- ပင်မစာမျက်နှာ
- ကားသတင်းများ
- တိုက်ဂါးရှော့နှင့် လမ်းခွဲပြီး gym trainer နှင့် တွဲနေသော ဘောလိဝုဒ်ရုပ်ရှင်မင်းသမီး ဒီရှားပတာနီ၏ မော်တော်ကားများ
တိုက်ဂါးရှော့နှင့် လမ်းခွဲပြီး gym trainer နှင့် တွဲနေသော ဘောလိဝုဒ်ရုပ်ရှင်မင်းသမီး ဒီရှားပတာနီ၏ မော်တော်ကားများ
- 588 views
ဒီးရှား ပတာနီသည် ၂၀၁၅ ခုနှစ်က ရုံတင်ခဲ့သော တလဂူရုပ်ရှင် Loafer ဖြင့် သရုပ်ဆောင်လောကသို့ စတင်ဝင်ရောက်ခဲ့ရာမှ နာမည်ကျော် ဘောလိဝုဒ်ရုပ်ရှင်မင်းသမီးဘဝသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ဒီးရှား ပတာနီကို ကျော်ကြားစေခဲ့သည်မှာ ၂၀၁၆ ခုနှစ်က ရုံတင်ခဲ့သော အားကစားအတ္ထုပ္ပတ္တိ အခြေပြု ဟင်ဒီရုပ်ရှင်ဇာတ်ကားဖြစ်သော ‘M.S. Dhoni: The untold story ဖြင့် နာမည်ကျော်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ်က ရုံတင်ခဲ့သော တရုတ်အက်ရှင်ဟာသကား ‘Kung Fu Yoga’ တွင် ဒီးရှား ပတာနီ ပါဝင်သရုပ်ဆောင်ခဲ့သည်။
အဆိုပါဇာတ်ကားသည် သမိုင်းတလျှောက် ဝင်ငွေအများဆုံး တရုတ်ရုပ်ရှင်များထဲတွင် တစ်ခု အပါအဝင် ဖြစ်ခဲ့သည်။
ဒီးရှား ပတာနီသည် ဘောလိဝုဒ်တွင် ထင်ရှားသည့်ကြယ်ပွင့်ဖြစ်ရုံမျှမက ကမ္ဘာကျော်အမှတ်တံဆိပ်များစွာနှင့် လက်တွဲလျက်ရှိရာ ၂၀၂၁ ခုနှစ်အတွင်း Calvin Klein ၏ brand ambassador ဖြစ်လာခြင်းလည်း ပါဝင်သည်။
((ဒီးရှားပတာနီ အချစ်ရေး))
ဒီးရှား ပတာနီသည် တိုက်ဂါးရှော့နှင့် လမ်းခွဲခဲ့ပြီး တစ်နှစ်အကြာတွင် သူမ၏ gym trainer ဖြစ်သူ Alexander alex lllic နှင့်တွဲနေကြောင်း ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်းက တရားဝင် အတည်ပြုထားသည်။
((ဒီးရှားပတာနီ၏ မော်တော်ကားများ))
ဘောလိဝုဒ်ကြယ်ပွင့်တို့သည် သရုပ်ဆောင်ကျွမ်းကျင်မှုအပြင် ခမ်းနားထည်ဝါမှုကို နှစ်သက်တတ်မှုဖြင်လည်း လူသိများသည်။
ဘောလိဝုဒ်ကြယ်ပွင့်များ ရူပီး ကုဋေနှင့်ချီကာ အကုန်ကျခံသုံးစွဲလေ့ရှိသောအရာတစ်ခုမှာ Luxury မော်တော်ကားများ ဖြစ်သည်။
ဘောလိဝုဒ်သို့ အသစ်ရောက်ရှိလာသော တက်သစ်စများပင်လျှင် ဈေးအကြီးဆုံး Luxury ကားများဖြင့် မွန်ဘိုင်းမြို့တွင် လည်ပတ်နိုင်ကြသည်။
ယင်းတို့အနက် တစ်ဦးမှာ ဘောလိဝုဒ်ရုပ်ရှင်မင်းသမီး ဒီရှားပတာနီ ဖြစ်သည်။
အိန္ဒိယတွင် အားပေးထောက်ခံသူ များစွာ ရရှိထားသော ဒီရှားသည် တန်ဖိုးကြီး မော်တော်ကားများစွာ ပိုင်ဆိုင်ထားရာ အောက်တွင် သူပိုင်ဆိုင်ထားသော ကားများအကြောင်း ဖော်ပြထားပါသည်။
(2019 Range Rover Sport HSE)
ဒီရှားပတာနီ ပိုင်ဆိုင်ထားသောကားများအနက် ဈေးအကြီးဆုံးမှာ 2019 Range Rover Sport HSE
ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ရူပီး ၁ ဒသမ ၅၁ ကုဋေ ပေးခဲ့ရပြီး 3.0 –Liter 6-cylinder အင်ဂျင်တပ်ဆင်ထားပြီး ဆွဲအား 394 bhp ရှိပြီး ရုန်းအား 550 Nm ရှိသည်။
(Mercedes Benz S450)
ဒီရှား ပတာနီ ပိုင်ဆိုင်ထားသော အခြားကားတစ်စီးမှာ Mercedes Benz S450 တပတ်ရစ်ကားအဖြစ် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဝယ်ယူချိန်က အဖြူရောင်ဖြစ်ကာ ဒီရှားက Satin Black အရောင်သို့ ပြောင်းလဲထားသည်။
3.0 liter petrol turbocharged အင်ဂျင်တပ်ဆင်ထားပြီး ဆွဲအား 362 bhp ရှိပြီး ရုန်းအား 500 Nm ရှိသည်။
(Honda Civic Hybrid)
Luxury ကားများ မတိုင်မီက ဒီရှားသည် Honda Civic ကို ကိုယ်တိုင် မောင်းနှင်သည်။
သူ၏ကားမှာ Hybrid ဖြစ်ပြီး ဆွဲအား 95 bhp ရှိပြီး ရုန်းအား122 Nm ရှိသည်။
(Chevrolet Cruze)
ဒီရှားပိုင်ဆိုင်ထားသော ကားများတွင် Luxury မဟုတ်သော ကားများအနက် Chevrolet Cruze လည်း ပါဝင်သည်။
ဒီရှားကို ဤဆီဒင်ကားဖြင့် ကြိမ်ဖန်အနည်းငယ် တွေ့ခဲ့ရဖူးသည်။
Flimfare Awards ဆုပေးပွဲတွင် ဒီရှားကို တိုက်ဂါးရှော့နှင့်အတူ ဤကားဖြင့် တွေ့ခဲ့ရဖူးသည်။
2.0 liter ဒီဇယ် အင်ဂျင်တပ်ဆင်ထားပြီး ဆွဲအား 163 bhp ရှိပြီး ရုန်းအား 360 Nm ရှိသည်။
(ဆက်စပ်သတင်းများ)
မိန်းကလေးများရဲ့ အသည်းစွဲ ဘောလိဝုဒ် အက်ရှင်ထိပ်သီး တိုက်ဂါးရှော့ ဘယ်မှာနေလဲ
https://www.imyanmarhouse.com/news/read/1009552
တိုက်ဂါးရှော့၏ ချစ်သူရုပ်ရှင်မင်းသမီး ဒီးရှား ပတာနီ၏ မွန်ဘိုင်းတိုက်ခန်း
https://www.imyanmarhouse.com/news/read/1012067
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Bollywood actress Disha Patani’s car collection: From Mercedes-Benz S-Class to Range Rover (cartoq)
Photo Credit: cartoq