SKD စနစ်ဖြင့် EV နှင့် E Bike များပြည်တွင်းမှာ ထုတ်လုပ်ရောင်းချ ရန် စီစဉ်နေ

  • 431 views

မြန်မာပြည်တွင်း၌ SKD စနစ်ဖြင့် EV နှင့် E Bike များထုတ်လုပ်ရောင်းချရန် ကုမ္ပဏီတစ်ခုမှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အားတင်ပြထားကြောင်း မြန်မာနိုင်ငံ မော်တော်ယာဥ် ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း MADP မှသိရသည်။

“ DICA ကိုအဆိုပြုစာတင်ထားတာပါ၊ ပါမစ်တော့မကျသေးဘူး ။ တကယ်လို့ နိုင်ငံတော်ကခွင့်ပြုချက်ရလာရင်တော့ ပြည်တွင်းမှာ EV နဲ့ E Bike ထုတ်လုပ်ရောင်းချမှာပေါ့၊ လက်တလောမှာ ပြည်ပကတင်သွင်းတဲ့အမှတ်တံဆိပ်တွေကဘဲဈေးကွက်ဝင်တယ်။ဒီမှာထုတ်တဲ့ EV ကား အများကြီး မရှိသေးဘူး”ဟု MADP ၏ အကြီးတန်းအရာရှိတစ်ဦးကပြောသည်။

ပြည်တွင်း၌ EV နှင့် E Bike များ တပ်ဆင်ထုတ်လုပ်ရောင်းချရန် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ကျပ်ဘီလီယံ သုံးဆယ်ခန့် ဖြင့် လည်ပတ်သွားမည်ဖြစ်သည်။

မြန်မာပြည်တွင်း၌ SKD စနစ်ဖြင့် EV နှင့် E Bike များထုတ်လုပ်ရောင်းချမည့်လုပ်ငန်း ၏နာမည်ကိုမကြာမီ တရားဝင်ထုတ်ပြန်သွားမည်ဖြစ်ပြီး အဆိုပါကုမ္ပဏီ မှလုပ်ငန်းလည်ပတ်နိုင်ပါက ပြည်တွင်း၌ EV SKD Company (၂)ခုနှင့် E Bike SKD Company (၂)ခု ပေါင်း (၄)ခုဖြစ်လာမည်။

EV နှင့် E Bike စက်ရုံများ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်လာသော်လည်း ကမ္ဘာကျော် EV နှင့် E Bike အမှတ်တံဆိပ်များ ဝင်‌ရောက်ခြင်းမရှိသေးကြောင်း သိရသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com