Geely က ကမ္ဘာ့ဈေးကွက်အတွက် ရည်ရွယ်သော Starray EM-i ကို အင်ဒိုနီးရှားနိုင်ငံတွင် စတင်ထုတ်လုပ်

  • 35 views

8a474609-44af-4778-a88a-ba1cf3a065ab-large-picsart-aiimageenhancer-800x534.jpg

အင်ဒိုနီးရှားနိုင်ငံ ပါဝါကာတာပြည်နယ်ရှိ KD assembly စက်ရုံတွင် Geely Starray EM-i (တရုတ်ပြည်တွင် Galaxy Starship 7 ဟုခေါ်) ကို တရားဝင်စတင်ထုတ်လုပ်ပြီဖြစ်ကြောင်း Geely က ကြေညာသည်ဟု IT-Home သတင်းဌာနက ဖော်ပြသည်။

img_20241211_152840-1-800x462 (1).jpg

အဆိုပါ သမိုင်းမှတ်တိုင်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းတွင် စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပြီး Geely ၏ plug-in hybrid SUV ကို ပြည်ပတွင် ပထမဆုံး အလုံးအရင်း ထုတ်လုပ်နိုင်မှုလည်းဖြစ်သည်။

img_20241211_151613-800x424.jpg

Starray EM-i ကို ကမ္ဘာဈေးကွက် များစွာတွင် မိတ်ဆက်မည်ဖြစ်ကြောင်း၊ သြစတေးလျနိုင်ငံတွင် ပထမဆုံး စတင်ဖြန့်ချိထားကြောင်း Geely က ထုတ်ပြန်သည်။ ယခုနှစ်ကုန်တွင် နိုင်ငံပိုင်း ၂၀ နီးပါးအထိ တင်ပို့သွားမည်ဖြစ်ပြီး အင်ဒိုနီးရှား၊ ထိုင်း၊ တောင်အာဖရိက၊ မက္ကဆီကို၊ အီတလီတို့ ပါဝင်မည်ဖြစ်ကာ နယ်ပယ်အနေဖြင့် အာရှ-ပစိဖိတ်၊ ဥရောပ၊ လက်တင်အမေရိကနှင့် အာဖရိကတိုက်တို့ ပါဝင်မည် ဖြစ်သည်။

img_20241211_151725-800x450 (1).jpg

Starray EM-I (သို့မဟုတ်) Galaxy Starship 7 ကို တရုတ်ပြည်တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၌ ပထမဆုံး စတင်မိတ်ဆက်ခဲ့သည်။တရားဝင်ဈေးနှုန်းမှာ အနည်းဆုံး ယွမ် ၁၀၉၈၀၀ (ကန်ဒေါ်လာ ၁၅၄၀၀) မှ စသည်။

img_20241211_151804-800x450 (1).jpg

Geely ၏ GEA platform ဖြင့် ထုတ်လုပ်ထားသော SUV ဖြစ်ပြီး အရွယ်အစားမှာ 4,740/1,905/1,685 mm ရှိကာ wheelbase မှာ 2,755 mm ဖြစ်သည်။

img_20241211_151810-800x450 (1).jpg

Meizu က ထုတ်လုပ်သော Flyme Auto system ကို သုံးထားပြီး မော်တော်ကား၊ စမတ်ဖုန်းနှင့် cloud service တို့အကြး ပေါင်းစည်းအသုံးပြုနိုင်သည်။အတွင်းပိုင်းတွင် head-up display တစ်ခု၊ စပီကာ ၁၆ လုံးပါ audio စနစ်၊ အပူပေးစနစ်နှင့် လေဝင်လေထွက်ပါ ထိုင်ခုံများ ပါဝင်သည်။ပါဝါပိုင်းကို ကြည့်မည်ဆိုလျှင် Geely ၏ Thor EM-i hybrid စနစ်ကို သုံးထားပြီး 1.5-litre အင်ဂျင်နှင့် လျှပ်စစ်မော်တာတစ်လုံးတို့ ပါဝင်သည်။ Tranmission မှာ 11-in-1 E-DHT ကို သုံးထားသည်။

img_20241211_152154-800x450.jpg

အင်ဂျင်၏ အထွက်အားမှာ 82 kW ရှိပြီး လျှပ်စစ်မော်တာမှာ 160 kW အားထွက်ကာ ရုန်းအား 262 Nm ရှိသည်။အမြန်နှုန်းတင်နိုင်စွမ်း 0–100 km/h ကို ၇ ဒသမ ၅ စက္ကန့်အတွင်း ရနိုင်ပြီး ဆီစားနှုန်းမှာ ကီလို ၁၀၀ လျှင် ၃ ဒသမ ၇၅ လီတာ ဖြစ်သည်။

ဆီအပြည့် ဘက်ထရီအားအပြည့်ဖြင့်ဆိုလျှင် စုစုပေါင်း ၁၄၂၀ ကီလိုအထိ မောင်းနိုင်သည်။

img_20241211_153029-1-800x387.jpg

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com 

Ref: Geely Starray EM-i starts production in Indonesia for global markets (carnewschina)