်ပြောင်သွားပါပြီ။” အစရှိသော စာတန်းမျိုး ဖြစ်၏။

လူတိုင်းသည် ကျွန်ုပ်တို့ မတူသော တိုက်ပွဲတစ်ရပ် ဆင်နွှဲနေကြရသည်။

ကျွန်ုပ်တို့ လုပ်ဆောင်ပေးနိုင်သည့်အရာမှာ စိတ်ရှည်မှုထားကာ အကြင်နာတရားပေးရန် ဖြစ်ပါသည်။

မမြင်ရသော စာတန်းများကို လေးစားကြပါစို့။

 

Ref: A Very Slow Moving Car  (dailytenminutes)

Photo Credit:  shutterstock