EV ကားသစ်တင်သွင်းမှုများတွင် လူစီးကုန်တင်ကားများပါဝင်လာ

  • 360 views

မြန်မာနိုင်ငံအတွင်း EV ကားတင်သွင်းမှုများကို ဆက်လက်ခွင့်ပြုနေရာ ကားအမျိုးစားမျိုးစုံဝင်ရောက်လျှက်ရှိပြီး လူစိးကုန်တင်ပစ်ကပ်ကားများ လည်းပါဝင်လာကြောင်း သိရသည်။

EVမော်တော်ယာဉ်များတင်သွင်းမှုကိုအခွန်ကင်းလွတ်ခွင့်ပြုထားရာ ဈေးကွက်အတွင်း မော်တော်ယာဉ်မျိုးစုံး တံဆိပ်အမျိုးအစားများ စွာဝင်ရောက်နေကြောင်းသိရသည်။

“တရုတ်ထုတ် EVကားမျိုးစုံ ဝင်‌ရောက်နေတယ်၊ မိုဘိုင်းဖုန်းတုန်းကလိုဘဲ၊တံဆိပ်မျိုးစုံပါတယ် ။ အခုဆိုလူစီး ကုန်တင်ပစ်ကပ် ကားတွေပါ တင်သွင်းလာတယ်။ ဘယ်ကားအမျိုးအစားက အရောင်းရဆုံးဆိုတာ သိဖို့တော့ အချိန်စောင့်ရမယ်”ဟု မြန်မာနိုင်ငံမော်တော်ယာဥ်တင်သွင်းထုတ်လုပ်သူများအသင်းမှ အကြီးတန်းအရာရှိတစ်ဦးကပြောသည်။

ပြည်တွင်းသို့ EV ကား မျိုးစုံတင်သွင်းရောင်းချနေရာ ယခင်နှစ်က သုံးဘီးယာဉ်များ၊ ဆိုင်ကယ်များကိုအဓိကတင်သွင်း ခဲ့ကြပြိး EVလူစိးအိမ်စီးကား နှစ်ထောင်ဝန်းကျင်သာ အများဆုံးတင်သွင်းထားသည်။

ယခုနှစ်တွင် EVကားတင်သွင်းခွင့်ရ ကုမ္ပဏီ ၈၀ ခန့်က အမှတ်တံဆိပ်မျိုးစုံတင်သွင်းရန် စီစဉ်နေကြောင်း EV ကားဈေးကွက်အတွင်းမှသိရသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com