ပြည်တွင်း EV လျှပ်စစ်ကားဈေးကွက်အတွင်း ပြိုင်ဆိုင်မှုများလာ

  • 346 views

 

EV လျှပ်စစ်ကား ဈေးကွက်အတွင်း တရုတ်နိုင်ငံထုတ် EV ကားမျိုးစုံ ဝင်ရောက်လျှက်ရှိရာ ဈေးကွက်ပြိုင်ဆိုင်မှု ရှိလာကြောင်း EV လျှပ်စစ်ကား တင်သွင်းသူများထံမှ သိရသည်။

လက်ရှိတွင် သက်ဆိုင်ရာမှ EV လျှပ်စစ်ကား တင်သွင်း‌ရောင်းချခွင့် ပြုထားသည့် ကုမ္ပဏီပေါင်း (၈၀)ဝန်းကျင်ခန့် ရှိနေပြီး အရောင်းပြခန်းများ ဖွင့်လှစ်ခြင်းနှင့် စမ်းသပ်မောင်းနှင်မှုများ ဆက်တိုက် ပြုလုပ်နေကြသည်။

“အရစ်ကျနဲ့ရောင်းတဲ့ EV လျှပ်စစ်ကား တွေရှိလာတော့ ဝယ်တဲ့သူဘက်က ရွေးချယ်စရာတွေ များလာတာပေါ့ ။ စက်သုံးဆီကားထက်စာရင် ဈေးလဲနည်းတော့ ဝယ်သူဘက်က စိတ်ကြိုက်ရွေးလို့ရတဲ့ အခြေအနေ ရောက်နေတယ်။ ရောင်းချတဲ့သူတွေဘက်မှာတော့ ဈေးကွက်အပြိုင်အဆိုင် ဖြစ်နေပါတယ်” ဟု မြန်မာ့မော်တော် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) မှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်တွင်းဈေးကွက်အတွင်း EV အမျိုးအစား အများအပြားရှိနေပြီး ကျပ်သိန်း(၈၀၀) ကျော်မှ ကျပ်သိန်း (၂၀၀၀) ဝန်းကျင်အထိ ပေါက်ဈေးအမျိုးမျိုး ရှိနေကြောင်း သိရသည်။

ပြည်တွင်း၌ နှစ်စဉ် EV လျှပ်စစ်ကား အစီးရေ တစ်သောင်းခွဲအထိ တင်သွင်းခွင့်ပြုရန် သက်ဆိုင်ရာက ခွင့်ပြုထားသော်လည်း ယခင်၂၀၂၃ ခုနှစ်အတွင်း အိမ်စီး EV လျှပ်စစ်ကား နှစ်ထောင်ဝန်းကျင်သာ တင်သွင်းရောင်းချနိုင်ခဲ့သည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com