- ပင်မစာမျက်နှာ
- ကားသတင်းများ
- ရေပေါ်တွင် ပေါ်နိုင်ခြင်းအပြင် ရှေ့ခန်းတွင် အလျား ၂၃ လက်မကျော်ရှိသည့် Display ပါသော မယုံနိုင်ဖွယ် အနာဂတ်ဆန်လှသောကား (သို့မဟုတ်) BYD ထုတ် high-end Yangwang U8
ရေပေါ်တွင် ပေါ်နိုင်ခြင်းအပြင် ရှေ့ခန်းတွင် အလျား ၂၃ လက်မကျော်ရှိသည့် Display ပါသော မယုံနိုင်ဖွယ် အနာဂတ်ဆန်လှသောကား (သို့မဟုတ်) BYD ထုတ် high-end Yangwang U8
- 290 views
ရေပေါ်တွင် ပေါ်နိုင်ပြီး တင်းမာနေသောကြွက်သားများ ပြေလျော့စေရန် နှိပ်နယ်ပေးသော လုပ်ဆောင်ချက် ပါသည့် မီးတောင်ချော်ကျောက်ဖြင့် ပြုလုပ်ထားသော ထိုင်ခုံပါသော ကားမျိုးမှာ အနာဂတ်ဆန်လှသော ကားပင် ဖြစ်သည်။
ကားမှာ လျှပ်စစ် Hybrid SUV အမျိုးအစားဖြစ်ပြီး ရနံ့မွှေးထုတ်လုပ်ပေးသောစနစ် ပါဝင်ကာ ကား၏ ရေခဲသေတ္တာမှာ ကားစက်ပိတ်ထားပြီးနောက် ၁၂ နာရီအထိ ဆက်လက်လည်ပတ်နိုင်သည်။
(BYD က Yangwang အမှတ်တံဆိပ်အောက်တွင် U8 Premium Edition ကို ချပြလာသည်။ ဓာတ်ပုံ-BYD)
(ကားခေါင်းခန်းတွင် ယာဉ်မောင်းနှင့် ရှေ့ခန်းတွင် လိုက်ပါသူတို့အတွက် ၂၃ ဒသမ ၆ လက်မထိ ရှည်လျား သော Display ပါဝင်သည်။ ဓာတ်ပုံ-BYD)
((ဒုတိယတန်းခုံ လက်တင်ဘောင်ပေါ်တွင်လည်း Display တစ်ခု ရှိသည်။))
((BYD Yangwang U8 Premium Edition ၏ အချက်အလက်များ))
ဈေးနှုန်း- ကန်ဒေါ်လာ ၁၅၄၀၀၀
မောင်းနိုင်သောခရီး-၁၀၀၀ ကီလိုမီတာ
မြင်းကောင်ရေ- ၁၂၀၀
အမြန်နှုန်းတင်နိုင်စွမ်း-၁၀၀ kmph ကို ၃ ဒသမ ၆ စက္ကန့်အတွင်း ရရှိနိုင်
Charging Rates- 100kW
ထူးခြားသော feature များ- Emergency flotation, tyre blowout stabilisation, all terrain tank turns
BYD ၏ Yangwang အမျိုးအစားအောက်မှ ထုတ်လုပ်သော U8 Premium Edition သည် Land Rover Defender နှင့် အပြင်ပန်း အတော်ဆင်သည်။
ဘီးမှာ လက်မ ၂၀ (သို့မဟုတ်) ၂၂ လက်မ ရှိမည်ဖြစ်ပြီး ဆီအငွေ့ပြန်မှု ကာကွယ်ပေးသော floating roof ၊ flush mounted တံခါးလက်ကိုင်၊ အဌဂံပုံ တာယာဖုံးအပိုတစ်ခုတို့ ပါဝင်သည်။
ယာဉ်မောင်းနှင့် ရှေ့ခန်းတွင် လိုက်ပါသူတို့အတွက် ၂၃ ဒသမ ၆ လက်မရှိသော display နှင့် ၁၂ ဒသမ ၈ လက်မ infotainment စနစ်တို့လည်း ရှိသည်။
ထို့အပြင် စပီကာ ၂၂ ခုပါသော audio system လည်း ထည့်သွင်းပေးထားသည်။
လျှပ်စစ်မော်တာ ၄ လုံးတပ်ဆင်ပေးထားပြီး စုစုပေါင်း အထွက်အား ၁၁၈၄ မြင်းကောင်ရေရှိကာ 100 kmph အမြန်နှုန်းကို ၃ ဒသမ ၆ စက္ကန့်အတွင်း ရရှိနိုင်သည်။
Off-road သွားလာလိုသူများအတွက် တမူထူးသော feature များပါဝင်ရာ Emergency flotation, tyre blowout stabilisation, all terrain tank turns တို့ ဖြစ်သည်။
Premium Edition မှာ လမ်းပေါ်ရေကြီးခြင်းနှင့် off-road နေရာများတွင် ရေအတားအဆီးများရှိနေခြင်းကဲ့သို့ ခက်ခဲသော အခြေအနေများတွင် ရေပေါ်၌ မိနစ် ၃၀ ခန့် ပေါ်နေနိုင်သည်။
ထို့အပြင် off-road မောင်းသူများအတွက် အခြား feature တစ်ခုမှာ ground clearance အတွက် နောက်ထပ် ၅ ဒသမ ၉ လက်မ ထပ်မံရရှိနိုင်သည့် suspension system ပါဝင်သည်။
BYD ထုတ် high-end ကားဖြစ်သော Yangwang U8 Premium Edition ကို ပြီးခဲ့သောနှစ်အတွင်းက စတင်ချပြခဲ့ပြီး ဈေးနှုန်း ယွမ်ငွေ ၁,၀၉၈,၀၀၀ (ပေါင် ၁၂၀၀၀၀) သတ်မှတ်ခဲ့သည်။
ကား၏ plug-in hybrid စနစ်ဖြင့် ကီလိုမီတာ ၁၀၀၀ ကျော် မောင်းနှင်နိုင်စွမ်းရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Incredible ‘car of the FUTURE’ which can FLOAT on water is unveiled – are you ready for a true all-weather drive? (the-sun)
Photo Credit: BYD