• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ကားတိုက်မှုတွင် Chevrolet Silverado သည် Corvette ပေါ်သို့ ရောက်ရှိသွားသော်လည်း တစ်ဦးမျှ ဒဏ်ရာမရခဲ့သောကြောင့် ပြိုင်ကား၏ ကြံ့ခိုင်မှုကို ချီးကျူးကြလျက်ရှိ

ကားတိုက်မှုတွင် Chevrolet Silverado သည် Corvette ပေါ်သို့ ရောက်ရှိသွားသော်လည်း တစ်ဦးမျှ ဒဏ်ရာမရခဲ့သောကြောင့် ပြိုင်ကား၏ ကြံ့ခိုင်မှုကို ချီးကျူးကြလျက်ရှိ

  • 165 views

 

အမေရိကန်ပြည်ထောင်စု ၊ ကိုလိုရာဒိုပြည်နယ် ၊ သွန်တန်မြို့(Thornton) တွင် Chevrolet Silverado တစ်စင်းသည်  C8 Corvette တစ်စင်းနှင့် တိုက်မိပြီး Corvette အပေါ်သို့ ရောက်ရှိသွားခဲ့သည်။

ထိုသို့ ဆိုးဆိုးရွားရွား တိုက်မိခဲ့သော်လည်း တစ်ဦးတစ်ယောက်မှ ဒဏ်ရာမရခဲ့ချေ။

သွန်တန် မီးသတ်ဌာန၏ ထုတ်ပြန်ချက်အရ Chevrolet Silverado သည် Corvette ပြိုင်ကားပေါ်သို့ တစ်စင်းလုံး ရောက်သွားခဲ့သော်လည်း လိမ္မော်ရောင် Corvette တွင် လိုက်ပါလာသူ တစ်ဦးမှ မထိခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ဤယာဉ်တိုက်မှု မည်သို့မည်ပုံဖြစ်ခဲ့သည်ကို အသေးစိတ်မသိရချေ။

သို့သော် ခေါင်းချင်းဆိုင် တိုက်မိခြင်း ဖြစ်ဟန်ရသည်။

 

 

 

Corvette ပြိုင်ကား၏ အလယ်တိုင်များသည် Chevrolet Silverado ပစ်ကပ် ထရပ်တစ်စီးလုံး၏ အလေးချိန်အား ခံနိုင်ရည် ရှိသည်ကို တွေ့ရသည်။

Chevrolet Silverado ၏ အလေးချိန်မှာ အနည်းဆုံး ပေါင်ချိန် ၆၈၀၀ (၃ ဒသမ ၄ တန်) ခန့်ရှိသည်။

ယာဉ်တိုက်မှု ဓာတ်ပုံများကို သွန်တန်မီးသတ်ဌာနက X လူမှုကွန်ရက် (တွစ်တာ) တွင် ဝေမျှခဲ့ခြင်း ဖြစ်သည်။

ပစ်ကပ် ထရပ်ကား၏ ရှေ့ဘီးများမှာ ပြိုင်ကားဘေးမှန်များကို ခွလျက်ရှိနေပြီး ကားဝမ်းပိုင်းမှာ အမိုးပေါ်နှင့် လေကာမှန်တို့ပေါ်တွင် ရောက်ရှိနေသည်။

 

 

 

Chevrolet Silverado သည် Corvette နှင့် ခေါင်းချင်းဆိုင် တိုက်မိခြင်း ဖြစ်ဟန်ရပြီး Corvette ပေါ်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

အာဏာပိုင်တို့က လမ်းကို ခေတ္တပိတ်ကာ ရှင်းလင်းဖယ်ရှားမှုများ ပြုလုပ်ခဲ့ရပြီး ယာဉ်တိုက်မှုကို ဆက်လက်စုံစမ်း စစ်ဆေးနေဆဲ ဖြစ်သည်။

ယာဉ်တိုက်မှု ဖြစ်ပွားခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ ထုတ်ပြန်ထားခြင်း မရှိသေးချေ။

ယာဉ်တိုက်မှု ဖြစ်ပွားသည်မှာ ဒန်ဗာမြို့၏ မြောက်ဘက် ၁၀ မိုင်အကွာတွင် တည်ရှိသော သွန်တန်မြို့မှ 168 Avenue နှင့် Colorado Boulevard လမ်းဆုံတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

 

အခင်းဖြစ်ပွားရာသို့ ပထမဆုံးရောက်လာသူများမှာ ယာဉ်တိုက်မှုတွင် ပါဝင်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခြင်းအပေါ် များစွာ အံ့အားသင့်ခဲ့ကြသည်။

ပြိုင်ကားပေါ်မှ Chevrolet Silverado ကို ဖယ်ရှားရန် မီးသတ်ဌာန ၃ ခု ပူးပေါင်းဆောင်ရွက်ခဲ့ရသည်။

ပစ်ကပ် ထရပ်၏ ရှေ့ဘီးများကို ဖြုတ်ပြီးမှသာ ပြိုင်ကားအား ထုတ်ယူနိုင်ခဲ့သည်။

 


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  A Chevy Corvette Got Squashed by a Silverado and Its Passengers Walked Away  (thedrive)