• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Nissan နှင့် Honda တို့က တရုတ်ပြည်တွင် တရုတ်ကားထုတ်လုပ်သူများနှင့် ယှဉ်ပြိုင်နိုင်ရန် ခက်ခဲလာ သောကြောင့် တရုတ်ပြည်တွင် ကားထုတ်လုပ်မှု ၃၀ ရာခိုင်နှုန်းကျော်အထိ လျှော့ချရန် စီစဉ်လာ

Nissan နှင့် Honda တို့က တရုတ်ပြည်တွင် တရုတ်ကားထုတ်လုပ်သူများနှင့် ယှဉ်ပြိုင်နိုင်ရန် ခက်ခဲလာ သောကြောင့် တရုတ်ပြည်တွင် ကားထုတ်လုပ်မှု ၃၀ ရာခိုင်နှုန်းကျော်အထိ လျှော့ချရန် စီစဉ်လာ

  • 196 views

ဂျပန် ကားထုတ်လုပ်သူများဖြစ်သော Nissan Motor နှင့် Honda Motor ကုမ္ပဏီတို့သည် တရုတ်ပြည်တွင် တရုတ်ကားထုတ်လုပ်သူများနှင့် လျှပ်စစ်ကားဈေးကွက်၌ ယှဉ်ပြိုင်နိုင်ရန် ခက်ခဲလာသောကြောင့် တရုတ်ပြည်တွင်း ကားထုတ်လုပ်မှုပမာဏကို လျှော့ချရန် စီစဉ်လာသည်။

Nissan သည် လာမည့်ရက်များအတွင်း တရုတ်ပြည်တွင်းမှ ဖက်စပ်လုပ်ကိုင်နေသော ကုမ္ပဏီနှင့် ဆွေးနွေး သွားမည်ဖြစ်ပြီး တရုတ်ပြည်တွင်း ကားထုတ်လုပ်မှုကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချရေး ဆွေးနွေးမည်ဟု ဆိုသည်။

ထိုပမာဏမှာ တစ်နှစ်လျှင် အစင်းရေ ၅၀၀၀၀၀ ခန့်နှင့် ညီမျှသည်။
လက်ရှိအားဖြင့် တရုတ်ပြည်ရှိ Nissan ၏ စက်ရုံများမှာ တစ်နှစ်လျှင် ကားအစင်းရေ ၁ ဒသမ ၆ သန်း ထုတ်လုပ်နိုင် စွမ်းရှိသည်။

Nissan သည် တရုတ်ပြည်တွင် စက်ရုံ ၈ ခုရှိရာ ဟူဘေးပြည်နယ်နှင့် ဟီနန်ပြည်နယ်တို့မှ စက်ရုံများ အပါအဝင် ဖြစ်သည်။

ထိုစက်ရုံများကို Nissan က တရုတ်ပြည်မှ Dongfeng Motor ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်ခြင်း ဖြစ်သည်။

Nissan ၏ တရုတ်ပြည်တွင်း ထုတ်လုပ်မှုမှာ ၂၀၂၃ ခုနှစ်တွင် ၂၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အစင်းရေ ၇၉၃,၀၀၀ သာ ထုတ်လုပ်ခဲ့သည်။

၁၄ နှစ်တာအတွင်း အစင်းရေ ၁ သန်းအောက် ထုတ်လုပ်မှုကျဆင်းခြင်း ပထမဆုံးအကြိမ် ဖြစ်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။

Honda ကလည်း တရုတ်ပြည်တွင်း ကားထုတ်လုပ်မှုကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချလိုပြီး အစင်းရေ ၁ ဒသမ ၂ သန်းခန့်သာ ထုတ်လုပ်လိုသည်။

Honda သည် တရုတ်ပြည်တွင်း ဖက်စပ်ကုမ္ပဏီများနှင့် ထိုအကြောင်းရပ်ကို ဆွေးနွေးလျက်ရှိပြီး အဓိက Supplier များကိုမူ ထုတ်လုပ်မှုလျှော့ချမည့်အကြောင်း အသိပေးထားပြီး ဖြစ်သည်။

Honda သည် တရုတ်ပြည်တွင် ကုမ္ပဏီ ၂ ခုနှင့် ဖက်စပ်လုပ်ကိုင်လျက်ရှိပြီး တစ်နှစ်လျှင် စုစုပေါင်း အစင်းရေ ၁ ဒသမ ၄၉ သန်း ထုတ်လုပ်နိုင်စွမ်း ရှိသည်။

ဖက်စပ်ကုမ္ပဏီတစ်ခုမှာ GAC Group ဖြစ်ပြီး အခြားတစ်ခုမှာ Dongfeng Motor Group ဖြစ်သည်။

Toyota သည် ၂၀၂၃ ခုနှစ်အတွင်း နှစ်အလိုက် ရောင်းအားနှိုင်းယှဉ်မှုတွင် ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အစင်းရေ ၁ ဒသမ ၉ သန်း ရောင်းချခဲ့ရသည်။
Toyota သည် တရုတ်ပြည်တွင် bZ4x နှင့် bZ3 တို့ကဲ့သို့ လျှပ်စစ်ကားများ ရောင်းချသည်။

တရုတ်ပြည်တွင် ၂၀၂၃ ခုနှစ်အတွင်း ကားသစ် အစင်းရေ ၂၅ သန်း ရောင်းချခဲ့ရရာ ကမ္ဘာပေါ်တွင် အကြီးမားဆုံး ကားဈေးကွက်လည်း ဖြစ်ကာ အမေရိကန်ထက် ရောင်းအား ၅၀ ရာခိုင်နှုန်း ပိုမိုများပြားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Nissan and Honda to cut China production as EV race heats up   (asia.nikkei)

 Photo Credit:  asia.nikkei