- ပင်မစာမျက်နှာ
- ကားသတင်းများ
- မန်ယူကြယ်ပွင့် မားကပ်စ် ရက်ရှ်ဖို့ဒ်၏ ပေါင် ၇၀၀,၀၀၀ တန် ရိုးရွိုက်စ်ကားကို YouTube ချန်နယ်တစ်ခု တည်ထောင်ထားသူတစ်ဦးက ပေါင် ၁၈၄,၀၀၀ ဖြင့် ဝယ်ယူ၊ သို့သော် ကားမှာ ဆိုးဆိုးရွားရွား ပျက်စီးနေသော ကားဖြစ်နေ
မန်ယူကြယ်ပွင့် မားကပ်စ် ရက်ရှ်ဖို့ဒ်၏ ပေါင် ၇၀၀,၀၀၀ တန် ရိုးရွိုက်စ်ကားကို YouTube ချန်နယ်တစ်ခု တည်ထောင်ထားသူတစ်ဦးက ပေါင် ၁၈၄,၀၀၀ ဖြင့် ဝယ်ယူ၊ သို့သော် ကားမှာ ဆိုးဆိုးရွားရွား ပျက်စီးနေသော ကားဖြစ်နေ
- 452 views
YouTube ချန်နယ်တစ်ခု တည်ထောင်ထားသူတစ်ဦးသည် မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် မားကပ်စ် ရက်ရှ်ဖို့ဒ်၏ ရိုးရွိုက်စ်ကားကို ဝယ်ယူလိုက်သည်။
ထိုကားမှာ ပြီးခဲ့သော စက်တင်ဘာလက ယာဉ်တိုက်မှုဖြစ်ကာ ပျက်စီးခဲ့သော ကားဖြစ်သည်။
သို့သော် အပျက်အစီးမှာ မိမိထင်ထားသည်ထက် ဆိုးရွားနေကြောင်း ဝယ်ယူသူက ထုတ်ဖော်ပြောကြား လာသည်။
အဆိုပါကားကို ရိုးရွိုက်စ် ကုမ္ပဏီက ဂျာမနီ Luxury ကားထုတ်လုပ်သူ Mansory နှင့် ပူးပေါင်းထုတ်လုပ် ထားခြင်း ဖြစ်သည်။
ရက်ရှ်ဖို့ဒ်က ထိုကားကို ဝယ်ယူခဲ့ချိန်တွင် ပေါင် ၇၀၀,၀၀၀ ပေးခဲ့ရသည်။
(အထူးအော်ဒါထုတ်လုပ်ပေးထားသော ဤကားကို မားကက်ရှ် ရက်ဖို့ဒ် ဝယ်ယူခဲ့ချိန်တွင် ပေါင် ၇၀၀,၀၀၀ ပေးခဲ့ရသည်။ ဓာတ်ပုံ-Eamonn and James Clarke)
(အချက်ပြ လမ်းမီးတိုင်ကို ဝင်တိုက်ခဲ့ပြီး ကား၏ ဘယ်ဘက်ခြမ်းမှာ ဆိုးဆိုးရွားရွား ပျက်စီးခဲ့သည်။ ဓာတ်ပုံ-MAT ARMSTRONG YOUTUBE)
(မားကပ်စ် ရက်ရှ်ဖို့ဒ် ပိုင်ဆိုင်သော ကားဖြစ်သည်။ ဓာတ်ပုံ-Getty)
(ဤကားကို အကောင်းတိုင်း ပြန်ဖြစ်အောင် ပြင်ဆင်သွားမည်ဟု Mat Armstrong က ပြောသည်။ ဓာတ်ပုံ- Mat Armstrong YouTube )
ကားတိုက်မှုတွင် ရက်ဖို့ဒ်နှင့် အခြားယာဉ်မောင်းတို့မှာ ကံကောင်းထောက်မစွာဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိချေ။
ကား၏ ဝဲဘက်ခြမ်းမှာမူ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီးနောက် လေလံတင်ရောင်းချခဲ့သည်။
YouTube တွင် Subscriber ၂ ဒသမ ၅၅ သန်းရှိသည့် ချန်နယ်တစ်ခု တည်ထောင်ထားသူ Mat Armstrong က အဆိုပါကားကို ပေါင် ၁၈၅,၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
သို့သော် ကားပျက်စီးမှု အခြေအနေကို မြင်လိုက်ရချိန်တွင် တုန်လှုပ်သွားကြောင်း ၎င်းက ဝန်ခံသည်။
အွန်လိုင်းတွင် အရောင်းတင်သော ဓာတ်ပုံများ၌ ကားမှာ ဆိုးဆိုးရွားရွား ထိခိုက်ထားသည်ကို ရှင်းလင်းစွာ မြင်ရသော်လည်း လေလံကုမ္ပဏီက ကားစက်နှိုး၍ရကြောင်း ပြောခဲ့သည်ဟု ဆိုသည်။
(ကားမှာ ဆိုးဆိုးရွားရွား ပျက်စီးနေသည်။ ဓာတ်ပုံ- Mat Armstrong YouTube)
(ကားကို ဝန်ချီစက်ဖြင့် သယ်ယူနေပုံ။ ဓာတ်ပုံ- Mat Armstrong YouTube)
(နောက်ဘီးမှာ လုံးဝ ပျက်စီးနေသည်။ ဓာတ်ပုံ- Mat Armstrong YouTube)
(ပြတင်းမှန်တစ်ခုမှာလည်း ကွဲနေသည်။ ဓာတ်ပုံ- Mat Armstrong YouTube)
(မိမိအတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း Mat Armstrong က ပြောသည်။ ဓာတ်ပုံ- Mat Armstrong YouTube)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: I bought Man Utd star Marcus Rashford’s £700,000 Rolls-Royce for £184,000 – but had no idea it was completely destroyed (thesun)
Photo Credit- Mat Armstrong YouTube, Eamonn and James Clarke, Getty