- ပင်မစာမျက်နှာ
- ကားသတင်းများ
- နော်ဝေတွင် Tesla မှာ အရောင်းရဆုံးကားအဖြစ် ထိပ်ဆုံးတွင်ရပ်တည်
နော်ဝေတွင် Tesla မှာ အရောင်းရဆုံးကားအဖြစ် ထိပ်ဆုံးတွင်ရပ်တည်
- 271 views
နော်ဝေသည် လျှပ်စစ်ကားများသို့ ပြောင်းလဲမှုတွင် ကြီးမားသော အောင်မြင်မှုများ ရရှိနေသည်။
၂၀၂၃ ခုနှစ်အတွင်း နော်ဝေတွင် ရောင်းချခဲ့သော ကားသစ်များအားလုံး၏ ၈၂ ရာခိုင်နှုန်းမှာ လျှပ်စစ်ကားများ ဖြစ်ကြောင်း နော်ဝေ လမ်းအဖွဲ့ချုပ် (NRF) က ထုတ်ပြန်သည်။
နော်ဝေအစိုးရက လျှပ်စစ်ကားပိုင်ရှင်များအား ထောက်ပံ့ငွေများ ရက်ရောစွာ ပေးခြင်းအပြင် အားသွင်း အခြေခံအဆောက်အအုံများတွင် ကြီးမားစွာ ရင်းနှီးမြှုပ်နှံမှုများကြောင့် လျှပ်စစ်ကား ပြောင်းစီးကြသူ ပမာဏ မြင့်မားလာခြင်း ဖြစ်သည်။
နော်ဝေတွင် Tesla ၏ ရောင်းချရမှု ပမာဏမှာ ပြီးခဲ့သောနှစ်အတွင်း တကမ္ဘာလုံးသို့ ဖြန့်ချိခဲ့သော အစင်းရေ ၁ ဒသမ ၈ သန်း၏ အနည်းငယ် အစိတ်အပိုင်းမျှသာ ဖြစ်နိုင်သည်။
Tesla သည် နော်ဝေတွင် အစောပိုင်းကာလများကတည်းက ခြေချခဲ့ခြင်းဖြစ်ရာ လျှပ်စစ်ကား အကူးအပြောင်း အတွက် အရေးပါသော စံနမူနာ နေရာတစ်ခု ဖြစ်သည်။
ထို့ကြောင့် Tesla ၏ စီအီးအို Elon Musk က နော်ဝေသို့ အကြိမ်ကြိမ်သွားရောက်ခဲ့ပြီး နည်းပညာ အပြောင်းအလဲအတွက် နော်ဝေ၏ အားပေးထောက်ပံ့မှုအပေါ် ချီးကျူးခဲ့သည်။
နော်ဝေနိုင်ငံသားများသည် ၂၀၁၃ ခုနှစ်အတွင်း Tesla Model S ကို ဥရောပတွင် ပထမဆုံး ဝယ်ယူခွင့်ရရှိခဲ့ ကြသည်။
၂၀၁၄ ခုနှစ် ဧပြီလတွင် နော်ဝေ၌ Tesla ၏ Model S မှာ လစဉ်အရောင်းရဆုံးကားအဖြစ် စံချိန်တင်ခဲ့သည်။
ယနေ့အခါတွင် နော်ဝေ၌ အရောင်းရဆုံးမှာ Tesla ၏ Model Y ဖြစ်သည်။
ပြီးခဲ့သောနှစ်အတွင်း နော်ဝေရောင်းချခဲ့သော ကားအားလုံး၏ ၂၀ ရာခိုင်နှုန်းမှာ Tesla ဖြစ်ကြောင်း နော်ဝေ လမ်းအဖွဲ့ချုပ်က ထုတ်ပြန်သည်။
သို့သော် Toyota, Skoda,Volkswagen နှင့် BYD တို့အပါအဝင် လျှပ်စစ်ကား ထုတ်လုပ်သူတို့အကြား ပြိုင်ဆိုင်မှုအလွန်ပြင်းထန်လျက်ရှိရာ အနာဂတ်တွင် Tesla သည် နော်ဝေ၌ ဆက်လက်ဦးဆောင်နိုင်ခြင်း ရှိမရှိ စောင့်မျှော်ကြည့်ရှုရဦးမည် ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: How Tesla became the top-selling car company in Norway (CNBC)
Photo Credit: cnbc