တရုတ်ပြည်တွင် Tesla ထုတ်ကားများ စက်တင်ဘာလအတွင်း ရောင်းအားပြန်တက်လာပြီး အစင်းရေ ၉၀၈၁၂ ရောင်းချခဲ့ရ

  • 33 views

d778f16cly1i5wo788zxqj21qq2bnb2a-800x618.jpg

Tesla China သည် ပြီးခဲ့သော စက်တင်ဘာလအတွင်း တရုတ်ပြည်တွင် အစင်းရေ ၉၀၈၁၂ ရောင်းချခဲ့ရသည်။

သြဂုတ်လရောင်းအားထက် ၉ ဒသမ ၂ ရာခိုင်နှုန်း၊ ယခင်နှစ် အလားတူ ကာလထက် ၂ ဒသမ ၈ ရာခိုင်နှုန်း ရောင်းအား မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ Tesla China သည် အစင်းရေ ၆၀၆၃၆၄ ရောင်းချခဲ့ရသည်။ ထိုပမာဏမှာ ၂၀၂၄ ခုနှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်လျှင် ၁၀ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် သြဂုတ်နှင့် ဇူလိုင်လတို့တွင် ၂ လဆက်တိုက် ရောင်းအားကျဆင်းခဲ့ (၂၀၂၄ ခုနှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်လျှင်) ရာမှ စက်တင်ဘာတွင် ရောင်းအားပြန်တက်လာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရောင်းအားပြန်တက်သည်ဆိုရာတွင် အဓိကမော်ဒယ်မှာ Model Y L ကြောင့်ဖြစ်သည်။

Model Y L သည် six-seater variant ဖြစ်ပြီး Tesla ၏ အရောင်းရဆုံး SUV ဖြစ်သည်။

Model Y L ကို တရုတ်ပြည်တွင် သြဂုတ်လ ၁၉ ရက်၌ စတင်မိတ်ဆက်ခဲ့ပြီး စက်တင်ဘာ အစောပိုင်းတွင် စတင်ဖြန့်ချိမှုများ ပြုလုပ်ခဲ့သည်။

Tesla China ၏ ရောင်းအား အချက်အလက်များကို China Passenger Car Association (CPCA) က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး Tesla ၏ ရှန်ဟိုင်းစက်ရုံမှ ရောင်းချရမှုများ အပါအဝင်ဖြစ်သည်။

ထိုစာရင်းတွင် တရုတ်ပြည်တွင်းနှင့် ပြည်ပသို့ တင်ပို့ ရောင်းချခဲ့ရမှု နှစ်ရပ်လုံး ပါဝင်သည်။

ရှန်ဟိုင်းစက်ရုံမှ Model 3 ဆီဒင်၊ Model Y SUV နှင့် ၎င်းတို့၏ မျိုးကွဲများသာ ထုတ်လုပ်သည်။

ယခုနှစ် တတိယ ၃ လပတ်အတွင်း Tesla China သည် ကားအစင်းရေ ၂၄၁၈၉ ရောင်းချခဲ့ရရာ ဒုတိယ ၃ လပတ်ထက် ရောင်းအား ၂၆ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာသော်လည်း ယခင်နှစ် တတိယ ၃ လပတ် ရောင်းအားနှင့်ယှဉ်လျှင် ၂ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းသွားသည်။

Tesla ၏ တစ်ကမ္ဘာလုံး ရောင်းအားပမာဏမှာ (Q3) အစင်းရေ ၄၉၇၀၉၉ ဖြစ်သည်။

စက်တင်ဘာလအတွင်း ပြည်မကြီးနှင့် ပြည်ပတင်ပို့မှု ကိန်းဂဏန်းအသေးစိတ် အချက်အလက်များကိုမူ မသိရသေးချေ။

Tesla သည် ပြီးခဲ့သော ကြာသပတေးနေ့က Model Y ၏ variant သစ်တစ်ခုကို တရုတ်ပြည်တွင် ရောင်းချရန် စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန (MIIT) တွင် တင်ပြကာ ခွင့်ပြုချက် တောင်းခံထားသည်။

Long Range နောက်ယက် variant ဖြစ်ပြီး LG ဘက်ထရီသုံးထားကာ မောင်းနိုင်သည့် CLTC range မှာ ကီလို ၈၀၀ ကျော် ဖြစ်ဖွယ်ရှိသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com 

Ref: Tesla China back to slight growth in September, selling 90,812 cars (carnewschina)