• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ၂၀၂၃ ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် ဝက်ဝက်ကွဲအောင်မြင်ခဲ့သော Barbie ရုပ်ရှင်အတိုင်း အမည်ပေးထားသော ကားနံပါတ်ပြားကို ပေါင် ၁ သန်းဖြင့် အရောင်းဈေးကွက်တင်ထား

၂၀၂၃ ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် ဝက်ဝက်ကွဲအောင်မြင်ခဲ့သော Barbie ရုပ်ရှင်အတိုင်း အမည်ပေးထားသော ကားနံပါတ်ပြားကို ပေါင် ၁ သန်းဖြင့် အရောင်းဈေးကွက်တင်ထား

  • 134 views


အော်စကာဆု ဆန်ခါတင် စာရင်းဝင် ရုပ်ရှင်ကားအတိုင်း နာမည်ပေးထားသော ကားနံပါတ်ပြားတစ်ခု ပေါင် ၁ သန်းဖြင့် အရောင်းဈေးကွက်ဝင်နေပြီး လက်ရှိအချိန်အထိ ဝယ်ယူရရှိနိုင်ဆဲ ဖြစ်သည်။

၂၀၂၄ ခုနှစ် အော်စကာဆုပေးပွဲတွင် Barbie ရုပ်ရှင်မှာ အော်စကာဆုများနှင့် လွဲခဲ့ရပြီး Oppenheimer ဇာတ်ကားမှာ ဆုအများဆုံး ဆွတ်ခူးသွားခဲ့သည်။

ရုပ်ရှင်ဝါသနာအိုးတစ်ဦးကမူ အလွန်နာမည်ကြီးနေသော Barbie ရုပ်ရှင်က ၎င်းအား သန်းကြွယ်သူဌေး တစ်ဦးဖြစ်လာအောင် ဆောင်ကြဉ်းပေးနိုင်မည်ဟု မျှော်လင့်နေသည်။

 

(ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော Barbie ရုပ်ရှင်ကားတွင် Margot Robbie ပါဝင်သရုပ်ဆောင်ခဲ့ပုံ။ ဓာတ်ပုံ-Alamy)

 

 

(ဤနံပါတ်ပြားကို Absolute Reg ဝက်ဘ်ဆိုက်မှတဆင့် ပေါင် ၁ သန်းကျော်ဖြင့် အရောင်းဈေးကွက်တင်ထားသည်)

 

 

ရုပ်ရှင်ချစ် ပရိသတ်တစ်ဦးက BAR 81E ဟူသော နံပါတ်ပြားကို အရောင်းဈေးကွက်တင်လာခြင်းဖြစ်ပြီး သူ၏ ခေါ်ဈေးအတိအကျမှာ ပေါင် ၁,၀၄၈,၂၀၅ ဖြစ်သည်။

ကားနံပါတ်လွှဲပြောင်းကြေး (DVLA fee) ပေါင် ၈၀ ပါဝင်ပြီးဖြစ်သည်ဟု ဆိုသည်။


(( မှတ်ချက်။ ဗြိတိန်တွင် ကားနံပါတ် လက်လွှဲလက်ပြောင်းလုပ်လျှင် ပေါင် ၈၀ ပေးရပြီး လွှဲပြောင်းမှု လုပ်ငန်းစဉ်အတွက် ကြာမြင့်ချိန်မှာ ရက်သတ္တ ၄ ပတ်မှ ၆ ပတ်ကြားဖြစ်သည်))

ဤနံပါတ်ပြားကို ၁၉၆၇ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်နောက်ပိုင်း မှတ်ပုံတင်ထားသည့် မည်သည့်ယာဉ်တွင်မဆို တပ်ဆင်အသုံးပြုနိုင်သည်။

ခေါ်ဈေးအတိုင်းသာ ရောင်းထွက်ခဲ့မည်ဆိုပါက ဗြိတိန်တွင် ဈေးအကြီးဆုံး ကားနံပါတ်ဖြစ်လာမည် ဖြစ်သည်။

Absolute Reg မှ Jake Smith က ပြောသည်မှာ “ဒီနံပါတ်ပြားဟာ Barbie ရုပ်ရှင်ကားပရိသတ်တွေအတွက် ပိုင်ဆိုင်ထားဖို့ အသင့်တော်ဆုံးပါပဲ။ ပန်းရောင် Corvette နဲ့ဆိုရင်တော့ သိပ်လိုက်ဖက်မှာပေါ့”ဟု ပြောသည်။

“ဒါပေမဲ့ ဒီရှားပါးနံပါတ်ပြား ပိုင်ဆိုင်ဖို့အတွက် ငွေတော့ အများကြီး သုံးရပါလိမ့်မယ်။”

The Barbie ရုပ်ရှင်ကို Greta Gerwig က ရိုက်ကူးပြီး Margot Robbie နှင့် Ryan Gosling တို့ ပါဝင်သရုပ်ဆောင်ထားသည်။

ထိုဇာတ်ကားသည် ၂၀၂၃ ခုနှစ်၏ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့ပြီး ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ဝင်ငွေရခဲ့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref: The £1MILLION number plate named after iconic Oscar-nominated film still available to buy (thesun)


Photo Credit:  Alamy