စင်္ကာပူ ၊ တစ္ဆေကားတစ်စီးနှင့် ဆန်းကြယ်သောဖြစ်ရပ်

  • 1603 views


စင်္ကာပူတွင် ထူးခြားဆန်းကြယ်သော တစ္ဆေကားတစ်စီးနှင့် ပတ်သက်သည့် ဗွီဒီယိုမှတ်တမ်းတစ်ခု ပေါ်ပေါက်ခဲ့ရာ မည်သည့်နေရာမှ ရောက်လာသည်မသိရသော တစ္ဆေကားတစ်စီးကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပုံ မှတ်တမ်းဖြစ်ပြီး ထိုဗွီဒီယို ကြည့်ရသူတို့အဖို့ တွေးမရနိုင်အောင် ဖြစ်စေခဲ့သည်။

ထိုဆန်းကြယ်သော ယာဉ်တိုက်မှုတွင် ဗွီဒီယိုမှတ်တမ်းအရ ယာဉ်တိုက်မှု မဖြစ်ချိန်အထိ တစ္ဆေကားကို မမြင်ရချေ။


ထိုဗွိဒီယိုမှာ ယာဉ်တိုက်မှုဖြစ်ပွားသည့် ကား၏ နော
က်မှ လိုက်ပါလာသော ကားတစ်စီး၏ Dashcam မှ မှတ်တမ်းတင်ထားသည့် ဗွီဒီယိုဖြစ်ပြီး ကြည့်ရှုရသူတို့က မည်သို့ဖြစ်နိုင်ကြောင်း သဲလွန်စ ရှာဖွေကြသည်။

ဗွီဒီယိုဖိုင်တွင် တွေ့ရသည်မှာ အဖြူရောင်ကားတစ်စင်းသည် လမ်းဆုံတစ်ခုတွင် စောင့်ဆိုင်းနေခဲ့ပြီးနောက် ညာဘက်သို့ကွေ့ရန် ပြင်ခဲ့ပုံကို တွေ့ရသည်။

(ယာဉ်တိုက်မှု မဖြစ်မီအထိ တစ္ဆေကားကို မတွေ့ရချေ။)

 

(ထိုဗွိဒီယိုမှာ ယာဉ်တိုက်မှုဖြစ်ပွားသည့် ကား၏ နောက်မှ လိုက်ပါလာသော ကားတစ်စီး၏ Dashcam မှ မှတ်တမ်းတင်ထားသည့် ဗွီဒီယိုဖြစ်ပြီး ကြည့်ရှုရသူတို့က မည်သို့ဖြစ်နိုင်ကြောင်း သဲလွန်စ ရှာဖွေကြသည်။)

 


အဖြူရောင်ကားက မီးပွိုင့်စိမ်းသွားချိန်တွင် မောင်းထွက်သွားခြင်းဖြစ်ရာ သူ၏ လမ်းကြောင်းမှာ မှန်ကန်နေသည်ကို ပြသနေသည်။

ထိုသို့ မောင်းထွက်စဉ် လမ်းဆုံအလယ်သို့ ရောက်ချိန်၌ အခြားကားတစ်စီး ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

ထိုကားမှာ ငွေရောင်ဖြစ်ပြီး ဗွီဒီယိုမှတ်တမ်း၌ ယာဉ်တိုက်မိချိန်မှသာ တွေ့ရပြီး အဖြူရောင်ကားရှေ့မှ ရုတ်တရက်ပေါ်လာကာ ဝေါကနဲ ဖြတ်မောင်းသွားခြင်း ဖြစ်သည်။

အဖြူရောင်ကားမှ ယာဉ်မောင်းက ဘရိတ်အုပ်ခဲ့သော်လည်း ထိုကားကို ဝင်မတိုက်မိစေရန် မတတ်နိုင်ခဲ့။

ဗွီဒီယိုဖိုင်တွင် တွေ့ရမှုအရ ငွေရောင်ကားမှာ လမ်းကြောင်း ချော်ထွက်သွားပြီး ထိုကား ယာဉ်မောင်းမှာ ကားကို ထိန်းနိုင်ရန် ရုန်းကန်ခဲ့ရပုံကို တွေ့ရသည်။

ကား ၂ စင်း မတိုက်မိချိန်က ငွေရောင်ကားကို လုံးဝမတွေ့ရရာ ဗွီဒီယိုဖိုင် ကြည့်ရသူအပေါင်း စဉ်းစားမရ ဖြစ်ခဲ့ကြသည်။

လူပေါင်းများစွာသည် ထိုဗွီဒီယိုဖိုင်ကို ထပ်ပြန်တလဲလဲ ကြည့်ရှုပြီး ငွေရောင်ကား မည်သည့်နေရာမှ ရောက်လာ သည်ကို သိနိုင်ရန် ကြိုးစားကြသည်။

 

(လူပေါင်းများစွာသည် ထိုဗွီဒီယိုဖိုင်ကို ထပ်ပြန်တလဲလဲ ကြည့်ရှုပြီး ငွေရောင်ကား မည်သည့်နေရာမှ ရောက်လာသည်ကို သိနိုင်ရန် ကြိုးစားကြသည်။ ပုံတွင် တွေ့ရသည်မှာ ကားတိုက်မှုဖြစ်ပြီး မြင်ကွင်း ဖြစ်သည်။)

 


Jacky Tong Liang အမည်ရှိ စင်္ကာပူနိုင်ငံသားတစ်ဦးက လူမှုကွန်ရက်တွင် မှတ်ချက်ပြုသည်မှာ “သိပ်ကို ဆန်းကြယ်တယ်။ ဒီဗွီဒီယိုကို အထပ်ထပ် ကြည့်ခဲ့တယ်။ ငွေရောင်ကား ဘယ်ကနေ ရောက်လာတယ်ဆိုတာ ခုထိ စဉ်းစားလို့မရဘူး”ဟု ဆိုသည်။

ထိုယာဉ်တိုက်မှုမှာ တစ္ဆေကားတစ်စီးကြောင့်ဖြစ်ကြောင်း အချို့က ယူဆကြသည်။

ထိုယာဉ်တိုက်မှုနှင့် စပ်လျဉ်းပြီး စင်္ကာပူမီဒီယာများတွင် အသေးစိတ်အချက်အလက်များ ဖော်ပြခဲ့ကြခြင်း မရှိချေ။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Where did THAT come from? Bizarre moment 'ghost car' appears out of nowhere to cause crash in Singapore (dailymail)

Photo Credit:  ROADS