- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကမ္ဘာ့ဈေးအကြီးဆုံး ကားနံပါတ်ဖြစ်သော Dubai P7 ကားနံပါတ်ကို Rolls Royce ကားဖြင့် ဒူဘိုင်းတွင် တွေ့ရ
ကမ္ဘာ့ဈေးအကြီးဆုံး ကားနံပါတ်ဖြစ်သော Dubai P7 ကားနံပါတ်ကို Rolls Royce ကားဖြင့် ဒူဘိုင်းတွင် တွေ့ရ
- 526 views
လွန်ခဲ့သော ၁ နှစ်ခန့်က Mansory Rolls-Royce Cullinan တစ်စင်းကို ကမ္ဘာ့ဈေးအကြီးဆုံး ကားနံပါတ်ဖြင့် တွေ့ခဲ့ရဖူးသည်။
Dubai P7 ဟူသော ကားနံပါတ်ကို လေလံဆွဲသူတစ်ဦးက အာရပ်ငွေ ၅၅ သန်း (ကန်ဒေါ်လာ ၁၅ သန်း) ပေးကာ လေလံဆွဲခဲ့ရာ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး ကားနံပါတ် ဖြစ်လာခဲ့သည်။
ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး အတွက် ရည်ရွယ်သော လေလံပွဲဖြစ်သော်လည်း ကားနံပါတ်ပြားတစ်ခု အတွက် ကြောက်ခမန်းလိလိ မြင့်မားသော ဈေးနှုန်းဖြစ်ခဲ့သည်။
အဆိုပါ ကားနံပါတ်ကို မည်သည့်ကားတွင် အသုံးပြုမည်ဆိုခြင်းအား လူအများက စိတ်ဝင်တစား သိလိုကြသည်။
NVN Motorworks အမည်ရှိ အင်စတာဂရမ် စာမျက်နှာတစ်ခုတွင် လွှင့်တင်ခဲ့သော ဗွီဒီယိုဖိုင်က လူအများ သိလိုသော မေးခွန်းကို အဖြေပေးခဲ့သည်။
ထိုကားနံပါတ်ကို Mansory Edition Cullinan တွင် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
Mansory Linea D’ Oro ဟုလည်း ခေါ်သော အဆိုပါ ကားတစ်စင်းလုံးကို ၂၄ ကာရက် ရွှေပြားများဖြင့် မွမ်းမံထားပြီး အတွင်းပိုင်းတွင်လည်း ရွှေပြားများဖြင့် မွမ်းမံထားသည်။
အဆိုပါ Luxury SUV တွင် ၂၄ လက်မ Mansory FD15 alloy ဘီးများ တပ်ဆင်ထားသည်။
Twin-turbo 6.7-liter V12 အင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေအား ၅၆၃ ထွက်သည်။
Cullinan ၏ ပိုင်ရှင်က အခြားတန်ဖိုးကြီး ကားနံပါတ်တစ်ခု ဝယ်ယူရန် ဆုံးဖြတ်ခဲ့သည်။
နောက်ထပ် ဝယ်ယူခဲ့သော ကားနံပါတ်မှာ AA 8 ဖြစ်ပြီး ကန်ဒေါ်လာ ၉ ဒသမ ၅ သန်း ကျသင့်သည်ဟု ဆိုသည်။
ယခင်နံပါတ်အောက် များစွာ ဈေးနည်းသော်လည်း လော့စ်အိန်ဂျလိ (သို့မဟုတ်) နယူးယောက်မှ အချို့သော Penthouse ခန်းများထက်ပင် များပြားသော ဈေးနှုန်းဖြစ်သည်။
Mansory Cullinan သည်ပင်လျှင် ဈေးသက်သာသော ကားမဟုတ်။
သို့သော် ကားနံပါတ်ပြားများ သက်သက်အတွက်ပင်လျှင် ဒေါ်လာ ၂၅ သန်းခန့် သုံးစွဲနိုင်သူတစ်ဦးအတွက် ကားဈေးနှုန်းမှာ မှုလောက်စရာ မဟုတ်ချေ။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: One of the most expensive license plates in the world spotted in Dubai on Rolls Royce (supercarblondie)
Photo Credit: supercarblondie