• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • “ဒီကားကိုစီးရင် လာမယ့်ကြာသပတေးနေ့ညမှာ ခင်ဗျား သေဆုံးလိမ့်မယ်” ဟု အင်္ဂလန်ရုပ်ရှင်မင်းသား အဲလက်ဂင်းနက်စ် ကြိုတင် ဟောကိန်းထုတ်ခဲ့သည့်အတိုင်း ဟောလိဝုဒ်ကြယ်ပွင့် ဂျိမ်းစ်ဒင်း Porshe 500 Spyder ဖြင့် ဆန်းကြယ်စွာ သေဆုံးခဲ့

“ဒီကားကိုစီးရင် လာမယ့်ကြာသပတေးနေ့ညမှာ ခင်ဗျား သေဆုံးလိမ့်မယ်” ဟု အင်္ဂလန်ရုပ်ရှင်မင်းသား အဲလက်ဂင်းနက်စ် ကြိုတင် ဟောကိန်းထုတ်ခဲ့သည့်အတိုင်း ဟောလိဝုဒ်ကြယ်ပွင့် ဂျိမ်းစ်ဒင်း Porshe 500 Spyder ဖြင့် ဆန်းကြယ်စွာ သေဆုံးခဲ့

  • 2947 views

(အဲလက်စ်ဂင်းနက်စ် ဘယ်သူလဲ)

 

ဆာအဲလက်စ်ဂင်းနက်စ် (မွေး ၁၉၁၄- ကွယ်လွန် ၂၀၀၀) သည် အင်္ဂလန်ရှင်မင်းသားတစ်ဦးဖြစ်ပြီး ရုပ်ရှင်သမိုင်း၏ အထင်ကရ ဂန္ထဝင်မြောက် ရုပ်ရှင်ကားအများအပြားတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။

ထင်ရှားသော ဇာတ်ကားများမှာ ကမ္ဘာကျော်စာရေးဆရာကြီး ချားလ်စ်ဒစ်ကင်း၏ ဝတ္ထုများကို ရိုက်ကူးထား သော ရုပ်ရှင်များဖြစ်သည့် Great Expections,Oliver Twist ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ဘောရစ် ပါစတာညက်၏ ဝတ္ထုကို ရုပ်ရှင်ရိုက်ကူးထားသော Doctor Zhivago အစရှိသော ဇာတ်ကားများ ပါဝင်သည်။

 

 

ဂင်းနက်စ်ကို အော်စကာဆု ရရှိစေခဲ့သော ဇာတ်ကားမှာ ထိုင်းမြန်မာ ဆက်သွယ်မည့် သေမင်းတမန် ရထားလမ်းပေါ်မှ ကွေ့မြစ်တံတား ဆောက်လုပ်ပုံ ဇာတ်လမ်းကို ရိုက်ကူးထားသော Bridge on the River Kwai ဇာတ်ကားဖြစ်သည်။

 

(ဂျိမ်းစ်ဒင်းဘယ်သူလဲ)

 

ဂျိမ်းစ်ဒင်း (မွေး -၁၉၃၁  ကွယ်လွန် -၁၉၅၅ ) သည် အမေရိကန်ရုပ်ရှင်မင်းသားဖြစ်ပြီး ရုပ်ရှင်လောက သက်တမ်း ၅ နှစ်တာရှိကာ အသက် ၂၄ နှစ်အရွယ်မျှဖြင့် ကွယ်လွန်သွားခဲ့သူ ဖြစ်သည်။

 

 

 

ရုပ်ရှင် ၃ ကားသာရိုက်ကူးခဲ့သော်လည်း လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီး အမေရိကန်ရုပ်ရှင် အင်စတီကျုက ဟောလိဝုဒ်ရွှေခေတ် အကောင်းဆုံးသရုပ်ဆောင်များစာရင်းတွင် ထည့်သွင်းဖော်ပြခြင်း ခံရသည်။

 

(အဲလက်ဂင်းနက်စ်နှင့် ဂျိမ်းစ်ဒင်းတို့ ဆုံစည်းခြင်း)

 

ဟောလိဝုဒ်ကြယ်ပွင့်၏ အထင်ရှားဆုံးကြယ်ပွင့်များဖြစ်သော အဲလက်ဂင်းနက်စ်နှင့် ဂျိမ်းစ်ဒင်းတို့သည် ၁၉၉၅ ခုနှစ်အတွင်း ဆုံစည်းခဲ့ကြသည်။


(ဂျိမ်းစ်ဒင်း၏ နောက်ဆုံး ဓာတ်ပုံ။ ကားအက်စီးဒင့်ဖြစ်ကာ သေဆုံးမည့် ၁၉၉၅ ခုနှစ် ၊ စက်တင်ဘာလ ၃၀ ရက် မနက်ပိုင်းတွင် ယာဉ်မောင်းခုံတွင်ရှိသော ဂျိမ်းစ်ဒင်းနှင့် သူ၏ဘေးမှ မက္ကင်းနစ် Rolf Wutherich တို့ကို အတူ တွေ့ခဲ့ရပုံ။)

 

ဂင်းနက်စ်သည် ဂျိမ်းစ်ဒင်းနှင့် ၁၉၅၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် ဆုံစည်းခဲ့သည်။

ဂျိမ်းစ်ဒင်း မကွယ်လွန်မီ တစ်ပတ်အလိုလည်း ဖြစ်သည်။

ဂင်းနက်စ်က ဂျိမ်းစ်ဒင်းနှင့် ဆုံစည်းစဉ် ပြောဆိုဖြစ်ခဲ့သည့် အကြောင်းအရာများကို နောင်နှစ်ပေါင်းများစွာ ကြာသောအခါ BBC သတင်းဌာန၏ Parkinson Talk Show အစီအစဉ်သို့ ဖွင့်ဟ ပြောကြားခဲ့သည်။

ဂင်းနက်စ်နှင့် မိတ်ဆွေရင်းတစ်ဦးသည် ဟောလိဝုဒ်ရှိ စားသောက်ဆိုင်တစ်ခုသို့ ရောက်ရှိခဲ့ချိန်တွင် လူပြည့် နေသောကြောင့် ပြန်လှည့် ထွက်ခဲ့ကြသည်။

ထိုအချိန်တွင် ဂျိမ်းစ်ဒင်းရောက်လာပြီး သူ၏ စားပွဲတွင် ထိုင်ရန် ဖိတ်ခေါ်ခဲ့သည်။

ဆိုင်ထဲသို့ ပြန်မဝင်မီတွင်ပင် ဂျိမ်းစ်ဒင်းက သူဝယ်ယူထားသော Porsche 500 Spyder ကားသစ်ကို ပြသခဲ့သည်။

ဂင်းနက်စ်က BBC အစီအစဉ် တင်ဆက်သူ မိုက်ကယ်ပါကင်ဆန်အား ပြန်ပြောင်း ပြောပြသည်မှာ “စားသောက်ဆိုင် ရှေ့ကွက်လပ်မှာ အရမ်းမိုက်တဲ့ ငွေရောင်ကားတစ်စင်းတွေ့တယ်။ ကားဘောနပ်မှာ နှင်းဆီ ပန်းစည်းတွေ ချည်ထားတာ တွေ့ရပါတယ်” ဟု ပြောသည်။

မိုင်နှုန်း မည်မျှအထိ မောင်းနိုင်သနည်းဟု မေးခဲ့ရာတွင် ဂျိမ်းစ်ဒင်းက ၁၅၀ mph အထိ မောင်းနိုင်ကြောင်း ဖြေခဲ့သည်ဟု ဆိုသည်။

ဂင်းနက်စ်က ပြန်ပြောင်းပြောခဲ့သည်မှာ “အဲဒီအချိန်မှာ ကျွန်တော့်အပေါ်မှာ ဆန်းကြယ်တဲ့အရာတစ်ခု လွှမ်းမိုးခံလိုက်ရသလို ဖြစ်သွားတယ်။ ကျွန်တော့်အသံတွေလည်း ပြောင်းသွားသလိုဖြစ်သွားပြီး…. ခင်ဗျားကို ပြောစရာရှိတယ်။ အဲလိုပြောတာ မကြိုက်လို့ ခင်ဗျား စားပွဲကို မခေါ်ရင်လည်း မလာပါဘူး။ ကျေးဇူးပြုပြီးတော့ အဲဒီကားကို မစီးပါနဲ့။ ဘာလို့လဲဆိုတော့ ဒီကားကို ခင်ဗျားစီးမယ်ဆိုရင် …. ”

“အဲဒီလိုပြောလိုက်ပြီးတော့ ကျွန်တော်က လက်ပတ်နာရီကို ကြည့်လိုက်ပြီး သူ့ကို ဆက်ပြောတယ်။”

“ခင်ဗျား အဲ့ကားကိုစီးမယ်ဆိုရင် ဒီနေ့က ကြာသပတေးနေ့ ည ၁၀ နာရီနော်။ လာမယ့် ကြာသပတေးည ၁၀ နာရီမှာ ခင်ဗျား သေလိမ့်မယ်။”


ထိုသို့ ပြောဆိုလိုက်ပြီးနောက် အားလုံးခေတ္တ တွေဝေသွားခဲ့ကြသော်လည်း သဘာဝလွန်ဆန်းကြယ်သည့် သတိပေးမှုကို မေ့ပျောက်ပစ်လိုက်ကြကာ ဂျိမ်းစ်ဒင်းနှင့် ဂင်းနက်စ်ကို့ ပျော်ရွှင်စွာ ညစာစားခဲ့ကြသည်။

ဂင်းနက်စ်၏ သတိပေးချက် ဆန်းကြယ်စွာ မှန်ကန်နေသည်။

နောင်တစ်ပတ်အကြာတွင် ဂျိမ်းစ်ဒင်းသည် ကယ်လီဖိုးနီးယားပြည်နယ်ရှိ အမှတ် ၄၆ ပြည်ထောင်စု လမ်းမကြီး ပေါ်တွင် Porsche 550 Spyder ဖြင့် ကားအက်ဆီးဒင့်ဖြစ်ကာ ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးသွားခဲ့ရသည်။

ဂျိမ်းစ်ဒင်းနှင့် သူ၏ မက္ကင်းနစ်တို့ စီးလာသော Porsche သည် အသက် ၂၃ နှစ်အရွယ် တက္ကသိုလ်ကျောင်းသား Donald Turnupseed မောင်းနှင်လာသော Ford Tudor နှင့် ညနေ ၅း၄၅ ခန့်တွင် တိုက်မိခဲ့ကြသည်။

မက္ကနင်းဖြစ်သူမှာ ကားပေါ်မှ လွင့်တက်သွားကာ ဂျိမ်းစ်ဒင်းမှာမူ ကားထဲတွင် ညပ်သွားပြီး ဇက်ကြိုးခြင်း အပါအဝင် သေလောက်သော ဒဏ်ရာ များစွာ ရရှိခဲ့သည်။

တစ်ဖက်ကားမှ ကျောင်းသားမှာမူ ပွန်းပဲ့ ဒဏ်ရာမျှသာ ရရှိခဲ့သည်။

ဂျိမ်းစ်ဒင်းမှာ ဆေးရုံသို့ ညနေ ၆ နာရီ ၂၀ တွင် ရောက်ရှိခဲ့ပြီး ကွယ်လွန်ခဲ့သည်။


(ကျိန်စာသင့်ကား)


Porsche ၏ ကံဆိုးမိုးမှောင်များမှာ ဤမျှဖြင့် အဆုံးမသတ်။

ဟောလိဝုဒ်မှ နာမည်ကြီး ကားမွမ်းမံသူ ဂျော့ချ်ဘားရစ်က ထိုကား၏ အင်ဂျင်ကို William Eschrich ဆိုသူအားလည်းကောင်း ၊ Drivetrain ကို Dr McHenry ဆိုသူအားလည်းကောင်း ရောင်းချခဲ့သည်။

Dr McHenry မှာ သေဆုံးခဲ့ပြီး Eschrich မှာ ဒဏ်ရာရခြင်းများဖြင့် အဆုံးသတ်ခဲ့ပြီး ဆန်းကြယ်သည်မှာ ဂျိမ်းစ်ဒင်း သေဆုံးခဲ့သည့် လမ်းပေါ်တွင်ပင် ဖြစ်ကြသည်။

မဆင်မခြင် ကားမောင်းမှုများ၏ ပြယုဂ်တစ်ခုအဖြစ် ထိုကား၏ ကိုယ်ထည်ကို ကယ်လီဖိုးနီးယားပြည်နယ်တွင် ပြပွဲတစ်ရပ် ခင်းကျင်းပြသခဲ့ရာ ကားထားရှိသော ဂိုဒေါင် မီးသင့်ခဲ့ပြန်သည်။

ဂိုဒေါင်အတွင်းရှိ အရာအားလုံး မီးသင့်ခဲ့သော်လည်း ထိုကားမှာ မီးဘေးလွတ်ခဲ့သည်။

ဂျိမ်းစ်ဒင်း သေဆုံးပြီး ၅ နှစ်အကြာ ၁၉၆၀ ပြည့်နှစ်တွင် ဤကားကိုယ်ထည်ကို ထရပ်ကားတစ်စင်းဖြင့် သယ်ဆောင်သွားခဲ့ပြီးနောက်ပိုင်း ယနေ့အချိန်ထိ မည်သည့်ဒေသသို့ ရောက်ရှိသည်ကို မသိရတော့ချေ။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  The supernatural encounter between Alec Guinness and James Dean  (dailymail)