ကားဈေးကွက်အတွင်း ရောင်းလိုအားများနေပြီး ဈေးခန့်မှန်းရန်ခက်ခဲနေ

  • 727 views

ရန်ကုန်ကားဈေးကွက်မှာ ICE ဟုခေါ်သော  လောင်စာဆီသုံးကားများကို ပြန်လည်ရောင်းချလိုသူများလာသော်လည်း ဈေးကျဆင်းခြင်းမရှိကြောင်းနှင့် ဈေးခန့်မှန်းရန်ခက်ခဲနေကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူတွေထံမှသိရသည်။

“အခုရက်ပိုင်းအတွင်းမှာဈေး အတက်အကျခန့်မှန်းလို့မရဘူး နယ်တွေမှာဆိုပိုဆိုးတယ်။ ကြိုက်ရောင်းကြိုက်ဝယ်လို့ပြောနေကြပေမယ့် တကယ်တန်းလိုက်ဝယ်ရင် ဈေးကအတက်ဈေးဘဲရှိတယ် ”ဟု မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုနှစ်ဆန်းပိုင်းတွင် နှစ်သောင်းတန် သတင်းကြောင့်  ICE ကားများသည်က ဈေးလှုပ်ခတ်ပြိး အရောင်းအဝယ်ပြန်ဖြစ်ခဲ့သော်လည်း လက်တလောတွင် အတက်ဈေး၌ရပ်ပြီး အရောင်းအဝယ်တည်ငြိမ်နေကြောင်းသိရသည် ။

ကားဈေးကွက်အတွင်း  ကုမ္ပဏီ ၈၃ ခုအထိ ကားတင်သွင်းခွင့်ပြုလိုက်ထားခြင်းကြောင့် EV ကား ဝယ်ရောင်းလည်း ဈေးကွက် တွင်ပုံမှန်ဈေးများဖြင့်ရောင်းချနေကြသည်။


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com