ကားလုပ်ငန်းနယ်ပယ်မှ အချမ်းသာဆုံး ဘီလျံနာ (၅) ဦး

  • 613 views

ဤဆောင်းပါးတွင် ကားလုပ်ငန်းနယ်ပယ်မှ အချမ်းသာဆုံး ထိပ်တန်းဘီလျံနာကြီး ၅ ဦးအကြောင်း ဖော်ပြသွားပါမည်။


(၅။ အဲရစ်လီ )

 


ကြွယ်ဝမှု- ကန်ဒေါ်လာ ၁၇ ဒသမ ၇ ဘီလီယံ

အဲရစ်လီသည် တရုတ်ပြည်၏ အကြီးမားဆုံး ကားထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော Geely Automobile Holdings Limited ၏ ဥက္ကဌ ဖြစ်သည်။


အဲရစ်လီ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၇ ဒသမ ၇ ဘီလီယံရှိပြီး ကားလုပ်ငန်းနယ်ပယ်မှ အချမ်းသာဆုံး ဘီလျံနာကြီးများစာရင်းတွင် နံပါတ် ၅ နေရာ၌ ရပ်တည်နေသည်။


(၄။ ဆူဇန် ကလက်တန်)

 


ကြွယ်ဝမှု- ကန်ဒေါ်လာ ၂၆ ဒသမ ၁ ဘီလီယံ 

ဆူဇန် ကလက်တန် (Susanne Klatten) သည် ကမ္ဘာ့ထိပ်တန်း ဂျာမနီ ကားထုတ်လုပ်သူ Bayerische Motoren Werke Aktiengesellschaft  (BMW) တွင် ရှယ်ယာ ၁၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။
မတ်လ ၃၀ ရက်နေ့ အချက်အလက်များအရ ဆူဇန် ကလက်တန်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂၆ ဒသမ ၁ ဘီလီယံ ရှိသည်။


(၃။ စတက်ဖန် ကွမ့်ထ်)

 


ကြွယ်ဝမှု-ကန်ဒေါ်လာ ၂၆ ဒသမ ၉ ဘီလီယံ

စတက်ဖန် ကွမ့်ထ်သည် ဆူဇန်ကလက်တန်၏ အစ်ကိုဖြစ်ပြီး Bayerische Motoren Werke Aktiengesellschaft  (BMW) တွင် ရှယ်ယာ ၂၃ ဒသမ ၆ ရာခိုင်နှုန်းနီးပါး ပိုင်ဆိုင်ထားသည်။

စတက်ဖန် ကွမ့်ထ်သည် ကားလုပ်ငန်းနယ်ပယ်ရှိ အချမ်းသာဆုံး ဘီလျံနာကြီးများစာရင်းတွင် နံပါတ် ၃ နေရာ၌ ရပ်တည်နေသည်။


(၂။ ရော်ဘင်စန် ယုချင်)

 


ကြွယ်ဝမှု- ကန်ဒေါ်လာ ၂၇ ဒသမ ၄ ဘီလီယံ

ရော်ဘင်စန် ယုချင် (Robin Zeng Yuqun) သည် ကမ္ဘာ့အကြီးမားဆုံး ဘက်ထရီထုတ်လုပ်သည့် ကုမ္ပဏီကြီး ဖြစ်သော Contemporary Amperex Technology Co.,Limited  (CATL) ၏ တည်ထောင်သူ၊ ဥက္ကဌ ဖြစ်သည်။

ရော်ဘင်စန်သည် ကားလုပ်ငန်းနယ်ပယ်တွင် ကမ္ဘာပေါ်၌ ဒုတိယအချမ်းသာဆုံး ဘီလျံနာကြီး ဖြစ်သည်။


(၁။ Elon Musk)

 


ကြွယ်ဝမှု- ကန်ဒေါ်လာ ၁၉၅ ဒသမ ၃ ဘီလီယံ


Elon Musk သည် ရင်းနှီးမြှုပ်နှံမှု အမျိုးမျိုးပြုလုပ်ထားသည်။
ကုမ္ပဏီ ၆ ခုပိုင်ဆိုင်ထားပြီး လျှပ်စစ်ကား ကုမ္ပဏီဖြစ်သော Tesla Inc လည်း အပါအဝင်ဖြစ်သည်။

Elon Musk ၏ ကြွယ်ဝမှုမှာ ၁၉၅ ဒသမ ၃ ဘီလီယံရှိပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင် ဖြစ်သည်။


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref: 5 Richest Billionaires in Automotive Industry (insidermonkey)

 Photo Credit:  insidermonkey