တရုတ်ပြည်တွင် အားလပ်ရက် အိမ်ပြန်ကြရာ ကားပင်လယ်ကြီးဖြစ်သွားပုံမှာ လူမှုကွန်ရက်တွင် နာမည်ကြီးနေ

  • 54 views

aabaad71da9138e2919310e4a96abcfa.jpg

တရုတ်ပြည်တွင် ရုံးပိတ်ရက် ၈ ရက်တာကာလအတွင်း သန်းပေါင်းများစွာသော ပြည်သူတို့ အိမ်ပြန်ကြရာ မိုင်ပေါင်းများစွာ ရှည်လျားသည့် ကားပင်လယ်ကြီးဖြစ်သွားခဲ့သည့် ဓာတ်ပုံများမှာ လူမှုကွန်ရက်တွင် ကျော်ကြားနေသည်။

ဆောင်းလယ်ပွဲတော် ရုံးပိတ်ရက်တွင် တရုတ်ပြည်အရှေ့ပိုင်း အန်းဟွေ့ပြည်နယ်၊ ချူကျိုးမြို့ရှိ ၃၆ လမ်းသွား Wushuang Toll Station အနီး ထောင်သောင်းချီသော ကားများ တန်းစီထားပုံ ကောင်းကင်ဓာတ်ပုံများ ထွက်ပေါ်လာသည်။

NDTV သတင်းဌာန၏ ဖော်ပြချက်အရ အားလပ်ရက် နောက်ဆုံးနေ့တွင် အဆိုပါ toll gate ၌ ကားအစင်းရေ ၁၂၀,၀၀၀ ကျော် ဝင်ရောက်ဖွယ်ရှိကြောင်း ခန့်မှန်းခဲ့သည်။

ea7dd47b3251b31e6c2bc28f81dc594f.jpg(Wuzhuang Toll Station တွင် အောက်တိုဘာ ၇ ရက်က ကားပင်လယ်ကြီး ဖြစ်နေသည်ကို တွေ့ခဲ့ရပုံ။ ဓာတ်ပုံ-Fang Dongxu/VCG via Getty Images)

29bcd6bf8bc8261e348b888767558a37.jpg

(၃၆ လမ်းသွား လမ်းပိုင်းဖြစ်ပြီး တရုတ်ပြည်တွင် အကြီးမားဆုံး toll station ဖြစ်သည်။ ဓာတ်ပုံ-CFOTO/Future Publishing via Getty Images)

အမျိုးသားနေ့သည် ထုံးစံအားဖြင့် တရုတ်ပြည်၏ ယာဉ်ကြောအကျပ်ဆုံး နေ့ရက်များတွင် တစ်ခုအပါအဝင် ဖြစ်သည်။ယခုနှစ် အမျိုးသားနေ့မှာ ဆောင်းလယ်ပွဲတော်နှင့်လည်း တိုက်ဆိုင်နေသည်။

 ဆောင်းလယ်ပွဲတော်သည် မိသားစုများ ပြန်လည်ဆုံစည်းကြသည့်ကာလဖြစ်ပြီး ယခုနှစ်တွင် အောက်တိုဘာ ၁ ရက်မှ ၈ ရက်အထိ ဖြစ်သည်။

aabaad71da9138e2919310e4a96abcfa.jpg(ပြည်သူသန်းပေါင်းများစွာ၏ အိမ်ပြန်ကာလလည်း ဖြစ်သည်။ ဓာတ်ပုံ-Fang Dongxu/Feature China/Future Publishing via Getty Images)

 

988c6826a088c313713bf91565870ab7.jpg(ထုံးစံအားဖြင့် ယာဉ်ကြောအကျပ်ဆုံးကာလများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဓာတ်ပုံ-Fang Dongxu/VCG via Getty Images)

ယခုနှစ်အတွင်း ခရီးထွက်သူပေါင်း ၈၈၈ သန်းရှိခဲ့ပြီး ယခင်နှစ် ၇ ရက်အားလပ်ကာလတွင် ၇၆၅ သန်း ခရီးထွက်ခဲ့ကြကြောင်း တရုတ်ယဉ်ကျေးမှုနှင့် ကမ္ဘာလှည့်ခရီးသွား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တရုတ်ပြည်တွင် ၂၀၁၀ ပြည့်နှစ်ကလည်း ယာဉ်ကြောပိတ်ဆို့မှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့ဖူးသည်။ထိုစဉ်က ၁၂ ရက်ကြာ လမ်းပိတ်ခဲ့ပြီး ယာဉ်တန်းမှာ ကီလိုမီတာ ၁၀၀ ကျော်ရှည်လျားပြီး ပေကျင်းမြို့ ဆင်ခြေဖုံးမှသည် Inner Mongolia အထိ ဖြန့်ကြက်ရှည်လျားခဲ့သည်။မော်တော်ကား ထောင်ပေါင်းများစွာ လမ်းပေါ်တွင် ပိတ်မိနေခဲ့ပြီး တစ်ရက်လျှင် ၁ ကီလိုမီတာမျှသာ ရွေ့နိုင်ခဲ့ကြသည်။

အနီးဝန်းကျင် ရွာနီးချုပ်စပ်မှ ရွာသားတို့မှာ မုန့်ဆိုင်တန်းများ ဖွင့်လှစ်ကာ ရောင်းချသည်အထိ ပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com 

Ref: Incredible images show gridlock on China’s largest toll road as drivers return home from national holiday (http://news.com) "‌")