- ပင်မစာမျက်နှာ
- ကားသတင်းများ
- အရှေ့အလယ်ပိုင်းဒေသသို့ အလုပ်သမားတစ်ဦးအဖြစ် သွားခဲ့ကာ ဆေးရုံပေါင်းများစွာပိုင်သည့် ဘီလျံနာသူဌေးကြီးဖြစ်လာသူ အိန္ဒိယနိုင်ငံသား ဒေါက်တာ ရာဘီလာနှင့် ၎င်းစီးသော မော်တော်ကားများ
အရှေ့အလယ်ပိုင်းဒေသသို့ အလုပ်သမားတစ်ဦးအဖြစ် သွားခဲ့ကာ ဆေးရုံပေါင်းများစွာပိုင်သည့် ဘီလျံနာသူဌေးကြီးဖြစ်လာသူ အိန္ဒိယနိုင်ငံသား ဒေါက်တာ ရာဘီလာနှင့် ၎င်းစီးသော မော်တော်ကားများ
- 871 views
ကမ္ဘာပေါ်တွင် လေးစားအားကျဖွယ် ဘဝဖြစ်ရပ်ဇာတ်ကြောင်းများစွာရှိသည်။
ဒေါက်တာကေတီ ရာဘီလာသည် နွမ်းပါးသောဘဝဖြင့် အိန္ဒိယမှ ထွက်ခွာသွားခဲ့ပြီး နှစ်ပေါင်းများစွာ ကြာသောအခါ ဘီလျံနာတစ်ဦး ဖြစ်လာခဲ့သည်။
ရာဘီလာသည် လူငယ်ဘဝတွင် အိန္ဒိယမှ ထွက်ခွာသွားပြီး အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့သည်။
သူသည် ပင်လယ်ကွေ့ဒေသသို့ အလုပ်သမားတစ်ဦးအဖြစ် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်ကိုင်ရန် ငွေကြေးအလုံအလောက် စုဆောင်းမိခဲ့သည်။
ယခုအခါ သူ၏ ကုမ္ပဏီမှာ အလွန်ကြီးမားသော လုပ်ငန်းတစ်ခု ဖြစ်နေပြီဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်းပေါင်း ၁၀၀၀၀ ကျော်ရှိသည်။
ရာဘီလာသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဆေးရုံအုပ်စုကြီးတစ်ခုဖြစ်သော Al Jazeera Shifa Group ၏ ပိုင်ရှင် ဖြစ်သည်။
သူ၏ ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်ပေါင်း ၇၀၀ ကျော်ရှိသည်။
ဒေါက်တာ ရာဘီလာသည် နာမည်ကျော် ပရဟိတသမားတစ်ဦးလည်း ဖြစ်ပြီး ကမ္ဘာ့ဆေးလောကတွင် နာမည်ကြီးပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။
ရာဘီလာသည် မိသားစု၏ စီးပွားရေးအခြေအနေကြောင့် စာသင်ခန်းကို ကျောခိုင်းခဲ့ရသော်လည်း ဆေးလောကအတွက် သူ၏ ဆောင်ကြဉ်းပေးမှုများကြောင့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ရရှိခဲ့ခြင်း ဖြစ်သည်။
အရှေ့အလယ်ပိုင်းတွင် အဓိကအခြေချနေထိုင်သော်လည်း အိန္ဒိယနိုင်ငံ၊ ကီရာလာတွင် ကြီးမားသော စံအိမ်ကြီးတစ်လုံးရှိပြီး မကြာသေးမီကမှ ဆောက်လုပ်ထားခြင်းဖြစ်သည်။
ဒေါက်တာကီရာလာသည် ကားဝါသနာပါသူတစ်ဦးဖြစ်ပြီး တန်ဖိုးကြီးမော်တော်ကားများစွာ ပိုင်ဆိုင်ထားသည်။
(Land Rover Range Rover)
ဒေါက်တာ ရာဘီလာတွင် Land Rover Range Rover တစ်စီးရှိပြီး ထိုကားဖြင့် မကြာခဏ တွေ့ရသည်။
High-end ဗားရှင်းဖြစ်ပြီး အိန္ဒိယဈေးကွက်တွင် ပေါက်ဈေး ရူပီး ၂ ဒသမ ၁၄ ကုဋေကျော်ရှိသည်။
(Rolls Royce Phantom II)
ဒေါက်တာ ရာဘီလာသည် Rolls Royce Phantom II အဖြူရောင်တစ်စီးပိုင်ဆိုင်ထားသည်။
6.8-litre V12 ဓာတ်ဆီအင်ဂျင်တပ်ဆင်ထားပြီး ရုန်းအား 453 Bhp ထွက်သည်။
ဈေးနှုန်းမှာ ရူပီး ၁၀ ကုဋေနီးပါးရှိသည်။
(Ferrari 458 Italia)
အိန္ဒိယတွင် Ferrari 458 Italia ကားပိုင်ဆိုင်ထားသူ လက်တစ်ဆုပ်စာမျှသာ ရှိသည်။
4.5-liter V8 အင်ဂျင်တပ်ဆင်ထားပြီး 562 BHP အားထွက်သည်။
စတင်ရောင်းချချိန်က ရူပီး ၃ ဒသမ ၅ ကုဋေ ဈေးပေါက်ခဲ့သည်။
(Bentley Flying Spur)
ဒေါက်တာ ရာဘီလာတွင် Bentley Flying Spur တစ်စီးရှိသည်။
6.0-liter W12 ဓာတ်ဆီအင်ဂျင်တပ်ဆင်ထားပြီး 600 BHP အားထွက်သည်။
စတင်ဈေးကွက်တင်ချိန်က ရူပီး ၂ ဒသမ ၅ ကုဋေ ဈေးပေါက်ခဲ့သည်။
(Porsche Cayenne)
ဒေါက်တာ ရာဘီလာ၏ Porsche Cayenne မှာ မည်သည့်အင်ဂျင်အမျိုးအစားဖြစ်သည်ကို အတိအကျ မသိရ ချေ။
ထိုကားများတွင် ပါဝါအကောင်းဆုံး ဓာတ်ဆီအင်ဂျင်မှာ 4.8 litre V8 အင်ဂျင်ဖြစ်ပြီး ဒီဇယ်အင်ဂျင်များအနက် အားအကောင်းဆုံးမှာ 4.2 litre V8 ဖြစ်သည်။
((ဒေါက်တာ ရာဘီလာပိုင်ဆိုင်ထားသော အခြားကားများ))
- Mercedes-Benz S-Class
- Mercedes-Benz GL-Class
- Nissan Patrol
- Rolls Royce Ghost
- Volkswagen Beetle
(Mercedes-Benz S-Class)
(Mercedes-Benz GL-Class)
(Nissan Patrol)
(Rolls Royce Ghost)
(Volkswagen Beetle)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: From a labourer to the owner of Rolls Royces & Ferraris: Inspiring story of an Indian (cartoq)
Photo Credit: cartoq