- ပင်မစာမျက်နှာ
- ကားသတင်းများ
- BYD ထုတ်ကားများ ဂျာမနီတွင် စက်တင်ဘာလအတွင်း ၂၂၂၅ ရာခိုင်နှုန်းအထိ ရောင်းအားထိုးတက်
BYD ထုတ်ကားများ ဂျာမနီတွင် စက်တင်ဘာလအတွင်း ၂၂၂၅ ရာခိုင်နှုန်းအထိ ရောင်းအားထိုးတက်
- 59 views
တရုတ်ပြည်၏ ထိပ်သီး EV ထုတ်လုပ်သူ BYD သည် စက်တင်ဘာလအတွင်း ဂျာမနီနိုင်ငံတွင် ရောင်းအားထိုးတက်ခဲ့ပြီး ပြီးခဲ့သောနှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၂၂၂၅ ရာခိုင်နှုန်းအထိ ရောင်းအားတက်ခဲ့သည်ဟု ဆိုသည်။
စက်တင်ဘာလအတွင်း ဂျာမနီတွင် ကားအစင်းရေ ၃၂၅၅ စင်းရောင်းချခဲ့ရသည်။ယခုနှစ် တတိယ ၃ လပတ်အတွင်း ၅၄၉၅ စင်း ရောင်းချခဲ့ရရာ ယခင်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်လျှင် ၈၃၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ BYD သည် ဥရောပ၏ အကြီးမားဆုံး ကားဈေးကွက်ဖြစ်သော ဂျာမနီတွင် ၁၁၈၁၈ စင်းရောင်းချခဲ့ရရာ ၂၀၂၄ ခုနှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်လျှင် ၅၆၀ ရာခိုင်နှုန်း ရောင်းအားတက်လာကြောင်း ဂျာမနီ ကားလုပ်ငန်းအာဏာပိုင်အဖွဲ့ KBA ၏ အချက်အလက်များ၌ ဖော်ပြသည်။
BYD သည် ဂျာမနီဈေးကွက်သို့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။BYD သည် ၂၀၂၂ ခုနှစ် မတ်လတွင် ICE သီးသန့်ကားများ ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့သည်။အချို့သော တရုတ်ပြည်မှ EV ထုတ်လုပ်သူများမှာမူ ဂျာမနီတွင် ရောင်းအားနည်းပါးခဲ့သည်။
Nio မှာ အစင်းရေ ၂၀ သာရောင်းချခဲ့ရပြီး ပြီးခဲ့သောနှစ် စက်တင်ဘာလရောင်းအားအောက် ၂ စင်း နည်းပါးခဲ့သည်။
GWM ၏ Ora ကားမှာ ၆၉ စင်းရောင်းချခဲ့ရပြီး နှစ်အလိုက် နှိုင်းယှဉ်မှုတွင် ၇၃ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားသည်။အချို့ EV ကုမ္ပဏီများမှာမူ ပြည်မကြီးတွင် အခြေအနေကောင်းနေသည်။
Xpeng မှာ စက်တင်ဘာလအတွင်း ၂၄၁ စင်းရောင်းခဲ့ရရာ ပြီးခဲ့သောနှစ်ထက် ၆၃၀ ရာခိုင်နှုန်း ရောင်းအားတက်လာသည်။
Leapmotor မှာ ဂျာမနီတွင် စက်တင်ဘာလအတွင်း အစင်းရေ ၉၁၀ ရောင်းချထားရသည်။ Leapmotor သည် ဂျာမနီဈေးကွက်သို့ဝင်သည်မှာ ၁ နှစ်မပြည့်သေးချေ။
စက်တင်ဘာလအတွင်း BYD ၏ တစ်ကမ္ဘာလုံးအတိုင်းအတာ ရောင်းအားမှာ အစင်းရေ ၃၉၃၀၆၀ ဖြစ်ပြီး ယခင်နှစ်အောက် ၅ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းသွားသည်။
BYD သည် ၂၀၂၅ ခုနှစ် ရောင်းအားရည်မှန်းချက်ကို မူလက အစင်းရေ ၅ ဒသမ ၅ သန်းလျာထားခဲ့ရာမှ ယခုအခါ ၄ ဒသမ ၆ သန်းသို့ လျှော့ချထားသည်။တရုတ်ပြည် ပြင်ပတွင် BYD သည် စက်တင်ဘာလအတွင်း အစင်းရေ ၇၁၂၅၆ ရောင်းချထားရရာ ရောင်းအား ၁၁၅ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာသည်။
BYD က ၂၀၂၅ ခုနှစ်အတွင်း တရုတ်ပြည်ပြင်ပတွင် အစင်းရေ ၁ သန်းရောင်းချနိုင်ရန် မျှော်မှန်းထားသည်။ အဆိုပါ မျှော်မှန်းချက် ရရှိရန်လည်း နီးစပ်နေသည်။ ဇန်နဝါရီမှ စက်တင်ဘာအထိ အစင်းရေ ၆၉၇၀၇၂ စင်းရောင်းချထားရပြီး ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD sales surged 2,225% in Germany in September (carnewschina)