- ပင်မစာမျက်နှာ
- ကားသတင်းများ
- စပါးအသင်း၏ အိမ်ကွင်းအနီး စတုရန်းပေ ၄၅၀၀၀ ကျယ်ဝန်းသော ဂိုဒေါင်ထဲတွင် စုဆောင်းထားသော ဂန္ထဝင်ကားပေါင်း ၁၇၄ စင်းကို ရောင်းချမည်
စပါးအသင်း၏ အိမ်ကွင်းအနီး စတုရန်းပေ ၄၅၀၀၀ ကျယ်ဝန်းသော ဂိုဒေါင်ထဲတွင် စုဆောင်းထားသော ဂန္ထဝင်ကားပေါင်း ၁၇၄ စင်းကို ရောင်းချမည်
- 205 views
ကားဝါသနာအိုးတစ်ဦးက ၁၉၄၀ ပြည့်လွန်ကာလများတွင် ထုတ်လုပ်ခဲ့သော စွန့်ပစ်ကားများကို ပေါင် ၁ သန်း ဖြင့် ရောင်းမည်ဖြစ်ကြောင်း The Sun သတင်းဌာနသို့ ထုတ်ပြောလာသည်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက လွန်ခဲ့သော ဆယ်စုနှစ်အတွင်း လန်ဒန်မြောက်ပိုင်းရှိ စတုရန်းပေ ၄၅၀၀၀ ကျယ်ဝန်းသော ဂိုဒေါင်တစ်လုံးတွင် စုဆောင်းထားခဲ့သော ကားများ ဖြစ်သည်။
ထိုလုပ်ငန်းရှင် စုဆောင်းထားသည့် ထူးခြားသော ကားပေါင်း ၁၇၄ စင်းကို ရောင်းချရစေရန် ၂၀၂၁ ခုနှစ် အတွင်း အသက် ၃၅ နှစ်အရွယ်ရှိ ဖရက်ဒီ ဖီဇင် (Freddie Fison) က ကူညီဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။
(လန်ဒန်မြောက်ပိုင်း တော့တန်ဟမ်အရပ်မှ ဂိုဒေါင်တစ်လုံးရှိ အသုံးမပြုတော့သောကားပေါင်း ၁၇၄ စင်းကို ၂၀၂၁ ခုနှစ်အတွင်းက တွေ့ခဲ့ရပုံ။ ဓာတ်ပုံ-Instagram/@londonbarnfinds)
(အချို့ကားများမှာ ၁၉၄၀ ပြည့်လွန်ကာလများက ထုတ်လုပ်ခဲ့သော ကားများဖြစ်သည်။ ဓာတ်ပုံ-Instagram/@londonbarnfinds)
(အချို့သောကားများတွင် နံပါတ်ပြားများမရှိ၊ အချို့တွင် စာရွက်စာတမ်းများမရှိ။ ကားများစွာမှာ ဖုန်အလိမ်းလိမ်း ဖြစ်နေပြီ ဖြစ်သည်။ ဓာတ်ပုံ-Instagram/@londonbarnfinds)
ထိုကားများသည် ရည်ညွှန်းဈေးနှုန်း အမျိုးမျိုးရှိနေရာ ၁၉၆၀ ပြည့်နှစ်ထုတ် MG MGA အတွက် ပေါင် ၂၅၀၀၀ ခန့် သုံးစွဲရမည်ဖြစ်သည်။
အခြားကားများအနေဖြင့် ၁၉၇၅ ခုနှစ်ထုတ် Mercedes 350SL ကို ပေါင် ၁၈၀၀၀ ၊ ၁၉၈၉ ခုနှစ်ထုတ် BMW 635CSL ကို ပေါင် ၁၆၀၀၀ ရည်ညွှန်းဈေး သတ်မှတ်ထားသည်။
ထို့အပြင် ၁၉၇၃ ခုနှစ်ထုတ် Porsche 911၊ ၁၉၈၃ ခုနှစ်ထုတ် Mercedes 280SL နှင့် Mercedes 380SL တို့ကို တစ်စီးလျှင် ပေါင် ၁၅၀၀၀ သတ်မှတ်ထားသည်။
ဖရက်ဒီ၏ မိတ်ဆွေ လုပ်ငန်းရှင်က ဖရက်ဒီ၏ အကူအညီဖြင့် ရောင်းချရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
“ဒါက ဒေသတွင်း လုပ်ငန်းရှင်တစ်ယောက် ကိုယ်ပိုင်စုဆောင်းထားတဲ့ ကားတွေ ဖြစ်ပါတယ်”ဟု ဖရက်ဒီက Mail Online သတင်းဌာနသို့ ပြောသည်။
“သူက သူ့ကားတွေကို ချစ်တယ်။ ထပ်ထပ်ပြီး ဆက်တိုက်ဝယ်ယူနေခဲ့တယ်။ အဲဒီကားတွေကို မြို့ကောင်စီက ပိုင်တဲ့ ဂိုဒေါင်ထဲမှာ ထားရှိတာ ဖြစ်ပါတယ်။ အခုအခါ မြို့ကောင်စီက အဲဒီနေရာကို ပြန်လည် ဆောက်လုပ်မှု တွေ ပြုလုပ်မှာ ဖြစ်တာကြောင့် စတုရန်းပေ ၄၅၀၀၀ ကျယ်ဝန်းသည့် ဂိုဒေါင်တစ်ခုလုံး ပြန်လိုချင်တယ်လို့ ပြောပါတယ်။”
“ကားတွေထားတဲ့ လန်ဒန်မြို့မှာ ဒီလောက်ကျယ်ဝန်းတဲ့ နေရာမျိုး ထပ်ရဖို့ မဖြစ်နိုင်ပါဘူး။”
ဈေးနှုန်းသင့်တော်သော ကားများအနေဖြင့် ၁၉၇၁ ခုနှစ်ထုတ်Triumph Spitfire Mk4 ၊ ၁၉၇၃ ခုနှစ်ထုတ် MG MGB ၊ ၁၉၈၉ ခုနှစ်ထုတ် Nissan 300ZX နှင့် ၁၉၈၆ ခုနှစ်ထုတ် Mercedes 300SE တို့ကို တစ်စီးလျှင် ပေါင် ၈၀၀၀ ဖြင့် ရရှိနိုင်သည်။
ဈေးအနည်းဆုံးအနေဖြင့် Citroen Berlingo ကို ပေါင် ၁၀၀ ခန့်ဖြင့် ရရှိမည် ဖြစ်သည်။
ယခုကားများအနက် သက်တမ်းအရင့်ဆုံးမှာ ၁၉၄၈ ခုနှစ်ထုတ် MG ဖြစ်သည်။
(အချို့သော ကားများမှာ ဖုန်အလိမ်းလိမ်းဖြစ်နေပြီး ငှက်ချေးများလည်း တွေ့ရသည်။ ဓာတ်ပုံ-Instagram/ @londonbarnfinds)
(၁၉၇၃ ခုနှစ်ထုတ် Porsche 911 2687cc 2DR Coupe Manual မှာ ရည်ညွှန်းဈေး ပေါင် ၁၅၀၀၀ ဖြစ်သည်။ ဓာတ်ပုံ-Instagram/@londonbarnfinds)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: How driving fanatic’s 170 dust-covered classic cars worth £1million ALL ended up in grimy
warehouse near Spurs stadium (thesun)
Photo Credit: Instagram/@londonbarnfinds