လုံခြုံရေးအဆင့်မြင့်မားမှုကြောင့် သူခိုးများ လက်ရှောင်ကြသော Tesla ထုတ် Model 3 နှင့် Model Y လျှပ်စစ်ကားများ

  • 224 views

 

 


အမေရိကန်ပြည်ထောင်စုတွင် ပြီးခဲ့သော တစ်နှစ်တာအတွင်းတွင်ပင် ခိုးယူခံရသော ကားပေါင်း ၁ သန်းကျော် ရှိနေကြောင်း ‘အဝေးပြေးလမ်းမ ပျောက်ဆုံးမှုအချက်အလက် အင်စတီကျူ’ (HLDI) မှ ထုတ်ပြန်သော ၂၀၂၀ မှ ၂၀၂၂ ခုနှစ်အထိ အချက်အလက်များတွင် ဖော်ပြသည်။

ကားပိုင်ရှင်များစွာမှာ ၎င်းတို့၏ ကားများ လုံခြုံရေးနှင့်စပ်လျဉ်း၍ ရတက်မအေးဖြစ်မှုများ မြင့်တက်နေချိန်တွင် ခိုးယူခံရမှု အနည်းဆုံး ကားများ၌ ထိပ်ဆုံးတွင် ရပ်တည်နေသည်မှာ Tesla ထုတ် Model 3 နှင့် Model Y EV များ ဖြစ်သည်။

Tesla ထုတ် Model 3 နှင့် Model Y EV များ ပိုင်ဆိုင်ထားသူတို့အတွက် သတင်းကောင်းများ 

 

(၁။ ခိုးယူခံရမှု အန္တရာယ်နည်းပါးခြင်း)

 

Tesla ထုတ် Model 3 နှင့် Model Y EV များသည် ခိုးယူခံရမှုအန္တရာယ် နည်းပါးသည်။

သူခိုးများက ဤကားများကို လက်ရှောင်လေ့ရှိကြသည်။

 

 


(၂။ လုံခြုံရေး Feature များ )

 

Tesla ထုတ်ကားများတွင် ကင်မရာများနှင့် ရီမုကွန်ထရိုးတို့ကဲ့သို့ လုံခြုံရေး feature များ ထည့်သွင်းထားသည်။

Game Changer ဖြစ်စေသည့်အချက်မှာ Sentry Mode ပါဝင်ခြင်းဖြစ်ပြီး တစုံတဦး ကားအနီးသို့ နီးကပ်စွာ ကပ်လာပါက ထိုစနစ်မှာ activate ဖြစ်လာသည်။

ကားရပ်ထားပြီး စက်ပိတ်ထားလျှင်ပင် အလိုအလျောက် activate ပြုလုပ်ပေးသည်။

ထိုစနစ်မှာ ကားထဲမှ ကင်မရာနှင့်လည်း ချိတ်ဆက်ထားသည်။

 


(၃။ ကားတွင်း ကင်မရာ)

 

ကားအတွင်းတွင် ကင်မရာတစ်ခုရှိပြီး သံသယဖြစ်ဖွယ် လှုပ်ရှားမှုများကို မှတ်တမ်းတင်ထားသည်။

ထိုကင်မရာမှ ရိုက်ကူးထားသော ဗွီဒီယိုမှတ်တမ်းကို ကားပိုင်ရှင်၏ ဖုန်းရှိ Tesla App မှတဆင့် ကြည့်ရှုနိုင်ပြီး ကားပိုင်ရှင်အနေဖြင့် ကားခိုးခံရပါက ထိုဗွီဒီယိုမှတ်တမ်းကို ရဲတပ်ဖွဲ့ထံ ပေးပို့နိုင်မည် ဖြစ်သည်။

 


(၄။ GPS ခြေရာခံစနစ်)

 

Tesla ၏ App တွင် GPS Function ပါဝင်ရာ ကားပိုင်ရှင်အနေဖြင့် ၎င်းတို့၏ ကားတည်နေရာကို ဖုန်း App မှတဆင့် ခြေရာခံနိုင်သည်။

(ခိုးယူခံရမှု နည်းပါးသော အခြားကားများ)

Volvo XC90, GMC Acadia, Tesla Model X, Volvo XC40, Tesla Model 3 (again), Chevrolet Trailblazer, Lexus UX 250 နှင့် Volvo XC60 

အကယ်၍ သင်၏ ကားသည် အထက်ပါစာရင်းတွင် မပါဝင်ပါက သင့်အနေဖြင့် ကားခိုးခံရမှု အန္တရာယ်မှ ကာကွယ်လိုသည် ဆိုလျှင်….

(ဉာဏ်ရှိရှိ ကားရပ်ပါ)

စောင့်ကြည့်ရေးကင်မရာများရှိသော နေရာမျိုးတွင် ကားရပ်နားပါ။

(လှုပ်ရှားမှု အာရုံခံစနစ်သုံး မီးလုံးများ အသုံးပြုပါ)

လှုပ်ရှားမှု အာရုံခံစနစ်သုံး မီးလုံးများ တပ်ဆင်ထားခြင်းမှာ ကားသူခိုးများကို အဟန့်အတား ဖြစ်စေနိုင်ပါသည်။

(စတီယာရင် lock သုံးရန် စဉ်းစားပါ)

စတီယာရင် lock တပ်ဆင်ထားခြင်းမှာလည်း လုံခြုံရေးအတွက် ပိုမိုအားကောင်းစေပါသည်။

 

အောက်ပါတို့မှာ HLDI က ထုတ်ပြန်ထားသော အမေရိက၏ ခိုးယူခံရမှု အနည်းပါးဆုံး ထိပ်တန်းကား (၁၀ ) စင်း စာရင်း ဖြစ်ပါသည်။

 


၁။ Tesla Model 3 4WD, Tesla Inc

၂။ Tesla Model Y 4WD, Tesla Inc

၃။ Volvo XC90 4WD, Volvo

၄။ GMC Arcadia 4WD, General Motors Company (NYSE: GM)

၅။ Tesla Model X 4WD, Tesla Inc

၆။ Volvo XC40 4WD, Volvo

၇။ Tesla Model 3, Tesla Inc

၈။ Chevrolet Trailblazer 4WD, General Motors Company

၉။ Lexus UX 250 hybrid 4WD, Toyota Motor Corporation (NYSE: TM)

၁၀။ Volvo XC60 4WD, Volvo

 


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref:  Tesla’s Model 3 and Model Y EVs Are at the Top of the Least Stolen Vehicles List (dynabeast)