ဘောလိဝုဒ်ကြယ်ပွင့် ရန်ဘီ ကပူးက ရူပီး ၆ ကုဋေ တန်ကြေးရှိ Bentley ကားသစ်တစ်စင်း မိမိကိုယ်မိမိ လက်ဆောင်ပေး

  • 272 views


Animal ဇာတ်ကားထဲမှ ဇာတ်ကောင်ဖြစ်သော ရန်ဗီဂျေးဆင်းနည်းတူပင် သရုပ်ဆောင်ခဲ့သူ ရန်ဘီ ကပူးသည်လည်း High-end မော်တော်ကားများကို ရင်ခုန်စွဲလမ်းသူတစ်ဦးဖြစ်ပြီး မကြာသေးမီက သူ၏ ကားပိုင်ဆိုင်မှုကို ထပ်မံတိုးချဲ့လာခဲ့သည်။

ဘောလိဝုဒ်ကြယ်ပွင့်တို့ Luxury ကားများ နှစ်သက်ခုံမင်မှုမှာ လူသိများသည်။

ထိုအထဲတွင် Animal ၏ သရုပ်ဆောင်မင်းသား ရန်ဘီ ကပူးလည်း ပါဝင်နေသည်။

သို့သော် ရုပ်ရှင်ဇာတ်ကောင် ရန်ဗီဂျေးနှင့် အပြင်လောကမှ ရန်ဘီ ကပူးတို့မှာ အကြိုက်ချင်း မတူချေ။

ရုပ်ရှင်ထဲမှ ရန်ဗီဂျေးမှာ Roll-Royce ကားကို အလွန်နှစ်သက်ကြောင်း ရုပ်ရှင်ထဲတွင် ပြသထားသည်။

အပြင်လောကမှ ရန်ဘီကဗူးမှာမူ မကြာသေးမီက ကားဝယ်ယူခဲ့ရာတွင် ဗြိတိန်ထုတ် Luxury ကားကို ရွေးချယ်ခဲ့သည်။

 

 

မကြာသေးမီက ထွက်ပေါ်လာသော ဗွီဒီယိုဖိုင်တစ်ခုတွင် ရန်ဗီ၏ နောက်ဆုံးဝယ်ယူလိုက်သောကားကို တွေ့ရသည်။

ရန်ဘီ ကပူး ဝယ်ယူလိုက်သောကားမှာ Dark sapphire blue အရောင် Bentley Countinetal GT V8 ဖြစ်သည်။

CarDekho ၏ ဖော်ပြချက်အရ အဆိုပါကား၏ လမ်းပေါ်တွင် အသင့်စီးနိုင်သော အဆင့်ဈေးနှုန်းမှာ ရူပီး ၆ ကုဋေခန့်ရှိသည်ဟု ဆိုသည်။
အရောင်းပြခန်းဈေးနှုန်းမှာမူ ရူပီး ၅ ဒသမ ၂ ကုဋေ ဖြစ်သည်။

ဗွီဒီယိုထဲတွင် တွေ့မြင်ရမှုအရ ရန်ဘီကပူးကို ယာဉ်မောင်းခုံတွင် တွေ့ရပြီး မွန်ဘိုင်းမြို့လမ်းများပေါ်၌ စမ်းသပ်မောင်းနှင်ခဲ့သည်ကို တွေ့ရသည်။

တခုသော ဗွီဒီယိုဖိုင်တွင် တွေ့မြင်ရမှုအရ ရန်ဘီကပူးသည် တောင်းရမ်းစားသောက်နေသော သက်ကြီးရွယ်အို တစ်ဦးကို ငွေအချို့လှူဒါန်းနေသည်ကို တွေ့ရသည်။

 

ပြီးခဲ့သောနှစ်က သူ၏ မွေးနေ့တွင် Financial Express သတင်းဌာနက ဖော်ပြခဲ့သည်မှာ ရန်ဘီးတွင် Mercedes-AMG G 63,Range Rover Evoque,Range Rover Sport,Audi A8 နှင့် Audi R8 တို့ ပိုင်ဆိုင်ထားကြောင်း ဖော်ပြသည်။

ရန်ဘီကပူးသည် ဝေဖန်မှု များစွာရင်ဆိုင်ခဲ့ရသော်လည်း ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော Animal ဇာတ်ကား တွင် ပါဝင်သရုပ်ဆောင်ပြီးနောက် ရာမယနဇာတ်ကားတွင် ရာမမင်းသားဖြင့် ပါဝင်သရုပ်ဆောင်ရန် စီစဉ်နေ သည်ဟူသော ကောလဟလ ထွက်ပေါ်လာသည်။

Neflix မှ ထုတ်လွှင့်သော The Great Indian Kapil Show ရုပ်သံအစီအစဉ်တွင် ရန်ဘီကပူးသည် မိခင်ကြီး ဖြစ်သူ နီတူကပူး၊ ညီမဖြစ်သူ ရီဒီမာ ကပူးတို့နှင့်အတူ ပါဝင်ကာ ၎င်းတို့၏ မိသားစုအကြောင်း ပြောပြခဲ့သည်။

 

 

ရန်ဘီ၏ မိခင်ကြီးက ကွယ်လွန်သွားပြီဖြစ်သော သူမ၏ ခင်ပွန်း ရီရှီကပူးက ကလေးများအား မည်သို့ ပျိုးထောင်ပေးခဲ့ပုံကို ပြောပြခဲ့သည်။

အချိန်၏ တန်ဖိုး၊ ငွေ၏ တန်ဖိုးတို့အကြောင်း သင်ပေးခဲ့ပြီး အရေးအကြီးဆုံးမှာ အခြားသူများအား လေးစားရန် သင်ပေးခဲ့ခြင်းဖြစ်ကြောင်း နီတူကပူးက ပြောသည်။

ရန်ဘီနှင့် ရီဒီမာတို့ နိုင်ငံခြားတွင် ပညာသင်ယူနေစဉ် ဖခင်ကြီးက မပျက်စီးစေရန်အတွက် ငွေများများ မပေးခဲ့ ကြောင်း၊ နေ့လည်စာအတွက် ၁၀ ဒေါ်လာနှင့် ညစာအတွက် ၁၀ ဒေါ်လာသာပေးကြောင်း နီတူကပူးက ပြောသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Ranbir Kapoor gifts himself a brand new Bentley car worth Rs 6 crore; stops to give money to elderly man (indianexpress)


 Photo Credit:  Animal, Voompla/Instagram