- ပင်မစာမျက်နှာ
- ကားသတင်းများ
- သင်္ကြန်အကြိုနေ့တွင် YBS အစီး (၁၃၀၀) ကျော်၊ ကျန်သင်္ကြန်ရက်များတွင် (၉၃၈) စီးဖြင့် ပုံမှန်ပြေးဆွဲပေးမည်
သင်္ကြန်အကြိုနေ့တွင် YBS အစီး (၁၃၀၀) ကျော်၊ ကျန်သင်္ကြန်ရက်များတွင် (၉၃၈) စီးဖြင့် ပုံမှန်ပြေးဆွဲပေးမည်
- 93 views
မဟာသင်္ကြန် ပွဲတော်ကာလတွင် အကြိုနေ့၌ YBS အစီး ၁၃၀၀ ကျော်နှင့် အကျ၊အကြတ်နှင့် အတတ်နေ့များတွင် ယာဉ်စီးရေ ၉၃၈ စီးဖြင့် ပုံမှန်ပြေးဆွဲပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC မှ သိရသည်။
သင်္ကြန်ရုံးပိတ်ရက် ကာလမတိုင်မီ ယာဉ်လိုင်းပေါင်း ၁၃၁ လိုင်းမှ ယာဉ်စီးရေ ၃၈၀၀ ခန့်ဖြင့်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ယာဉ်စီးခနှုန်းထားကိုလည်း ပုံမှန်နှုန်းထားအတိုင်းသာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
သင်္ကြန်ကာလအတွင်း YBS ယာဥ်လိုင်းမှ ယာဥ်စီးရေလျှော့ ၍ ပြေးဆွဲမည်ဖြစ်ပြီး ယာဥ်စီးခကိုလည်း ပုံမှန်အတိုင်းသာ ကောက်ခံရန်အတွက် YRTC မှ YBS ယာဥ်လိုင်းများသို့ ညွှန်ကြားထားပြီးဖြစ်သည့်အပြင် ယာဥ်စီးခ ပိုတောင်းပါက ယာဥ်လိုင်းပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် သင်္ကြန်ကာလအတွင်း ယာဥ်စီးခပိုတောင်းသည့် YBS ယာဥ်လိုင်း (၁၄) လိုင်းကို ပြေးဆွဲခွင့် တစ်လပိတ်၍ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com