ကားပစ္စည်းနှင့် ပြန်ဆင်စရိတ်များကြောင့် ဂျပန်တစ်ပါတ်ရစ် ကားများ ဈေးကောင်းမရ

  • 584 views

ကားဈေးကွက်အတွင်း ဂျပန်တစ်ပါတ်ရစ် ညာမောင်းကားများမှာ ကားပစ္စည်းဈေး မြင့်တက်ခြင်းနှင့်ပြင်ဆင်စရိတ်များပြားလာခြင်းကြောင့် ဈေးကောင်းရရန်ခက်ခဲလာကြောင်း ကားဝယ်ရောင်းလုပ်ငန်းရှင်များထံမှသိရသည်။

ကာအရောင်းအဝယ် ဈေးကွက်အတွင်း ကားဈေးများမြင့်တက်နေသော်လည်း ဂျပန်တစ်ပါတ်ရစ် ညာမောင်းကားများ၏ အမှန်တကယ်အရောင်းအဝယ်ဖြစ်သော ဈေးနှုန်းမှာ ခန့်မှန်းရန်ခက်ခဲနေကြောင်းသိရသည်။

“ ဂျပန်တစ်ပါတ်ရစ်ကားတွေက ဝယ်စီးတဲ့သူတွေရှိနေဆဲပဲ။ ဒါပေမယ့် ကားပြင်ဆင်စရိတ်တွေ မြင့်လာတော့ ကားဝယ်သူဘက်ကဈေးကောင်းမပေးတော့ဘူး။ ကားပြင်ဆင်စရိတ်က နှစ်ဆ လောက်တက်လာတော့ ကီလိုနည်းတဲ့ဘယ်မောင်း ကားသစ်တွေကို ဈေးကောင်းပေးပြီး ဝယ်စီးကြတယ်။ ဂျပန်တစ်ပါတ်ရစ်ကား က ဈေးတန်းပုံမှန်မရဘူး ကြိုက်ရောင်းကြိုက်ဝယ်ပုံစံဖြစ်နေတယ်”

အိမ်စီးကားဈေးကွက်မှာ နယ်ဘက်မှ အဝယ်ကျဆင်းခြင်းနှင့် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ တွင်သာ အဓိက အရောင်းအဝယ်ပြုလုပ်နေရခြင်းကြောင့် ဈေးကွက်အနည်းငယ်ကြုံလာကြောင်းသိရသည်။

လက်တလော အ‌ရောင်းအဝယ် အများဆုံဲးကား ဈေးနှုန်းများမှာ သိန်း ၃၀၀ ဝန်းကျင်မှ သိန်း နှစ်ထောင်အကြား အိမ်စီးကားများ ဖြစ်ကြောင်းသိရသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com