BYD ၏ အစင်းရေ ၁၄ သန်းမြောက်ကားကို ဝမ်ချန်းဖူက ဘရာဇီးသမ္မတအား လက်ဆောင်ပေး

  • 45 views

 

681538e1gy1i6709x8yp2j21fn0zk4kj-large-picsart-aiimageenhancer-800x504.jpg

ဘရာဇီးနိုင်ငံ၊ ကမာဆာရီမြို့ရှိ ကားစက်ရုံမှ BYD ၏ အစင်းရေ ၁၄ သန်းမြောက်ကားကို အောက်တိုဘာ ၉ ရက်က ထုတ်လုပ်ခဲ့သည်။အစင်းရေ ၁၄ သန်းမြောက်ကား ထုတ်လုပ်မှု အခမ်းအနားသို့ ဘရာဇီးသမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါ ဆေးလ်ဗား တက်ရောက်ခဲ့သည်။

9d82d158ccbf6c81ffcd53eff6d2262532fa403f-large-large-800x430.jpeg

ထို့အပြင် ဒုတိယသမ္မတ ဂျရဲဒို အော့က်မင်း၊ တရုတ်သံအမတ်ကြီး ကျူချင်းချောင်း၊ ဘာဟီယာပြည်နယ် အုပ်ချုပ်ရေးမှူး ဂျရိုနီမို ရိုဒရစ်နှင့် BYD ဥက္ကဋ္ဌ ဝမ်ချန်းဖူတို့လည်း တက်ရောက်ခဲ့ကြသည်။

အစင်းရေ ၁၄ သန်းမြောက်အဖြစ် သမိုင်းမှတ်တိုင်တင်ခဲ့သည့်ကားမှာ Song Pro hybrid SUV ဖြစ်ပြီး ဘရာဇီးသမ္မတ ဒါ ဆေးလ်ဗားအား လက်ဆောင်ပေးခဲ့သည်။

838ba61ea8d3fd1fcb3ed2ae7d9cb20f94ca5f55-large-large-800x501.jpeg


တရုတ်ပြည်မှ သတင်းမီဒီယာတို့၏ ဖော်ပြချက်အရ သမ္မတ ဆေးလ်ဗားအား လက်ဆောင်ပေးခဲ့သည့်ကားမှာ BYD ၏ ပထမဆုံး “super-flexible” hybrid မော်ဒယ်ဖြစ်ပြီး တောင်အမေရိက ဈေးကွက်အတွက် ရည်ရွယ်သည့် မော်ဒယ်ဖြစ်သည်။ထိုမော်ဒယ်တွင် BYD ၏ နောက်ဆုံးပေါ် hybrid နည်းပညာကို အသုံးပြုထားသည်။

681538e1gy1i6709qstsmj21900u0k26-large-2-800x533.jpg


ထိုအခမ်းအနားတွင် ဝမ်ချန်းဖူက ပြောသည်မှာ BYD သည် ဘရာဇီးတွင် လုပ်ငန်းလည်ပတ်နေသည်မှာ ၁၁ နှစ်ကျော်ရှိခဲ့ပြီဖြစ်ပြီး ပြည်တွင်း Customer များအတွက် အစင်းရေ ၁၇၀၀၀၀ ကျော် ရောင်းချပေးခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။ဘရာဇီး စွမ်းအင်သစ် မော်တော်ယာဉ်ဈေးကွက်တွင် BYD က ဦးဆောင်နေသည်မှာ ၂ နှစ်ဆက်တိုက်ရှိခဲ့ပြီ ဖြစ်သည်။BYD သည် ဘရာဇီးတွင် လျှပ်စစ်ဘတ်စ်ကား ထုတ်လုပ်ရေး၊ အိမ်စီးကား ထုတ်လုပ်ရေးနှင့် ဘက်ထရီ တပ်ဆင်မှု လုပ်ငန်းများ လုပ်ဆောင်နေသည်။

681538e1gy1i670a1qen7j21hb0zkwnq-large-1-800x533.jpg

သမ္မတ ဒါ ဆေးလ်ဗားက ပြောသည်မှာ BYD ၏ ရင်းနှီးမြှုပ်နှံမှုများကြောင့် ဘာဟီယာပြည်နယ်၏ စက်မှုလုပ်ငန်း ပြန်လည်အရှိန်ရလာပြီး ဘရာဇီး ကားလုပ်ငန်း ပြန်လည်အသက်ဝင်လာခဲ့သည်ဟု ဆိုသည်။

BYD က စက်ရုံတည်ထောင်မှုများကြောင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်သည့် နည်းပညာများဖြင့် ဒေသတွင်း စက်မှုလုပ်ငန်းကို အားကောင်းလာစေသည့် အခွင့်အလမ်း ပေါ်ပေါက်လာစေကြောင်းလည်း ဘရာဇီး သမ္မတက ထိုအခမ်းအနားတွင် ပြောသည်။

d1a20cf431adcbef8b84dbcbe37db9cda1cc9faa-large-large-800x674.jpeg

Belem မြို့တွင် ယခုနှစ်ကုန်ပိုင်း၌ ကျင်းပမည့် အကြိမ် ၃၀ မြောက် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကွန်ဖရင့်သို့ BYD က အထူးထုတ်လုပ်ထားသည့် လျှပ်စစ်ကား အစင်းရေ ၃၀ ပံ့ပိုးပေးမည်ဖြစ်ကြောင်းလည်း ဝမ်ချန်းဖူက ပြောသည်။ထို ကွန်ဖရင့် ပြီးစီးသွားပါက အသုံးပြုခဲ့သော ကားများကို ဒေသတွင်း စာသင်ကျောင်းများနှင့် အများပြည်သူဆိုင်ရာ အင်စတီကျူးရှင်းများသို့ လှူဒါန်းသွားမည်ဟု ဆိုသည်။

ထိုအခမ်းအနားမတိုင်မီတွင် ဘာဟီယာပြည်နယ် လွှတ်တော်က BYD စက်ရုံရှေ့ရှိ လမ်းကို BYD လမ်းဟု အမည်ပေးရန် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စု၊ လန်ကက်စ်တာနှင့် ထိုင်းနိုင်ငံ၊ Rayong တို့တွင်လည်း BYD လမ်းဟု အမည်ပေးထားသော လမ်းများရှိသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com 

Ref: BYD marks 14 millionth NEV milestone with delivery to Brazil’s Head of State (carnewschina)