• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • လျှပ်စစ်မီးမရှိသော ကျေးရွာမှ နွားခြံတစ်ခုတွင် မွေးဖွားကြီးပြင်းခဲ့ပြီး တရုတ်ပြည်၏ Elon Musk ဟု နာမည်ကြီးသူ ဝီလျံလီအကြောင်း

လျှပ်စစ်မီးမရှိသော ကျေးရွာမှ နွားခြံတစ်ခုတွင် မွေးဖွားကြီးပြင်းခဲ့ပြီး တရုတ်ပြည်၏ Elon Musk ဟု နာမည်ကြီးသူ ဝီလျံလီအကြောင်း

  • 412 views

• ဝီလျံလီသည် တရုတ်ပြည်မှ လျှပ်စစ်မီး မရှိသော ကျေးရွာလေးတစ်ခုတွင် မွေးဖွားကြီးပြင်းခဲ့

• ကုမ္ပဏီပေါင်း ၄၀ တွင် ပူးတွဲတည်ထောင်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းများ ပြုလုပ်ထားရာ လျှပ်စစ်ကား ကုမ္ပဏီ Nio လည်း အပါအဝင်ဖြစ်

• Nio ကား ဝယ်ယူပိုင်ဆိုင်ထားသော ကားပိုင်ရှင်များသည် ဝီလျံလီထံ ကား၏ app မှတဆင့် တိုက်ရိုက် ဆက်သွယ်နိုင်

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့ အခြေစိုက် EV ကုမ္ပဏီ Nio ကို ဝီလျံလီက ၂၀၁၄ ခုနှစ်တွင် ပူးတွဲ တည်ထောင်ခဲ့သည်။

ဝီလျံလီကို ဘင်လီဟုလည်း လူသိများသည်။

Self-driving စနစ်ပါ EV များထုတ်လုပ်မှုနှင့် သူ၏ သစ္စာရှိသော Fan များကြောင့် တရုတ်ပြည်၏ Elon Musk ဟုလည်း ကျော်ကြားသည်။
ကုမ္ပဏီ၏ နှစ်စဉ် ကျင်းပသော Nio Day တွင် ကုမ္ပဏီထုတ် နောက်ဆုံးပေါ် ET9 ကို ကြည့်ရှုရန် Nio ကားပိုင်ရှင်ပေါင်း ၁၀,၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

အောက်တွင် Nio ၏ စီအီးအို ဝီလျံလီနှင့် ပတ်သက်၍ သိသင့်သည့် အချက်အလက်များကို ဖော်ပြထားပါသည်။

 

 

၁။ နို့စားနွား မွေးမြူရေးခြံတွင် ကြီးပြင်းခဲ့

 

(လီသည် ကုမ္ပဏီပေါင်းများစွာကို ပူးတွဲတည်ထောင်ခဲ့သူ ဖြစ်သည်။ ဓာတ်ပုံ-REUTERS/Yilei Sun)

 

ဝီလျံလီသည် ၁၉၇၄ ခုနှစ်တွင် မွေးဖွားပြီး တရုတ်ပြည်ရှိ စိုက်ပျိုးရေး အဓိကလုပ်သော ပြည်နယ်ဖြစ်သည့် အန်းဟွေ့ပြည်နယ်ရှိ နို့စားနွား မွေးမြူရေးခြံတစ်ခုတွင် ကြီးပြင်းခဲ့သည်။

လီအထက်တန်းကျောင်းသားဘဝ ရောက်ချိန်အထိ သူ၏ ရွာကလေးမှာ လျှပ်စစ်မီး မရှိချေ။

တရုတ်ပြည်ရှိ ဂုဏ်သတင်းအကြီးဆုံး တက္ကသိုလ်များတွင် ပါဝင်သော ပီကင်းတက္ကသိုလ်သို့ တက်ရောက်ခွင့် ရခဲ့ပြီး လူမှုဗေဒနှင့် ဥပဒေပညာတို့ကို သင်ယူခဲ့သည်။

အသက် ၂၁ နှစ်အရွယ်တွင် ကုမ္ပဏီတစ်ခု စတင်တည်ထောင်ခဲ့သည်။
ယင်းနောက်ပိုင်း ကုမ္ပဏီပေါင်း ၄၀ ကို ပူးတွဲတည်ထောင်ခြင်း ပါဝင်ရင်းနှီးမြှုပ်နှံခြင်းများ ပြုလုပ်ခဲ့သည်။

 

၂။ အသက် ၂၀ ကျော်တွင် ကုမ္ပဏီတစ်ခု စတင်တည်ထောင်ခဲ့

 

ကားနှိုင်းယှဉ်မှု ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Bitauto ကို ၂၀၀၀ ပြည့်နှစ်တွင် ပူးတွဲတည်ထောင်ခဲ့သည်။

ထိုဝက်ဘ်ဆိုက်မှာ ကြီးမားသည့် အောင်မြင်မှု ရရှိခဲ့ပြီး နယူးယောက်စတော့အိတ်ချိန်းတွင် ၂၀၁၀ ပြည့်နှစ်၌ ရှယ်ယာများ စတင်ရောင်းချခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် Nio အပေါ် ပိုမိုအချိန်ပေးနိုင်ရန်အတွက် Bitauto ၏ စီအီးအိုအဖြစ်မှ နှုတ်ထွက်ခဲ့သည်။

 

၃။ ဘက်ထရီ လဲလှယ်သည့် နည်းပညာကို ရှေ့ပြေးစတင်ခဲ့

 

(Nio ၏ ဘက်ထရီလဲလှယ်သည့် စခန်းတစ်ခု။ ဓာတ်ပုံ-VCG )

 

လီက Nio တွင် ဘက်ထရီလဲလှယ်သည့် နည်းပညာကို အသုံးပြုခြင်းအားဖြင့် အခြား EV ထုတ်လုပ်သူများ ဖြစ်သော Tesla,BYD တို့နှင့် တမူကွဲပြားစေခဲ့သည်။

၎င်းတို့၏ ကားဝယ်ယူသည့် ပိုင်ရှင်များအနေဖြင့် အချိန်ကြာရှည်စွာ စောင့်ဆိုင်းအားသွင်းစရာ မလိုဘဲ သတ်မှတ်ထားသည့် နေရာများတွင် အားအပြည့်သွင်းပြီးသားဖြစ်သော ဘက်ထရီများနှင့် လဲလှယ် အသုံးပြု နိုင်မည် ဖြစ်သည်။

ဘက်ထရီလဲသည့် ကြာချိန်မှာ ၅ မိနစ်အောက်သာ ရှိသည်။

ကုန်ကျစရိတ် သက်သာစေရန်အတွက် Nio ဝယ်ယူသူများအနေဖြင့် ကားကို ဘက်ထရီမပါဘဲ ဝယ်ယူနိုင်ပြီး ယင်းနောက် နိုင်ငံတစ်ဝန်းရှိ ဘက်ထရီလဲသည့် စခန်းများတွင် လစဉ်ကြေး ပေးသွင်းကာ အသုံးပြုနိုင်မည် ဖြစ်သည်။

Nio သည် တရုတ်ပြည်တစ်ဝန်းတွင် ဘက်ထရီလဲလှယ်သည့် စခန်းပေါင်း ၂၀၀၀ ကျော်နှင့် ဥရောပတွင် ၃၀ ကျော် ဖွင့်လှစ်ပေးထားသည်။


၄။ Nio ၏ နောက်ဆုံးမော်ဒယ်မှာ ခွေးကလေးတစ်ကောင် ရေခါသကဲ့သို့ နှင်းများကို ခါချနိုင်စွမ်းရှိ

 

(Nio ET9 နှင်းများ ခါချနေပုံ။ ဓာတ်ပုံ-Nio)

 

Nio ၏ နောက်ဆုံးထုတ် Ultra-premium မော်ဒယ်ဖြစ်သော ET9 သည် နှင်းများခါချကာ လေကာမှန်နှင့် အမိုးတို့ကို ရှင်းလင်းနိုင်စွမ်းရှိသည်။
လီက အဆိုပါကား၏ တည်ငြိမ်မှု အနေအထားကိုလည်း ဗွီဒီယိုဖိုင်တစ်ခုဖြင့် ပြသခဲ့ရာ လမ်းကြမ်းများ ဖြတ်မောင်းနေစဉ်တွင် ကားရှေ့ဘက်၌ ရှန်ပိန်အပြည့်ထည့်ထားသော ဖန်ခွက်များအား မမှောက်အောင် ထိန်းထားနိုင်ပုံကို တွေ့ရသည်။

 

၅။ Nio ကားများမှာ ဈေးအလွန်ကြီး 

 

(နယူးယောက် စတော့အိတ်ချိန်းဈေးကွက်ရှေ့တွင် Nio ကားတစ်စင်း ရပ်နားထားပုံ။ ဓာတ်ပုံ-Reuters)

 

Nio ၏ စမတ် EV များမှာ Tesla ထက်ပင် ပိုမိုဈေးကြီးနိုင်ကြောင်း CNBC က ဖော်ပြသည်။

၂၀၂၅ ခုနှစ်တွင် တရုတ်ပြည်၌ စတင်ဖြန့်ချိမည့် ET9 ဈေးနှုန်းမှာ ကန်ဒေါ်လာ ၁၁၂၀၀၀ ကျသင့်မည် ဖြစ်သည်။

၆။ Nio ကား ဝယ်ယူထားသော ကားပိုင်ရှင်များအနေဖြင့် လီထံ ကြိုက်သည့်အချိန်တွင် တိုက်ရိုက် မက်ဆေ့ပေးပို့ ဆက်သွယ်နိုင်


(Nio ထုတ် Smart EV များနှင့် ချိတ်ဆက် အသုံးပြုနိုင်သော Nio ဖုန်းကို ပြီးခဲ့သောနှစ်က စတင်ချပြခဲ့သည်။ ဓာတ်ပုံ- REUTERS)

Nio ကားဝယ်ယူထားသော ကားပိုင်ရှင်များသည် ကား၏ App မှတဆင့် လီထံ တိုက်ရိုက် မက်ဆေ့ပေးပို့နိုင်သည်ဟု ဆိုသည်။

ကုမ္ပဏီ၏ အကြီးတန်းအမှုဆောင်အချို့သည် လီထံမှ ညလယ်သန်းခေါင် ဖုန်းခေါ်ဆိုမှုများနှင့် ကြုံတွေ့လာရပြီး Customer တို့၏ အကြံပြုချက်များကို ဖြေရှင်းအကောင်အထည် ဖော်ပေးရန် လီက လမ်းညွှန်လေ့ရှိကြောင်း FT က ဖော်ပြသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: 8 things you need to know about EV startup founder William Li — known as China's version of Elon Musk (businessinsider)

 Photo Credit:  REUTERS/Yilei Sun, VCG, Nio, Reuters, REUTERS/Zoey Zhang