တရုတ်နိုင်ငံထုတ် EV မော်တော်ဆိုင်ကယ် အစီးရေ (၃၀၀) ကျော် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိလာ

  • 200 views

 

 

တရုတ်နိုင်ငံထုတ် Kenbo အမျိုးအစား EV မော်တော်ဆိုင်ကယ် အစီးရေ (၃၂၇) စီးဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကိုရောက်ရှိလာတယ်လို့ အကောက်ခွန်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ အဲဒီ EV ဆိုင်ကယ်တွေကို မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှာ ပူးပေါင်းစစ်ဆေးရေး အဖွဲ့စုံနဲ့ စစ်ဆေးခဲ့ပြီး သတ်မှတ်လုပ်ထုံးလုပ်နည်းတွေအတိုင်း ထုတ်ယူခွင့်ပြုခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

 

အဲဒီမော်တော်ဆိုင်ကယ်တွေဟာ အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်နဲ့ တင်သွင်းလာတာဖြစ်ပြီး အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားတာလည်း ဖြစ်ပါတယ်။ အခု အောက်တိုဘာလ အစပိုင်းမှာပဲ EV ဆိုင်ကယ်တွေ ဆက်တိုက်ဝင်ရောက်လာပြီး အစီးရေ ရာနဲ့ချီ တင်သွင်းနေတာလည်းဖြစ်ပါတယ်။

 

လက်ရှိ ပြည်တွင်းမှာ သုံးဘီး EV ယာဉ် အစီးရေ (၂၅၄) စီးနဲ့ နှစ်ဘီး EV ယာဉ် အစီးရေ (၂၂၀၀) စီး မှတ်ပုံတင်ထားတယ်လို့လည်း ကုန်လမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ EV ယာဉ်တင်တွင်းမှုကို Pilot Project ကာလသတ်မှတ်ပြီး ဆောင်ရွက်နေတာဟာ အခုဆိုရင် ၈ လနီးပါး ရှိပြီဖြစ်ပါတယ်။

 


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com