နိုဝင်ဘာလကုန်တွင် ကွမ်ကျိုးမြို့၌ ကျင်းပမည့် နိုင်ငံတကာ ကားပြပွဲကြီး (GIAE-2025)

  • 168 views

Aftermarket-Expo-1.jpg

၂၀၂၅ ခုနှစ် ကွမ်ကျိုးနိုင်ငံတကာ ကားပြပွဲ (Guangzhou International Automobile Exhibition-GIAE 2025) ကို လာမည့် နိုဝင်ဘာ ၂၁ ရက်မှ နိုဝင်ဘာ ၃၀ အထိ ကျင်းပရန် စီစဉ်ထားသည်။

GIAE ကို ၂၀၀၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး တရုတ်ပြည်၏ သြဇာအကြီးဆုံး ကားပြပွဲကြီး ၃ ခုတွင် တစ်ခု အပါအဝင်ဖြစ်သည်။GIAE ကို တရုတ်ကားလောက၏ အနိမ့်အမြင့်ပြ ဒိုင်ခွက်တစ်ခုသဖွယ် အများက သတ်မှတ်ထားကြသည်။

ယခုပြပွဲကြီးက ကမ္ဘာတစ်ဝန်းရှိ ကားအမှတ်တံဆိပ်များနှင့် ထုတ်လုပ်သူများကို စုစည်း ဆုံစည်းစေမည် ဖြစ်သည်။၂၀၂၅ ခုနှစ် ပြပွဲကြီးတွင် ဝင်ရောက်ပြသမည့် ကုမ္ပဏီပေါင်း ၁၀၀ ကျော်ရှိမည်ဖြစ်ပြီး ပြပွဲဧရိယာမှာ စတုရန်းမီတာ ၂၂၀၀၀၀ ကျော် ရှိမည်ဖြစ်သည်။ပြပွဲကြီးတွင် နောက်ဆုံးပေါ် မော်တော်ကား နည်းပညာများ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပြသသွားမည် ဖြစ်သည်။

((ပါဝင်ပြသမည့် နယ်ပယ်အကျယ်အဝန်း))

🟢 ယာဉ်အမျိုးအစားအမျိုးမျိုး= အိမ်စီးကားများ၊ စွမ်းအင်သစ်ယာဉ်များ၊ modified ကားများ ၊ လုပ်ငန်းသုံးယာဉ်များ (ဘတ်စ်ကား၊ ကုန်တင်ကား၊ အထူးစက်ယန္တရားကားများ)၊ ပုဂ္ဂလိက ကုမ္ပဏီတို့က တင်သွင်းလာသော ကားများ၊ နမူနာကားများ၊ ကားပစ္စည်းအစိတ်အပိုင်းများ

🟢system များ = အင်ဂျင်၊ chassis ၊ ဘရိတ်၊ စတီယာရင်၊ ကိုယ်ထည်၊ အအေးပေးစနစ်၊ အိတ်ဇော၊ အီလက်ထရောနစ်ပိုင်း၊ ကားမှန်၊ တာယာ၊ ဘီး

🟢 ကားထုတ်လုပ်ရေး ပစ္စည်းနှင့် နည်းပညာများ= 3D printing technology ၊ လုပ်ငန်းသုံး စက်ရုပ်များ၊ ကားထုတ်လုပ်ရေး ပစ္စည်းများ၊ ကား မိုအမျိုးမျိုး၊ ဆေးသုတ်နည်းပညာ၊ ဒီဇိုင်းနှင့် သတင်းအချက်အလက် နည်းပညာ၊ အင်ဂျင်၊ ဂီယာ

🟢 အလိုအလျောက်မောင်းနှင်စနစ်နှင့် နည်းပညာအမျိုးမျိုး

🟢 စွမ်းအင်သစ်သုံးယာဉ်များဆိုင်ရာ နည်းပညာနှင့် ထုတ်ကုန်များ (မော်တာ၊ ဘက်ထရီ၊ အားသွင်းစက်တို့ အပါအဝင်ဖြစ်)

🟢hybrid နည်းပညာ အစရှိသည်တို့ ပါဝင်မည် ဖြစ်သည်။

Aftermarket-Expo-2.jpg

((ပစ်မှတ်ထားသော နယ်ပယ်))

ကားထုတ်လုပ်သူများ၊ ကားပစ္စည်းအစိတ်အပိုင်း supplier များ၊ ကားအင်ဂျင်နီယာများ၊ ဒီဇိုင်နာများ၊ နည်းပညာ ကုမ္ပဏီများ၊ ကားလောက အကဲခတ်ပုဂ္ဂိုလ်များ၊ ကားဝါသနာရှင်များ၊ ကုန်သည်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ သတင်းမီဒီယာများ

ပွဲအမျိုးအစား = နိုင်ငံတကာပြပွဲ
ပြပွဲ link = တရားဝင် ဝက်ဘ်ဆိုက်
ကျင်းပမည့်နေရာ= Canton Fair Complex
လိပ်စာ= အမှတ် ၃၈၀၊ ယွဲ့ကျန်း အလယ်လမ်း၊ ကွမ်ကျိုးမြို့၊ ကွမ်တုံပြည်နယ်၊ တရုတ်ပြည်
No. 380, Yuejiang Middle Road, Guangzhou City, Guangdong Province, China (广东省广州市阅江中路380号)
ကြီးမှူးကျင်းပသူ= China Council for the Promotion of International Trade Guangzhou Municipal Committee

Aftermarket-Expo-3.jpg

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com 

Ref: GIAE-Guangzhou International Automobile Exhibition (AUTO GUANGZHOU) 2025