• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ကမ္ဘာ့အကောင်းဆုံးကားပြိုင်ပွဲ မော်တော်ကား ကမ္ဘာ့ဖလား ဖိုင်နယ်သို့ Volvo , BYD နှင့် KIA ထုတ် လျှပ်စစ်ကားများ ရောက်ရှိခဲ့ပြီး KIA ထုတ် EV9 မှာ ကမ္ဘာ့အကောင်းဆုံးကားအဖြစ် ဗိုလ်စွဲသွား

ကမ္ဘာ့အကောင်းဆုံးကားပြိုင်ပွဲ မော်တော်ကား ကမ္ဘာ့ဖလား ဖိုင်နယ်သို့ Volvo , BYD နှင့် KIA ထုတ် လျှပ်စစ်ကားများ ရောက်ရှိခဲ့ပြီး KIA ထုတ် EV9 မှာ ကမ္ဘာ့အကောင်းဆုံးကားအဖြစ် ဗိုလ်စွဲသွား

  • 336 views

မော်တော်ကား ကမ္ဘာ့ဖလားတွင် KIA ထုတ် EV9 ဗိုလ်စွဲသွားသည်။
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကဲ့သို့ပင် KIA EV9 သည် ရှုံးထွက်အဆင့်တွင် ကမ္ဘာ့ထိပ်တန်း ကားအမှတ်တံဆိပ်များနှင့် ရင်ဆိုင်ခဲ့ရသည်။

 

(မော်တော်ကား ကမ္ဘာ့ဖလားတွင် KIA ထုတ် EV9 ဗိုလ်စွဲသွားသည်။ ဓာတ်ပုံ-Supplied)

 

(ဗိုလ်စွဲသွားသော Kia မှ ဒီဇိုင်းအဖွဲ့ခေါင်းဆောင် Karim Habib နှင့် Rob တို့ကို ဆုဖလားများနှင့်အတူ တွေ့ရပုံ။ ဓာတ်ပုံ-Supplied)


ယင်းနောက်တွင်ကား ဖိုင်နယ်တွင် အခြား ထိပ်သီးကားမော်ဒယ် ၂ ခုနှင့် ရင်ဆိုင်ရရာ Volvo ထုတ် EX30 နှင့် BYD ထုတ် Seal တို့ဖြစ်သည်။

တရုတ်ပြည်မှ BYD Seal သည် ယခုနှစ်တွင် ဖိုင်နယ်သို့ အံ့ဖွယ် အသစ်ဝင်ရောက်လာခဲ့သော မော်ဒယ်လည်း ဖြစ်သည်။

ပေါင် ၆၅၀၀၀ အထက် တန်ကြေးရှိသော မည်သည့်ကားမဆို ကားပြိုင်ပွဲတွင် အမြင့်ဆုံးဆု ဆွတ်ခူးနိုင်ရန်အတွက် အမှန်တကယ်ကောင်းမွန်သောကား ဖြစ်ရန်လိုသည်။

Kia UK ၏ ဥက္ကဌဖြစ်သူ Paul Philpott က “ကျွန်တော်တို့ရဲ့ အမြဲတိုးတက်ပြောင်းလဲထုတ်လုပ်နေတဲ့ ကားတွေထဲက ဒီလိုအရေးကြီးတဲ့ကားမျိုးကို ကြီးမားတဲ့ အသိအမှတ်ပြုမှု ရရှိခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

အင်္ဂလန်နိုင်ငံ ၊ အက်ဆက်ခရိုင်၊ Braintree မြို့ရှိ Gridserve အားသွင်းစခန်းတွင် ဖိုင်နယ်သို့ ရောက်ရှိလာသော ကားမော်ဒယ် ၃ ခုအား ပြသထားသည်ကို ဓာတ်ပုံများတွင် တွေ့ရသည်။

ဖိုင်နယ်သို့ ရောက်ရှိသော ကား ၃ မျိုးလုံးမှာ လျှပ်စစ်ကားများ ဖြစ်ကြသည်။

မော်တော်ကား ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဓာတ်ဆီ၊ ဒီဇယ်နှင့် လျှပ်စစ်ကားအားလုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပေးထားသည်။

Kia EV9 မှာ နယူးယောက်ကားပြပွဲတွင် ကျင်းပခဲ့သော ကမ္ဘာ့ကားဆုပေးပွဲတွင်လည်း Electric Vehicle award ရရှိခဲ့သည်။

Hyundai ထုတ် Ioniq 5 N မှာ BMW ထုတ် ဓာတ်ဆီကား M2 နှင့် Hybrid ကား XM တို့ကို ဖြတ်ကျော်ကာ World Performance Car ဆု ရရှိခဲ့သည်။

BMW ၏ 5 Series နှင့် လျှပ်စစ်ကားဖြစ်သော i5 တို့မှာ World Luxury ကားဆု ထိုက်ထိုက်တန်တန် ရရှိခဲ့သည်။

Volvo EX30 မှာ အကောင်းဆုံး Urban Car ဆုရရှိခဲ့ပြီး Toyota Prius သည် Ferrari ကို ဖြတ်ကျော်ကာ ဒီဇိုင်းဆု ရရှိသွားသည်။

 

((မော်တော်ကား ကမ္ဘာ့ဖလား ဖိုင်နယ်သို့ ရောက်ခဲ့သော ကားများ၏ Specification များ ))


(KIA EV 9 ၏ အရေးပါသော အချက်အလက်များ)

ဈေးနှုန်း-  ၆၄၉၉၅ ပေါင်
ဘက်ထရီ- 100kWh
ဆွဲအား- 204hp
အမြန်နှုန်းတင်နိုင်စွမ်း-0-62mph: 9.4 secs
အမြင့်ဆုံးမြန်နှုန်း- 114mph
မောင်းနိုင်သောခရီး- ၃၄၉ မိုင်
၈၀ ရာခိုင်နှုန်းအထိ အားသွင်းကြာချိန်- ၂၄ မိနစ်
ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု- 0g/km


(BYD SEAL ၏ အဓိက အချက်အလက်များ))

ဈေးနှုန်း- ၄၅၆၉၅ ပေါင်
ဘက်ထရီ- 82kWh
ဆွဲအား- 312hp
အမြန်နှုန်းတင်နိုင်စွမ်း-0-62mph: 5.9 secs
အမြင့်ဆုံးမြန်နှုန်း- 111mph
မောင်းနိုင်သောခရီး-၃၅၄ မိုင်
၈၀ ရာခိုင်နှုန်းရရန် အားသွင်းကြာချိန်- ၂၆ မိနစ်
ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု- 0g/km


(VOLVO EX30 ၏ အဓိကအချက်အလက်များ))

ဈေးနှုန်း- ၃၃၇၉၅ ပေါင်
ဘက်ထရီ- 49kWh
ဆွဲအား-272hp
အမြန်နှုန်းတင်နိုင်စွမ်း- 0-62mph: 5.7 secs
အမြင့်ဆုံးမြန်နှုန်း- 112mph
မောင်းနိုင်သောခရီး- 214 miles
၈၀ ရာခိုင်နှုန်းရရန် အားသွင်းကြာချိန်- ၂၆ မိနစ်
ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု- 0g/km

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: World Car Awards winners revealed including £65k EV that took top gong and Toyota beating Ferrari to design trophy (thesun)

Photo Credit:  Supplied