- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်အမျိုးသားတစ်ဦးက ဂန္ထဝင်ကားများစွာနှင့် မော်တော်ဆိုင်ကယ်များပါဝင်သော စွန့်ပစ်ခံ ကားစက်ရုံကြီးတစ်ခုကို ဝယ်ယူ
အမေရိကန်အမျိုးသားတစ်ဦးက ဂန္ထဝင်ကားများစွာနှင့် မော်တော်ဆိုင်ကယ်များပါဝင်သော စွန့်ပစ်ခံ ကားစက်ရုံကြီးတစ်ခုကို ဝယ်ယူ
- 318 views
အမေရိကန်ပြည်ထောင်စုရှိ ကားဝါသနာရှင်တစ်ဦးက ဂန္ထဝင်ကားများအပြည့်ရှိကာ ဆိုင်ကယ်ပေါင်း ၃၅ စင်းပါသော စွန့်ပစ်စက်ရုံကြီးတစ်ခုကို ဝယ်ယူလိုက်သည်။
စွန့်ပစ်စက်ရုံ၏ တည်နေရာမှာ အမေရိကန်ပြည်ထောင်စု ၊ မီချီဂန်ပြည်နယ်၊ ဒက်ထရွိုက်မြို့တွင် ဖြစ်ပြီး ဝယ်ယူလိုက်သူမှာ အင်ဒီ ဒီဒိုယိုဆီ ဖြစ်သည်။
၎င်းက ပြောသည်မှာ ယခုဝယ်ယူမှုသည် ၎င်း၏ဘဝတွင် အကောင်းဆုံး (သို့မဟုတ်) အဆိုးဆုံး ဘဏ္ဍာရေးဆုံးဖြတ်ချက် ဖြစ်နိုင်ကြောင်း ပြောသည်။
(မီချီဂန်ပြည်နယ် ဒက်ထရွိုက်မြို့၏ စွန့်ပစ်ထားသော ကားစက်ရုံကြီးတစ်ခုကို အင်ဒီ ဒီဒိုယိုဆီက ဝယ်ယူခဲ့သည်။ ဓာတ်ပုံ-YouTube)
(ဒီဒိုယိုဆီက သူ၏ကိုယ်ပိုင်ကားအမှတ်တံဆိပ် ထုတ်လုပ်ရန် စီစဉ်နေသည်။ ဓာတ်ပုံ-YouTube)
(စွန့်ပစ်ထားသော စက်ရုံအတွင်း ဂန္ထဝင်ကားများနှင့် မော်တော်ဆိုင်ကယ်များ ပြည့်နှက်နေသည်။ ဓာတ်ပုံ-YouTube)
စက်ရုံဝန်းအတွင်း အဆောက်အအုံ ၄ ခု ပါဝင်ရာ အလုပ်ရုံနေရာ ၂ ခု ၊ ရုံးခန်းများ ၊ ခေတ်ဟောင်း မော်တော်ယာဉ်များ သိုလှောင်ထားသော ကြီးမားသည့် ဂိုဒေါင်ကြီးတစ်ခုတို့ ပါဝင်သည်။
အင်ဒီ၏ ပြောကြားချက်အရ ယခုလုပ်ငန်းမှာ ၁၉၂၅ ခုနှစ်တွင် Link-Belt ကုမ္ပဏီက ထူထောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကုမ္ပဏီမှာ ယနေ့အခါတွင် စက်မှုလုပ်ငန်းသုံး ကရိန်းများ ထုတ်လုပ်နေကြောင်း ပြောသည်။
နောက်ပိုင်း ကုမ္ပဏီပြောင်းရွှေ့သွားချိန်တွင် စက်ရုံမှာ ခေတ်ဟောင်းကားများစွာနှင့်အတူ စွန့်ပစ်ထားခြင်း ခံခဲ့ရသည်။
ထိုစက်ရုံတွင် စွန့်ပစ်ထားသော ခေတ်ဟောင်း Dodge Charger မှာ ယနေ့အခါ ပေါင် ၃၀၀၀၀ ခန့် တန်ကြေးရှိသည်။
ထို့အပြင် မော်တော်ဆိုင်ကယ် ၃၅ စင်းခန့်လည်း အပြုံလိုက် တွေ့ရသည်။
YouTube တွင် အင်ဒီလွှင့်တင်ခဲ့သော ဗွီဒီယိုဖိုင်၌ လူအများ သဘောကျလျက်ရှိသည်မှာ ရဲတပ်ဖွဲ့သုံး Honda နှင့် ၁၉၉၀ ပြည့်လွန်ကာလများက Yamaha များ ဖြစ်သည်။
အဆိုပါယာဉ်တစ်စီးလျှင် ပေါင် ထောင်နှင့်ချီ တန်ကြေးရှိနိုင်ပြီး ယာဉ်အားလုံး၏ တန်ကြေးမှာ ပေါင် ၃၀၀၀၀၀ အထက် ရှိနိုင်သည်။
အင်ဒီက အဆိုပါယာဉ်များကို ရောင်းချမည့် လက္ခဏာမပြချေ။
အဆိုပါ စက်ရုံကို ဝယ်ယူပြီးနောက် အင်ဒီက ထုတ်လုပ်ရေးနေရာများကို ပြန်လည်ပြုပြင်ရန် စီစဉ်နေပြီး ကိုယ်ပိုင်ကားကုမ္ပဏီတစ်ခု တည်ထောင်ရန် အခြေစိုက်နေရာတစ်ခုအဖြစ် အသုံးပြုမည် ဖြစ်သည်။
“ဒီစက်ရုံကို ဖြိုချပစ်ပြီး အသစ်ပြန်ဆောက်တာက ကုန်ကျစရိတ် အများကြီး ပိုသက်သာပါလိမ့်မယ်။ အများစုကလည်း ဒီအတိုင်းပဲ လုပ်ကြတယ်”
“ဒါပေမယ့် ကျွန်တော်က ဒီနေရာကို ချစ်တယ်။ ကျွန်တော်က ဒီစက်ရုံဟောင်းတွေ ဝန်းကျင်မှာ ကြီးပြင်းခဲ့တာပါ။ ဒါကြောင့် စက်ရုံဟောင်းတစ်ခုကို ထိန်းသိမ်းလိုစိတ်ရှိခဲ့ပါတယ်”
(Dodge Charger တစ်စီးလည်းရှိပြီး ပေါင် ၃၀၀၀၀ ခန့် တန်ကြေးရှိသည်။ ဓာတ်ပုံ-YouTube)
(ရဲကား Honda cruiser တစ်စီးလည်းရှိသည်။ ဓာတ်ပုံ-YouTube)
(ကားများ၏ စုစုပေါင်းတန်ကြေးမှာ ပေါင် ၃၀၀၀၀၀ အထက်ရှိနိုင်သည်။ ဓာတ်ပုံ-YouTube)
(ကားစက်ရုံကို ၁၉၂၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-YouTube)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: I bought abandoned car factory full of classic muscle motors and 35 motorbikes – now I’m turning it into a dreamland (thesun)
Photo Credit: YouTube