စက်သုံးဆီကားများ အ‌ဓိကထား အ‌ရောင်းအဝယ်များနေ

  • 287 views

ပြည်တွင်းဈေးကွက်အတွင်းမှာ စက်သုံးဆီကားအများစု အရောင်းအဝယ်ဖြစ်နေပြီးတော့ EV ကားသစ်များ တင်သွင်းမှု နည်းနေသေးကြောင်း မော်တော်ကား ဝယ်ရောင်းလုပ်ငန်းရှင်များထံမှ သိရသည်။

“EV ကားတွေက တင်သွင်းခွင်ရတဲ့သူတွေက ဈေးကွက်ထဲ ဝင်မလာသေးတော့ စက်သုံးဆီကားဘဲ ရောင်းနေရတာ။ ဒါတောင် တချို့ SKD ကားတွေ အသစ်သွင်းခွင့်မရသေးလို့ ။ အရောင်းအဝယ် အေးနေတော့ လုပ်ငန်းကို ထိန်းပြီးလုပ်နေကြတယ်” ဟု မြန်မာမော်တော်ကားတင်သွင်းထုတ်လုပ်‌ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်တလော အ‌ရောင်းအဝယ်များသည့် စက်သုံးဆီကားများမှာ သိန်း (၃၀၀) မှ သိန်းတစ်ထောင်ကြား ကားအမျိုးအစား အများဆုံးပါဝင်ပြီး သင်္ကြန်ကာလ မတိုင်မီအထိ အရောင်းအဝယ်ကောင်းနိုင်ကြောင်း သိရသည်။

မတ်လကုန် မှ ဧပြီလ ပထမပတ်အတွင်း နယ်မြို့များမှ ဝယ်လက်တချို့ ကားဝယ်ယူမှုရှိသည့်အပြင် ရန်ကုန်နှင့်မန္တလေးမြို့ကြီးများတွင် နွေရာသီ ခရီးသွားလာမှုအတွက် ကားဝယ်ယူမှုများရှိနေသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com