- ပင်မစာမျက်နှာ
- ကားသတင်းများ
- စင်းလုံးငှား ကားဈေးကွက်အတွင်း ပစ်ကပ်ကားငယ်များ အငှားမြင့်တက်နေ
စင်းလုံးငှား ကားဈေးကွက်အတွင်း ပစ်ကပ်ကားငယ်များ အငှားမြင့်တက်နေ
- 377 views
မြန်မာနှစ်သစ်ကူးကာလ နယ်ပြန်မည့်ခရီးသည်များအတွက် စင်းလုံးအငှားကားဈေးကွက်တွင် ကုန်တင်ပစ်ကပ်ကားငယ်များ အငှားသွက်နေကြောင်း စင်းလုံးအငှားကား လုပ်ငန်းရှင်များထံမှ သိရသည်။
“ ပစ်ကပ်ကားလေးတွေ အငှားများတယ် ခွေးဘီလူးတို့ လိုက်ထရပ်တို့က ငှားခသက်သာတော့ နယ်ပြန်တဲ့ အလုပ်သမားတွေ စုငှားကြတယ်။ အံစာတုံးတွေကတော့ သိပ်မငှားရဘူး။ အရင် ကိုဗစ်ကာလထက်တော့ အငှားများပါတယ်” ဟု ကားစင်းလုံးငှား လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယခုနှစ်မြန်မာနှစ်ကူး ရုံးပိတ်ရက်များတွင် နယ်ဝေးခရီးသွားများ အသွားအလာ ကျဆင်းနေသော်လည်း စင်းလုံးကားငှားရမ်းမှုမှာ ပုံမှန်အတိုင်း ရှိနေကြောင်း သိရသည်။
အဝေးပြေးဂိတ်များတွင် ကားလတ်မှတ်ဝယ်ယူရန် ခက်ခဲခြင်းနှင့် နယ်မြို့များသို့ ကုန်စည်အများအပြား သယ်ဆောင်ရန်လိုအပ်ချက်များကြောင့် ကားစင်လုံးငှားမှုများ ရှိနေကြောင်း သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com