- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ထုတ် EV များ ပြည်တွင်းဈေးကွက်ဝေစု အများဆုံး ရရှိလာမည်
တရုတ်ထုတ် EV များ ပြည်တွင်းဈေးကွက်ဝေစု အများဆုံး ရရှိလာမည်
- 283 views
ကုမ္ပဏီ ၈၀ ကျော်ကို EV တင်သွင်းခွင့်ပြုထားခြင်းကြောင့် တရုတ်နိုင်ငံ၌ တပ်ဆင်ထုတ်လုပ်သော EV ကားအများစု ပြည်တွင်းကားဈေးကွက်အတွင်း အလုံးအရင်းဖြင့် ဝင်ရောက်လာနိုင်ကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။
“လက်ရှိ တိုးလာမယ့် EV Brand ကလည်း တရုတ် Brand ပဲ ဖြစ်မှာပေါ့။ တရုတ် Brand ဆိုပေမဲ့လည်း Quality Brand တွေလည်း ပါလာတဲ့အတွက် သုံးစွဲသူအတွက်တော့ ကောင်းတဲ့အချက်ပါပဲ”လို့ ဆိုပါတယ်။
နိုင်ငံအတွင်းကို တရုတ်နိုင်ငံထုတ် EV အမှတ်တံဆိပ်အတွင်း KIA နဲ့ Hyudai တို့လို့ ကိုရီးယားအမှတ်တံဆိပ်တွေလည်း အလုံးအရင်းနဲ့ ဝင်ရောက်လာချေရှိနေပါတယ်။
“အခြား Brand က ပါလာဖို့ စောင့်ရပါလိမ့်ဦးမယ်။ အခုလက်ရှိက China Brand ကို စုံအောင် ပါလာမှာပါ”ဟု မော်တော်ယာဥ်တင်သွင်းသူတစ်ဦးကပြောသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် အနီးကပ်ဆုံး အိမ်နီးချင်းနိုင်ငံဖြစ်နေခြင်း၊ EV ထုတ်လုပ်မှုမြင့်မားသည့် နိုင်ငံဖြစ်ခြင်း စသည့်အချက်များကြောင့် တရုတ်အမှတ်တံဆိပ် EV များသည် ပြည်တွင်းဈေးကွက်ဝေစု အများဆုံးရရှိလာနိုင်ကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) တာဝန်ရှိသူက သုံးသပ်ထားသည်။
ပြည်တွင်းဈေးကွက်အတွင်း EV အမျိုးအစား အများအပြားရှိနေပြီး ကျပ်သိန်း ၈၀၀ ကျော်မှ ကျပ်သိန်း ၂၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးအမျိုးမျိုး ရှိနေကြောင်းသိရသည်။
လက်ရှိအချိန်၌ EV ယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ လုပ်ကိုင်ရန် ကုမ္ပဏီ (၈၀) ကျော်ကို လုပ်ကိုင်ခွင့်ပြုပေးထားသော်လည်း အမှန်တကယ် လုပ်ငန်းလည်ပတ်နေသည့် ကုမ္ပဏီ (၃၀) ကျော်ခန့်သာရှိကြောင်း ဝါရင့်ကားဝယ်ရောင်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com