သင်္ကြန်ကာလ စင်းလုံးအငှါးကားဈေးကွက် ပြန်ဖြစ်နေ

  • 201 views

ရန်ကုန်သင်္ကြန်ကာလ မော်တော်ယာဉ်အငှါးလုပ်ငန်းများ စတင်လုပ်ကိုင်လာပြီး သင်္ကြန်လည်ပတ်ရန်ထက် နယ်ဝေးခရီးသွားရန် စင်းလုံးအငှါးကားလုပ်ငန်းများ အလုပ်ကိုင်ပြန်လည်ကောင်းမွန်နေကြောင်း သိရသည်။

“ အိမ်စီးကားလေးတွေရော၊ လိုက်ထရပ်ရော၊ အံစာတုံးကားရော အော်ဒါများနေတယ်။ လပေးငှါးတာရှိသလို ဆယ်ရက်အပြတ်နဲ့ငှါးတဲ့ ကားတွေလဲရှိပါတယ်။ အဓိက က နယ်ပြန်တဲ့သူတွေက လိုင်းကားမစီးချင်လို့ ကားစင်းလုံးငှါးပြီး နယ်ပြန်နေကြတယ်” ဟု ရန်ကုန်မြို့ လှည်းတန်းရှိ ကားအငှါးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

လက်တလော ကားအရောင်းအဝယ်နှင့် အငှါးကားဈေးကွက်များ ပြန်လည်ကောင်းမွန်နေသော်လည်း သင်္ကြန် လည်ရန် ကားငှါးမှုမှာ မရှိသေးကြောင်း သိရသည်။

ယခုနှစ်သင်္ကြန်ကာလကို စည်းကားစွာကျင်းပရန် သက်ဆိုင်ရာကစီစဉ်နေပြီး နေပြည်တော်နှင့်ရန်ကုန်တို့တွင် ကိုရီးယားပေါ့ပ်ဂီတ  K Pop အနုပညာရှင်များလာရောက် ဖျော်ဖြေမည်ဟု သတင်းထုတ်ပြန်ထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com