- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဒူဘိုင်းအခြေစိုက်ကုမ္ပဏီက CO2 ထုတ်လွှတ်မှု လျှော့ချနိုင်ရေး ရည်ရွယ်ကာ စားသောက်ဆိုင်များ၊ မုန့်တိုက် များမှ အသုံးပြုပြီးသား အကြော်ဆီဟောင်းများ ဝယ်ယူပြီး ဒူဘိုင်းမှ မော်တော်ကားများအတွက် ဇီဝလောင်စာ ထုတ်လုပ်လျက်ရှိ
ဒူဘိုင်းအခြေစိုက်ကုမ္ပဏီက CO2 ထုတ်လွှတ်မှု လျှော့ချနိုင်ရေး ရည်ရွယ်ကာ စားသောက်ဆိုင်များ၊ မုန့်တိုက် များမှ အသုံးပြုပြီးသား အကြော်ဆီဟောင်းများ ဝယ်ယူပြီး ဒူဘိုင်းမှ မော်တော်ကားများအတွက် ဇီဝလောင်စာ ထုတ်လုပ်လျက်ရှိ
- 92 views
ဒူဘိုင်းအခြေစိုက် Lootah Biofuels ကုမ္ပဏီသည် အသုံးပြုပြီးသား ဟင်းချက်အကြော်ဆီများမှ ဇီဝလောင်စာ ထုတ်လုပ်လျက်ရှိရာ ကမ္ဘာ့ထိပ်တန်း ရေနံထုတ်လုပ်သောနိုင်ငံအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးနိုင်သော လမ်းကြောင်းတစ်ခု ရရှိလာစေသည်။
ဇီဝလောင်စာမှာ ဈေးသက်သာသည့်အပြင် ပြန်လည်ပြည့်ဖြိုးမြဲ ထုတ်ကုန်ဖြစ်သည့်အပြင် သဘာဝပတ်ဝန်းကျင် အတွက်လည်း အန္တရာယ်မရှိချေ။
Lootah Biofuels ကုမ္ပဏီသည် ယခုအခါ ဒူဘိုင်းမြို့တဝန်းတွင် ကိုယ်ပိုင်လောင်စာဆီဆိုင်များ ဖွင့်လှစ်ထားပြီး နှစ်စဉ် ဇီဝလောင်စာ လီတာ ၆ သန်း ရောင်းချပေးလျက်ရှိသည်။
ဟင်းချက်ဆီဟောင်းများမှ ဇီဝလောင်စာထုတ်လုပ်မှုမှာ Yousif Bin Saeed Al Lootah ၏ စိတ်ကူးအကြံဉာဏ် ဖြစ်သည်။
Al Lootah က အာရပ်စော်ဘွားများပြည်ထောင်စုကို ဒေသတွင်းတွင် အများပြည်သူဆီဆိုင်များ၌ အခြား လောင်စာများနှင့်အတူ ဇီဝလောင်စာကို မဖြစ်မနေ ရောင်းချရန် သတ်မှတ်မည့် ပထမဆုံးနိုင်ငံ ဖြစ်လာစေ လိုသည်။
Lootah Biofuels ကုမ္ပဏီက အသုံးပြုပြီးသား ဟင်းချက်ဆီများကို အခကြေးငွေပေးကာ ဝယ်ယူလျက်ရှိရာ စားသောက်ဆိုင်များ၊ မုန့်တိုက်များနှင့် food chains မှ လုပ်ငန်းရှင်တို့အတွက် မက်လုံးတစ်ခု ဖြစ်လာစေသည်။
အဆိုပါ supplier တို့က Lootah Biofuels ကုမ္ပဏီထံ အသုံးပြုပြီးသား ဟင်းချက်ဆီ လီတာ ၅၀၀,၀၀၀ ခန့် လစဉ်ပေးသွင်းလျက်ရှိသည်။
ပြီးခဲ့သောနှစ်အတွင်း စွန့်ပစ်ဆီများကို ဇီဝလောင်စာအဖြစ် တန်ချိန် ၇၇၀ အထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း Lootah Biofuels ကုမ္ပဏီက ထုတ်ပြန်သည်။
Lootah Biofuels ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ ဟင်းချက်ဆီဟောင်းမှ ထုတ်လုပ်သော ဇီဝလောင်စာသည် အခြားဇီဝလောင်စာများနှင့်ယှဉ်လျှင် ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ထုတ်လွှတ်မှု နည်းပါးသော အချိုးတွင် အမြင့်မားဆုံးဖြစ်ကြောင်း ဖော်ပြသည်။
၎င်းတို့ ထုတ်လုပ်ခဲ့သော ပမာဏအရဆိုလျှင် လက်ရှိအချိန်အထိ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု တန်ချိန် သန်း ၅၀၀ ခန့် လျှော့ချပေးနိုင်ခဲ့သည်ဟု ဆိုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Dubai Company Buys Used Cooking Oil to Turn Into Biofuel for Cars Citywide to Reduce CO2 Emissions (oldschoolnews)
Photo Credit: Lootah Biofuels