• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • တရုတ်ပြည်တွင် စီးပွားရေးလုပ်ငန်းသုံး ပီဇာမုန့်ဖိုကြီးတစ်ခု ဝန်ချီစက်ဖြင့် သယ်ယူရာတွင် ဒေါ်လာ ၃၀၀,၀၀၀ တန် Ferrari F8 Tributo ပြိုင်ကားပေါ်သို့ ပြုတ်ကျ

တရုတ်ပြည်တွင် စီးပွားရေးလုပ်ငန်းသုံး ပီဇာမုန့်ဖိုကြီးတစ်ခု ဝန်ချီစက်ဖြင့် သယ်ယူရာတွင် ဒေါ်လာ ၃၀၀,၀၀၀ တန် Ferrari F8 Tributo ပြိုင်ကားပေါ်သို့ ပြုတ်ကျ

  • 344 views

တန်ဖိုးကြီး မော်တော်ကားများ၏ ထူးခြားဆန်းကြယ်သော ကံမကောင်းသည့် ထိခိုက်မှုများကို ကျွန်ုပ်တို့ တွေ့ဖူးကြသည်။

သို့သော် ပီဇာမုန့်ဖိုကြီးတစ်ခု Ferrari ပေါ်သို့ ပြုတ်ကျသည့်ဖြစ်ရပ်မှာမူ ပထမဆုံး တွေ့ဖူးကြခြင်း ဖြစ်သည်။

အဆိုပါဖြစ်ရပ်မှာ တရုတ်ပြည်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဝန်ချီစက်ဖြင့် သယ်ယူနေသော စီးပွားရေးလုပ်ငန်းသုံး ပီဇာမုန့်ဖိုကြီးမှာ လမ်းဘေးတွင် ရပ်နားထားသော Ferrari F8 Tributo ပြိုင်ကား၏ ဘောနက်ပေါ်သို့ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်သည့် ဓာတ်ပုံများစွာနှင့် ဗွီဒီယိုအတိုတစ်ခုမှာ တရုတ်ပြည်တွင်းသုံး လူမှုကွန်ရက် ဖြစ်သော Weibo တွင် ပျံ့နှံ့ဂယက်ရိုက်ခဲ့သည်။

ယင်းနောက် တွစ်တာတွင် ပျံ့နှံ့ခဲ့ပြန်သည်။

အဆိုပါ မတော်တဆမှုနှင့် စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များ မသိရချေ။

ဝန်ချီစက်မောင်းသူသည် ပီဇာမုန့်ဖိုကြီးကို သယ်ယူရာတွင် ဟန်ချက်မထိန်းနိုင်ဘဲ ရပ်နားထားသော Ferrari F8 Tributo ပေါ်သို့ ပြုတ်ကျသွားခြင်းဖြစ်သည်ဟု ယူဆရသည်။

ဓာတ်ပုံများနှင့် ၆ စက္ကန့်ကြာသော ဗွီဒီယိုသာ ကြည့်ရှုရရာ Ferrari F8 Tributo မည်မျှ ထိခိုက်သွားသည်ကို ခန့်မှန်းနိုင်ရန် ခက်ခဲသည်။

ဈေးနှုန်းများ ကန်ဒေါ်လာ ၂၈၀,၀၀၀ မှ စသော Ferrari F8 Tributo အတွက် ပြင်ဆင်စရိတ် အလွန်များပြားစွာ ကုန်ကျသည်မှာ သံသယဖြစ်ဖွယ် မရှိချေ။

 

 

သို့သော် အင်ဂျင်မှာ ထိုင်ခုံများ၏ နောက်တွင် တည်ရှိသောကြောင့် စက်ပိုင်း ထိခိုက်မှု ရှိပုံမရ။

ဓာတ်ပုံနှင့် ဗွီဒီယိုတို့တွင် တွေ့မြင်ရမှုအရ ဝန်ချီစက်မောင်းသူမှာ တုန်လှုပ်စွာဖြင့် ထိုင်နေဆဲ ဖြစ်သည်ကို တွေ့ရပြီး စိုးရိမ်ပူပန်မှု ကြီးမားစွာ ဖိစီးနေဖွယ်လည်း ရှိသည်။

ဝန်ချီစက်မောင်းသူ မည်သို့သော အခြေအနေ ရင်ဆိုင်ရသည်ကို မသိရချေ။

ပီဇာမုန့်ဖို ပြုတ်ကျခဲ့ရခြင်း၏ အကြောင်းရင်းများစွာကို လူမှုကွန်ရက်သုံးစွဲသူတို့က ခန့်မှန်းကြသည်။

အချို့က ထောက်ပြသည်မှာ မြေပြင်မညီညာခြင်းနှင့် ဝန်ချီစက်တွင်သုံးသော လေအိတ်များကြောင့် ဖြစ်ကြောင်း ပြောကြသည်။

Ferrari F8 Tributo သည် Twin-turbo 3.9-liter V8 အင်ဂျင်တပ်ဆင်ထားပြီး ဆွဲအား 710 hp ရှိကာ ရုန်းအား 568 lb-ft ရှိသည်။

သို့သော် အားနည်းချက်မှာ ခေတ်သစ် Ferrari အများစုနည်းတူ gated manual မသုံးဘဲ automatic transmission သာ အသုံးပြုထားခြင်းဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Someone Dropped An Oven On A Ferrari F8 Tributo (autos)

Photo Credit:  Image Via Twitter/X