- ပင်မစာမျက်နှာ
- ကားသတင်းများ
- လူသားစား ငါးမန်းမွေးထားသည့် ရေကန်ထဲတွင် အထူးဘဏ္ဍာတိုက်ခန်းပြုလုပ်ကာ ပြိုင်ကား သိမ်းဆည်းထားနိုင်သည့် ဂျိမ်းစ်ဘွန်းစံအိမ်
လူသားစား ငါးမန်းမွေးထားသည့် ရေကန်ထဲတွင် အထူးဘဏ္ဍာတိုက်ခန်းပြုလုပ်ကာ ပြိုင်ကား သိမ်းဆည်းထားနိုင်သည့် ဂျိမ်းစ်ဘွန်းစံအိမ်
- 190 views
ဤစံအိမ်မှာ နောက်ဆုံးထွက် ဂျိမ်းစ်ဘွန်းရုပ်ရှင်နှင့် Iron Man ရုပ်ရှင်ဇာတ်ကားများမှ စံအိမ်ကြီးများအသွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး supervillain house ဟု အမည်ပေးထားသည်။
ပင်လယ်ကို စီးမိုးတွေ့မြင်နေရသော ချောက်ကမ်းပါးထိပ်တွင် ဆောက်လုပ်ထားသော ဂျိမ်းစ်ဘွန်းစံအိမ်ကြီးတွင် ပြိုင်ကား သိမ်းဆည်းသည့် The Cars Vault ဟု အမည်ပေးထားသော မီးခံဘဏ္ဍာတိုက်ခန်းတစ်ခု ပါဝင်ကာ ထိုဘဏ္ဍာတိုက်ခန်းမှတဆင့် ကားကို ဓာတ်လှေကားဖြင့် ထုတ်ယူရန် စီစဉ်ထားသည်။
ထို့အပြင် ထိုအထူးခန်းကို ငါးမန်းထားရှိသည့် ကန်တစ်ခုဖြင့် ဝန်းပတ်ထားသေးသည်။
(ဓာတ်ပုံ-James Bond mansion/ Omar Hakim)
အဆိုပါစံအိမ်ကို ဗိသုကာပညာရှင် Omar Hakim က Metaverse တွင် ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး ပြိုင်ကား ချစ်သူတို့အတွက် အိပ်မက်စံအိမ်ကြီးလည်း ဖြစ်နိုင်သည်။
စက်ဝိုင်းသဏ္ဍာန်စံအိမ်ပေါ်တွင် Zen Garden တစ်ခုရှိပြီး No Time To Die ဂျိမ်းစ်ဘွန်းရုပ်ရှင်ထဲမှ Poison Garden ကို စိတ်ကူးစိတ်သန်းယူကာ ဒီဇိုင်းဆွဲထားခြင်း ဖြစ်သည်။
ပြိုင်ကားထားသော အထူးခန်း ပတ်လည်တွင် စံအိမ်ကို ခြုံငုံဝန်းပတ်ဆောက်လုပ်ထားသည်။
ပြိုင်ကားထားရှိရာ အထူးခန်းမှာ ကား ၁၂ စင်းခန့် ထားရှိနိုင်သည်ဟု ဆိုသည်။
ငါးမန်းကန် ဝန်းပတ်ခြုံငုံထားသော ပြိုင်ကားထားခန်းကို စံအိမ်အလယ်တွင် ဆောက်လုပ်ထားရာ အိပ်ခန်း အပါအဝင် စံအိမ်တွင်း နေရာတိုင်းမှ တွေ့မြင်နိုင်သည်။
စံအိမ်ရှိရာသို့ မော်တော်ကား (သို့မဟုတ်) လှေဖြင့် သွားနိုင်သည်။
စံအိမ်တွင် ရဟတ်ယာဉ်ကွင်းလည်း ပါဝင်ရာ လေကြောင်းခရီးဖြင့်လည်း စံအိမ်ရှိရာသို့ ရောက်နိုင်သည်။
(ဓာတ်ပုံ-Omar Hakim)
(ဓာတ်ပုံ-Omar Hakim)
(ဓာတ်ပုံ-Omar Hakim)
စံအိမ်ရှိရာသို့ လှေဖြင့်လာမည်ဆိုပါက ကမ်းခြေသို့ရောက်လျှင် မှန်ကာ ဓာတ်လှေကားတစ်ခုက သင့်အား စံအိမ် ဧည့်ခန်းဆီသို့ ခေါ်ဆောင်ပေးမည် ဖြစ်သည်။
စံအိမ်အတွင်း ပင်လယ်ကို စီးမိုးတွေ့မြင်ရသော infinity pool နှင့် Zen garden တို့အပါအဝင် သင်မှန်းဆသည့် အရာအားလုံး ပါဝင်သည်။
Hakim က ဤစံအိမ်ကြီး၏ ဒီဇိုင်းကို follower 14.8k ရှိသော အင်စတာဂရမ်အကောင့်မှတဆင့် မျှဝေခဲ့ရာ Like ပေးသူ ၃၄၀၀ ကျော်ရှိပြီး မှတ်ချက်ပြုမှု ၃၆၀ ရှိသည်။
“Meraverse ရဲ့ ဘယ်နေရာမှာ ဒီစံအိမ်ကို ရှာကြည့်လို့ရမလဲ” ဟု တစ်ဦးက မှတ်ချက်ပြုသည်။
အခြားတစ်ဦးကမူ “ဒီအိမ်က ရောင်းဖို့လား” ဟု အရွှန်းဖောက်သည်။
“မယုံနိုင်အောင် လှလွန်းပါတယ်” ဟု အခြားတစ်ဦးက ဆိုသည်။
(ဓာတ်ပုံ-Omar Hakim)
Amazing Architecture ၏ ဖော်ပြချက်အရ Hakim သည် ဤစံအိမ်ကို ဒီဇိုင်းဆွဲရာတွင် Rhinoceros 3D, Grasshopper, Lumion, Adobe Photoshop နှင့် Blender tool များ အသုံးပြုခဲ့ကြောင်း ဖော်ပြသည်။
ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်တစ်ဦးအတွက် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သော်လည်း မည်သူ့အတွက်မဆို အိပ်မက်စံအိမ်ကြီးတစ်ခု ဖြစ်နိုင်ပါသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: This James Bond mansion has a supercar vault protected by a tank full of sharks (supercarblondie)
Photo Credit: Omar Hakim